Friday , September 22 2017
Home / FNews / ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်လုပ်ဆောင်ရန် NLD နာယက ဦးတင်ဦး ပြောကြား

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်လုပ်ဆောင်ရန် NLD နာယက ဦးတင်ဦး ပြောကြား

ပိုင်ထက် (မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ (၄) ရက်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်နိုင်ရေး အဖွဲ့အစည်းအားလုံး ကြိုးစားလုပ်ဆောင်ကြရန် လိုအပ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် NLD ပါတီ ရုံးချုပ်တွင် ဇန်နဝါရီ (၄)ရက် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းနားတွင် အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးကပြောကြားခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်ရေးနဲ့ အပြိုင်ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အခု(၆၉)နှစ်မြောက်လွတ်လပ်ရေး နေ့ကစပြီး ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနေ့အဖြစ်သတ်မှတ်နိုင်အောင် အားလုံးဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ဖို့ လို အပ်ပါတယ်။”ဟု ဦးတင်ဦးက ပြောသည်။

အစိုးရဖွဲ့စည်းနိုင်ပြီးနောက် အစိုးရအဖွဲ့၏ ဦးတည်ချက်အဖြစ် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရန် ဆောင် ရွက်နေပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေး အတွက်လည်းဆောင်ရွက်နေကြောင်း ဦးတင်ဦးက ဆက်ပြောသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ပါတီတွင်းမှခေါင်းဆောင်များ၊ နိုင်ငံခြားရေး သံတမန်များ၊ အခြားနိုင်ငံရေး ပါတီများလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးကအရေးကြီးတယ်။ အခုသဘောတူတာတွေ၊ ညှိနှိုင်းနေတာတွေရှိတယ်။ ဒါကိုအောင်မြင်အောင် လုပ်ရပါမယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောသည်။

အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြေညာချက်တစ်စောင်ကိုလည်း ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် အချက်(၆)ချက်ပါဝင်ပြီး နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်လိုအပ်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက်လည်း လုပ်ဆောင်နေကာ မြန်မာသမိုင်း တွင် သွေးအစွန်းဆုံး အရှည်ကြာဆုံးစစ်ပွဲကြီးကိုလည်း ဂုဏ်သိက္ခာရှိရှိ နိဂုံးချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Check Also

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် …