Friday , September 22 2017
Home / သတင်း / နိုင်ငံရေးသတင်း / အဆိုတွေကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပြောကြား

အဆိုတွေကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပြောကြား

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ ဇွန် ၂၈ ရက်။

အဆိုများကို သေချာလေ့လာပြီးမှ ထိထိမိမိဆွေးနွေးကြရန် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား ပြော ကြားခဲ့သည်။

“နောက်ဆို အဆိုတစ်ခုတင်လာရင် ဒီအဆိုပေါ်မှာ အဆိုရဲ့ရည်ရွယ်ချက်က ဘာလဲ၊ အဓိကထားပြီးတော့ ထိထိ မိမိဆွေးနွေးစေချင်ပါတယ်။ အဓိကကတော့ ဆေးရွက်ကြီးကြောင့် ဒီလိုရောဂါတွေရလို့ ဒီလိုဥပဒေတွေ ပြဌာန်း ထားတာ။ ဆေးရွက်ကြီးကြောင့် ဘယ်လိုရောဂါတွေရတယ်ဆိုတာကတော့ ပြောတော့ပြောသင့်တာပေါ့။ အဓိ ကကတော့ ဥပဒေမလိုက်နာတာကို လိုက်နာအောင် အာဏာပိုင်ဖက်ကလည်း ဒါကို ထိထိရောက်ရောက်အရေး ယူမယ်။ ဒါကို အဓိကထားဆွေးနွေးစေချင်ပါတယ်။”ဟု အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်  တင်သွင်းသော ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်းကို ထိန်းချုပ်ရန် ဥပဒေပြဌာန်းပြီးသော်လည်း ပြည် သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဖက်က ကြီးကြပ်အရေးယူခြင်း မရှိသလောက်နည်းနေသဖြင့် အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥက္ကဌကြီးကပြောတာက ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ဘယ်လိုရောဂါတွေရနေတယ်။ ဥပဒေအားနည်းနေ တာတွေ ပြောနေတာကြောင့် ဒီအဆိုရဲ့ရည်ရွယ်ချက် အဓိကကို၊ အနှစ်သာရကို ပိုမိုပေါ်လွင်အောင်၊ ဆွေးနွေး စေလိုတာကြောင့် ပြောတာဖြစ်ပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောသည်။

လွှတ်တော်တွင် အဆိုများကို ဆွေးနွေးမည်ဆိုပါက သေချာလေ့လာပြီးမှ ဆွေးနွေးစေလိုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

Check Also

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပါက လုပ်ချင်သလိုလုပ်ပါဟု ခွင့်ပြုလိုက်သလို ဖြစ်သွားနိုင်

  ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ သြဂုတ် ၁၁ ရက်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပါက လုပ်ချင်သလိုလုပ်ပါဟု ခွင့်ပြုလိုက်သလို ဖြစ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဌ …