Saturday , May 27 2017
Home / FNews / လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ မေ ၂၄ ရက်။

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မည် မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ရှိ MICC -2 ၌ မေ ၂၄ ရက်တွင်ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့နေရာမှာ NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံဟာ အခိုင်အမာ သဘောတူပြဋ္ဌာန်းထားပြီး တိကျစွာလျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ထွက်ရပ်လမ်းပဲဖြစ်ပါတယ်။ လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အ ပြန်အလှန်ယုံကြည်မှုရှိရန်အရေးကြီးပြီး ယင်းယုံကြည်မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မှုအတွက် ကြီး မားသည့် တွန်းအားတစ်ရပ်လည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

“NCA မှာ အဲဒီယုံကြည်မှုတွေကို ဖော်ဆောင်နိုင်တဲ့ နိုင်ငံရေးအာမခံချက်၊ တိုင်းရင်းသားရေး အာမခံချက်၊ ဘာ သာရေး အာမခံချက်၊ လုံခြုံရေးအရ အာမခံချက်တွေပါဝင်သလို ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိ နှိုင်းအဖြေရှာရေးလမ်းစဉ်ကိုလည်း ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ ယုံကြည်မှုရဲ့ဆန့်ကျင်ဘက်က တော့ စိုးရိမ်ပူပန်မှုဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ ကြီးမားတဲ့ဟန့်တားနှောင့်ယှက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်နေရသောကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရန် လက်နက်ကိုင်ပဋိပက္ခများ မဖြစ်မနေ ချုပ်ငြိမ်းရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …