Thursday , November 30 2017
Home / FNews / လာမည့်နှစ်တွင် ရန်ကုန်၌ လျှပ်စစ်ရထား စတင်ပြေးဆွဲမည်

လာမည့်နှစ်တွင် ရန်ကုန်၌ လျှပ်စစ်ရထား စတင်ပြေးဆွဲမည်

မင်းအံ့သွန်း(မြစ်မခ)

 

ရန်ကုန်မြို့တွင် လျှပ်စစ်ရထားကို ၂၀၁၆ ခုနှစ်အတွင်း ပုဇွန်တောင်မှ ကြည့်မြင်တိုင်ဘူတာအထိ ပြေးဆွဲပေး နိုင်ရန်စီစဉ်နေကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်က ပြောကြား လိုက်သည်။

လက်ရှိတွင် ပုဇွန်တောင်မှ ထော်လီကွေ့အထိ ရထားလမ်းပိုင်းဆောက်လုပ်ပြီးဖြစ်ကာ ပန်းဆိုးတန်းမှ လင်း စဒေါင်းအထိလမ်းပိုင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပ သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ၃/၂၀၁၅ ဒုတိယနေ့တွင် ဝန်ကြီး ဦးအောင်ခင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“လာမယ့်နှစ်မှာ ခရီးသွားတွေအဆင်ပြေစေဖို့အတွက်နဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်း ပေးနိုင်ဖို့အတွက် ကြည့်မြင်တိုင်ဘူတာအထိ ပြေးဆွဲပေးနိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ဦးအောင်ခင်က ပြောသည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးစံကျော်က ရန်ကုန်ကမ်းနားလမ်း တလျှောက် အထူးလျှပ်စစ်ရထားပြေးဆွဲခြင်းကို ပုဇွန်တောင်မှ ကြည့်မြင်တိုင်ဘူတာအထိ တိုးချဲ့ ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ရထားပြေးဆွဲပေးမည့်လမ်းပိုင်းများမှာ ပန်းဆိုးတန်း-ထော်လီကွေ့၊ ပန်းဆိုးတန်း-လင်းစဒေါင်း၊ လင်းစ ဒေါင်း-ပုဇွန်တောင်၊ ထော်လီကွေ့-ကြည့်မြင်တိုင်တို့ဖြစ်ပြီး ရထားလမ်းအရှည်မှာ စုစုပေါင်း (၇.၃၄)မိုင်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လေးနှစ်တာကာလအတွင်း ကားစီးရေ(၅)သိန်းကျော် မြင့်တက်လာခြင်းကြောင့် ပြည်သူများသွားလာရေးအဆင်ပြေစေရန်နှင့် ယာဉ်ကြောကျပ်တည်းမှုအဆင်ပြေစေရန် ရထားပို့ဆောင်ရေးဝန် ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအစီအစဉ် JICA တို့က ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ် ကြောင်း သိရသည်။

 

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …