Saturday , May 27 2017
Home / FNews / ရခိုင်အမျိုးသားနေ့အား တရားဝင်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တောင်းဆို

ရခိုင်အမျိုးသားနေ့အား တရားဝင်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် တောင်းဆို

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ မေ (၁၂) ရက်။

ရခိုင်အမျိုးသားနေ့အား တရားဝင်သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

“နိုင်ငံတော်အစိုးရကိုပြောချင်တာကတော့ ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်အလိုက် တရားဝင်ရုံးပိတ်ရက် ပေးရင်လည်းပေး၊ ဒါမှမဟုတ် ရခိုင်အမျိုးသားနေ့ကိုသတ်မှတ်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။”ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလူမျိုးရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော (၄)ကြိမ်မြောက်ရခိုင်အမျိုးသားနေ့ကို မေ ၁၁ ရက်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံကြီးတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲများ၊ ရခိုင်ရိုး ရာအစားအစာများနှင့် ဒေသထွက်ပစ္စည်းရောင်းချခြင်းများ၊ စာပေဟောပြောပွဲများနှင့် စတိတ်ရှိုးပွဲများကို ကျင်းပ ခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသားလူမျိုးကြီး(၈)မျိုးထဲမှာ ရခိုင်ကလည်း လူမျိုးကြီးတစ်ခုအနေနဲ့ ပါပါတယ်။ ရခိုင်လူမျိုးတွေရဲ့ အမျိုးသားနေ့ကို အသိအမှတ်ပြုပေးလိုက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ ပိုပြီးခိုင်မာသွားမယ်။ အသိ အမှတ်မပြုဘဲ လစ်လျှူရှုထားမယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ဘတ်ထဲမှာ ဆူးတစ်ဆူးဝင်နေသလို ခွဲခြား ဆက်ဆံခံနေရသလား။ နှိမ့်နေသလားလို့ထင်သွားရင် ငြိမ်းချမ်းရေးဆိုတာ အောင်မြင်နိုင်မှာမဟုတ်ပါဘူး”ဟု ဦးဇော်အေးမောင်ကဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းပေါင်းစုံမှ ၂၀၁၄ ခုနှစ်တွင် ကျောက်ဖြူ၌ ညီလာခံ ကျင်းပခဲ့ပြီး၊ ညီလာခံမှ ဘုံသဘောတူညီချက်ဖြင့် ရခိုင်အမျိုးသားနေ့ အဖြစ် ကဆုန်လပြည့်ကျော်(၁)ရက်နေ့အားသတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူညီလာခံပြီးသည့်နောက် နိုင်ငံတော်အစိုးရအား စာပေးပို့တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။

“ကျောက်ဖြူညီလာခံကို ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့ပါတယ်။ ရခိုင်နိုင်ငံရေးပါတီ၊ လူမူရေးအဖွဲ့တွေနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေက ပြုလုပ်ခဲ့တာပါ။ ညီလာခံမှာ ရခိုင်အမျိုးသားနေ့ကို မဟာမြတ်မုနိဘုရား သွန်းလုပ်ပြီး စီးတဲ့နေ့ဖြစ်တဲ့ ကဆုန်လပြည့်ကျော်(၁)ရက်နေ့အဖြစ် ဘုံသဘောတူညီခဲ့ပါတယ်”ဟု ရခိုင်အမျိုးသားနေ့ ပွဲစီစဉ်သူ ဦးစိန်လှိုင်ကပြောသည်။

ရခိုင်အမျိုးသားနေ့တွင် ရခိုင်ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း၊ ရခိုင်ဒေသလိုအပ်ချက်၊ စီးပွားရေး၊ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းရေး အစရှိသည်များကို တက်ရောက်လာသည့်ရခိုင်လူမျိုးများအား ဖော်ထုတ်ပြသသည့်ရည် ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …