Saturday , May 27 2017
Home / FNews / ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်၏လူထုတွေ့ဆုံပွဲ တက်ရောက်သူနည်းပါးခဲ့

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်၏လူထုတွေ့ဆုံပွဲ တက်ရောက်သူနည်းပါးခဲ့

ထက်တိုင်းကျော်(မြစ်မခ)

ကျိုင်းတုံ၊ မေ ၁၂ ရက်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ဒေသခံများ၏လိုအပ်ချက်များကို သိရှိလို၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်က လူထုတွေ့ဆုံပွဲပြုလုပ်သော်လည်း တက်ရောက်သူဒေသခံနည်းပါးခဲ့ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ မြို့တော်ခန်းမတွင် မေ ၁၂ ရက်၊ နံနက်(၉)နာရီ ခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်မှ ဒေသရှိဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျိုင်းတုံမြို့နယ်မှာရှိကြတဲ့ ရပ်ကွက်ကျေးရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အခုကျွန်တော်လာ ရောက်တဲ့တွေ့ဆုံပွဲမှာ တက်ရောက်သူနည်းပါးနေတာမျိုးက ဘာ့ကြောင့်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒေသလိုအပ်ချက်နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခက်အခဲကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ ပတ်သက်တဲ့အ သံတွေကို ကြားသိချင်ပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်ကပြောသည်။

ကျိုင်းတုံမြို့ရှိဒေသခံများမှာ တွေ့ဆုံပွဲမကြာခဏတက်ရောက်ခဲ့ဖူးသည့် အတွေ့အကြုံများရှိကာ တက်ရောက်၍ ပါဝင်ဆွေးနွေးတင်ပြချက်အပေါ် မည်ကဲ့လုပ်ပေးနိုင်သည်၊ ဖြေရှင်းပေးနိုင်မည်ဆိုသည်အပေါ်ကြည့်ကာ ဆက် လက်ပြုလုပ်သည့်တွေ့ဆုံပွဲများအား စိတ်ပါဝင်စားမှုမရှိတော့ခြင်းဖြစ်နိုင်ကြောင်း တက်ရောက်လာသူတစ်ဦးက ပြောသည်။

“ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စေတနာဆန္ဒရှိပေမယ့် ပြည်နယ်အစိုးရဲ့ ဆောင်ရွက်ပိုင်ခွင့်ထဲကနေ လုပ်ဆောင်ပေးနိုင်တဲ့ကိစ္စနဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်ဆိုသူတွေရဲ့ လွှတ်တော်ထဲမှာတရားဝင်ပြောကြားတဲ့ ပြည်သူ့လိုအပ်ချက်အသံတွေကို တင်ပြပြောဆိုပေး ဖို့တာဝန်ရှိပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်ကပြောသည်။

ကျိုင်းတုံမြို့တော်ခန်းမ၌ အစိုးရသစ်တက်လာချိန်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက် ၍ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များ၊ နိုင်ငံရေးပါတီများနှင့် ဒေသခံများတွေ့ဆုံကာ အစိုးရ၏ဆောင်ရွက်နေမှုများနှင့် ဒေသတွင်းလိုအပ်ချက်များ ကို တက်ရောက်လာသူများက တင်ပြဆွေးနွေးမှုများမကြာခဏရှိခဲ့သည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …