Tuesday , January 10 2017
Home / FNews / မန္တလေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲပြုလုပ်
15895341_385284651823625_1967794550027717118_n

မန္တလေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲပြုလုပ်

မင်းခန့် (မြစ်မခ)

မန္တလေး၊ ဇန်နဝါရီ (၁၀) ရက်။

မန္တလေးမြို့အတွင်း လူစည်ကားသည့်နေရာများနှင့် အထင်ကရနေရာများတွင် ဇန်နဝါရီ(၁၀) ရက်၊ နံနက်ပိုင်းက သွေးချင်းသစ္စာလူမှုကွန်ရက်နှင့် အွန်လိုင်းမှ ငြိမ်းချမ်းရေးကိစ္စရပ်များလုပ်နေသည့် အဖွဲ့အစည်းများစုပေါင်းကာ  ၂၁ ရာစုပင်လုံညီလာခံအား ကြိုဆိုထောက်ခံသည့်ကမ်ပိန်းကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးကိုအရမ်းလိုလားတယ်။ တိုင်းရင်းသားတွေနဲ့အတူ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါ ဝင်နိုင်အောင် အခုလိုအသိပညာတွေပေးပြီး စတစ်ကာကမ်ပိန်းကိုပြုလုပ်ခဲ့တာပါ။ ဒီနေ့တစ်ရက်တည်းမှာ ကမ် ပိန်းပြုလုပ်တာကို အပြီးလုပ်သွားမှာပါ။”ဟု သွေးချင်းသစ္စာလူမှုကွန်ရက်မှ မန္တလေးတာဝန်ခံ(၂) ကိုလင်းလင်း က ပြောသည်။

ကမ်ပိန်းတွင် အဖွဲ့ဝင်များအားလုံးက အဖြူရောင် ပြည်သူ့ဘဝတိုးတက်ရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ ပဋိပက္ခ ဖြစ်နေသည့် ကွာခြားမှုများ ပပျောက်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးစသည့်အချက်များ အား လုံးအတူတူ လက်တွဲပါဝင်ဖော်ဆောင်ကြရန်ရည်ရွယ်၍ စတစ်ကာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို မြို့နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၁ ရာစုပင်လုံညီလာခံအား ကြိုဆိုထောက်ခံကြပါစို့၊ မြန်မာပြည်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အေးချမ်းသာယာဖို့ ၂၁ ရာစုပင်လုံညီလာခံအား အားပေးထောက်ခံကြပါစို့အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ခြင်းနှင့် အဖြူရောင်စတစ်ကာများဖြန့်ဝေခဲ့ကြသည်။

ယင်းနေ့ နံနက်ပိုင်းတွင် မဟာအောင်မြေကျောက်ဝိုင်း ပတ်ဝန်းကျင်၌ စတင်ပြုလုပ်နေပြီး နေ့လယ်ပိုင်းတွင် ဈေးချိုနာရီစင်အနီးနှင့် ညနေပိုင်းအချိန်တွင် တောင်သမန် ဦးပိန်တံတား၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Check Also

photo for news no 21

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်ပြည်နယ် စစ်တွေသို့ ရောက်ရှိ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇန်န၀ါရီ (၆)ရက်။ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် များသည် …