Saturday , May 27 2017
Home / FNews / မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အခြားပဋိပက္ခဖြစ်နေသည့် နိုင်ငံများအတွက်ပါ သင်ခန်းစာဖြစ်နေခြင်းကြောင့် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အခြားပဋိပက္ခဖြစ်နေသည့် နိုင်ငံများအတွက်ပါ သင်ခန်းစာဖြစ်နေခြင်းကြောင့် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေ

ဝေဖြိုး(မြစ်မခ)

နေပြည်တော်၊ မေ (၁၂)ရက်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အခြားပဋိပက္ခဖြစ်နေသည့် နိုင်ငံများအတွက်ပါ သင်ခန်းစာဖြစ်နေခြင်းကြောင့် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မေ(၁၂)ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ပြောဆို ခြင်းဖြစ်သည်။

“အခုဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးတာ ကျန်မတို့ ကြိုးပမ်းခဲ့တာ(၁)နှစ်ကျော် ခဲ့ပါပီ(၁)နှစ်ကျော် တဲ့ကာလအတွင်းမှာ အနှိမ့်အမြင့် ရှေ့တိုးနောက်ဆုတ်  ဒါတွေကတော့ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ ဘယ်လိုပဲပြော ပြော အားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင် တိုးတက်မှုရှိတယ်လို့ ယူဆမိပါတယ်။ ကျန်မတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကို တစ်ကမ္ဘာလုံးကလည်းစိတ်ဝင်စား ရှိနေပါတယ်။ ဘာဖြစ်လို့ စိတ်ဝင်စားလည်းဆိုရင် ကျွန်မတို့ နိုင်ငံအတွက်မဟုတ်ဘူး။ အခြားပဋိက္ခဖြစ်နေတဲ့ နိုင်ငံတွေအတွက်လည်း အရေးကြီးတဲ့သင်ခန်းစာတွေ ရနိုင်တဲ့ အပြင် ကျန်မတို့အောင်မြင့်မှုဟာ ကျန်မနိုင်ငံအတွက် အောင်မြင်မှုမျိုးအဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက် ငြိမ်း ချမ်းရေးဖြစ်စဉ်တွေ အောင်မြင်ဖို့သတ်မှတ်တဲ့  ပုဂ္ဂိုလ်တွေလည်းတွေလည်းရှိပါတယ်။” ဟု နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NCA တွင် သဘောတူညီထားသည့် အတိုင်း ဆွေးနွေးအဖြေရှာမည်ဆိုပါက ငြိမ်းချမ်းရေးရရှိနိုင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကဆိုသည်။

“ကျွန်တော်တို့ရဲ့ NCA မှာ သဘောတူညီထားတဲ့အတိုင်း ဆွေးနွေးအဖြေရှာမယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်း ရေးကို ရရှိသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအဖြေရရှိသွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် မူလကတည်းက သဘောထားရှိတဲ့ အားလုံးပါဝင်ပြီးတော့ အားလုံးပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို တည်ဆောက်သွားဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ အားလုံးကလည်း ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောင်ရမယ်။ အတူတကွလည်း ကာကွယ်ရမယ်။ အတူတကွလည်း ထိန်းသိမ်းရမယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အထူးသဖြင့် ရှိထားတဲ့ အမြင်သဘောထားမတူညီမှုကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး မှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို မေ (၂၄) ရက်တွင် ကျင်းပမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများ အကျိုးတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …