Wednesday , March 7 2018
Home / FNews / ပြည်ခိုင်ဖြိုးပါတီမှာ ဖြူစင်ဖြောင့်မတ်သည့်ပါတီဖြစ်ပြီး ဥပဒေချိုးဖောက်မှုမရှိခဲ့ကြောင်း ပါတီအတွင်းရေးမှူး ပြော

ပြည်ခိုင်ဖြိုးပါတီမှာ ဖြူစင်ဖြောင့်မတ်သည့်ပါတီဖြစ်ပြီး ဥပဒေချိုးဖောက်မှုမရှိခဲ့ကြောင်း ပါတီအတွင်းရေးမှူး ပြော

မင်းအံ့သွန်း (မြစ်မခ)

ရန်ကုန်၊ ဇန်နဝါရီ (၂၃) ရက်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဖြူစင်ဖြောင့်မတ်သည့် ပါတီဖြစ်ပြီး ရွေးကောက်ပွဲဥပဒေများကို ချိုး ဖောက်ခဲ့ခြင်း မရှိကြောင်း ယင်းပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောကြားလိုက်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များမှာ ဥပဒေနှင့်မညီဟုဆိုကာ ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းခံနေရသည့်ကိစ္စရပ်များနှင့်ပတ် သက်၍ ဦးပိုက်ထွေးကပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ပြည်ခိုင်ဖြိုးပါတီသည် အင်မတန်ဖြူစင်ပြီးတော့ ဖြောင့်ဖြောင့် မတ်မတ်ပါ။ သို့သော်လည်း အဆုံးအဖြတ်ပေးတဲ့လူတွေရဲ့ကောက်ချက်အပေါ်မှာ မူတည်သွားတာ။ တကယ် တော့ဗျာ၊ ရပ်စောက်လိုဟာမျိုးဆိုကြည့်၊ နိုင်တာခြင်းအတူတူပဲလေ။ ဆုံးဖြတ်တဲ့အဖွဲ့အစည်းရဲ့ သဘောထား ဗျ။ သူတို့ရဲ့အမြင်တွေအပေါ်မှာ မူတည်တယ်။”ဟု ဦးပိုက်ထွေးကပြောသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ အစိုးရအဖြစ်တာဝန်ယူစဉ်က အဆိုပါကိစ္စရပ်များအပေါ်တွင် မျှမျှတတဖြင့် ယှဉ်ပြိုင် ဘက်ပါတီများပေါ်တွင်ငှဲ့ညှာ၍ စဉ်းစားဆောင်ရွက်ပေးခဲ့သည့်အပြင် ဆုံးဖြတ်ခဲ့သည့်အဖွဲ့အစည်းအပေါ်တွင် မည်သည့်ဖိအားမျှမပေးခဲ့ကြောင်း ဦးပိုက်ထွေးက ဆက်ပြောသည်။

“အခုဒီမှာကတော့ မြင်တွေ့နေရတဲ့အတိုင်းပါပဲ။ အဖွဲ့အစည်းက အကျိုးအကြောင်းတင်ပြချက်တွေကို ပကတိအ တိုင်းဆုံးဖြတ်ဖို့တော့ လိုပါတယ်။ တစ်ဖက်ကဟာကိုပဲယူပြီးတော့ တစ်ဖက်ကချေပတာကို နားမထောင်ဘူး။ ဒါ မှမဟုတ် ဒါကိုအရေးတယူ ဒီအပေါ်မှာထည့်သွင်းမစဉ်းစားတာကြောင့် စဉ်းစားရခက်ပါတယ်။ ကျွန်တော်တို့ သည် ဖြူဖြူစင်စင်နဲ့ မှန်မှန်ကန်ကန်နဲ့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းအတိုင်း ရွေးကောက်ပွဲတွေမှာ လိုက်နာ ဆောင်ရွက်ခဲ့တယ်။ ဥပဒေချိုးဖောက်မှုမရှိခဲ့ပါဘူး။”ဟု ဦးပိုက်ထွေးက ပြောသည်။

လက်ရှိတွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့သည့်ကိစ္စအရပ်ရပ်နှင့်ပတ်သက်၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့များမှ ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲကန့် ကွက်လွှာအမှုပေါင်း(၄၄)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်းကြေညာခဲ့သည့် အမှုပေါင်းမှာ ဇန်နဝါရီ ၁၇ ရက်အထိ (၄၃)မှုရှိပြီဖြစ်ကာ ရမည်းသင်းမြို့နယ်အချို့အမှုများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များရှုံးနိမ့်ခဲ့ပြီး ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံခဲ့ရကြောင်း သိရသည်။

Check Also

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ …