Friday , September 22 2017
Home / သတင်း / လွှတ်တော်သတင်း / အခွန်အယူခံအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးသုံးသပ်နိုင်ရန် စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ် တော်တင်သွင်း

အခွန်အယူခံအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးသုံးသပ်နိုင်ရန် စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ် တော်တင်သွင်း

 

ဝေဖြိုး(မြစ်မခ)

နေပြည်တော်၊ သြဂုတ် ၁၇ ရက်။

ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သည့် အခွန်အယူခံအဖွဲ့ဖြစ်လာရန် အခွန်အယူခံခုံရုံးအဖွဲ့ဥပဒေကြမ်းရေးဆွဲ၍ ဆွေးနွေးသုံးသပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်သွင်းလိုက်သည်။

ပြည်ထောင်စုလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး(၁၈)ရက်မြောက်နေ့ကို သြဂုတ် ၁၇ ရက်ကကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးက တင်သွင်းလိုက်ခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့အတွက် ဥပဒေပြုလွှတ်တော်များပေါ်ပေါက်လာပြီး ခေတ်နဲ့အ ညီ ဥပဒေများပြဌာန်းနေတဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၉၆)၊ ဇယား(၁)၊ ပြည်ထောင်စုဥပဒေပြုစာ ရင်း၊ ဘဏ္ဍာရေးနဲ့ စီမံကိန်းကဏ္ဍမှာ အခွန်အယူခံခြင်းလို့ ဖော်ပြပါရှိပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ဖွဲ့စည်း ဆောင်ရွက်တဲ့ အခွန်အယူခံအဖွဲ့ဖြစ်လာဖို့ရည်ရွယ်ပြီး အခွန်အယူခံခုံရုံအဖွဲ့ဥပဒေကြမ်းကို ရေးဆွဲတင်ပြခြင်း ဖြစ်ပါတယ်။”ဟု  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

အခွန်အယူခံအဖွဲ့ဥပဒေကြမ်း၏ရည်ရွယ်ချက်များမှာ နိုင်ငံတော်မှ ဥပဒေနှင့်အညီ အခွန်စည်းကြပ်ကောက်ခံရာ တွင် စွမ်းဆောင်ရည်မြင့်မားသော အခွန်စီမံခန့်ခွဲမှုဖြစ်စေရန်နှင့် အခွန်ထမ်းများ၏ယုံကြည်ကိုးစားမှုကို ရရှိစေ ရန်၊ နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရာ တွင် တန်းတူညီမျှမှုနှင့် တရားမျှတမှုအခွင့်အရေးရရှိရန်၊ နိုင်ငံသားတိုင်းနှင့် အခွန်ထမ်းတိုင်သည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များပေးဆောင်ရာတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိစေ ရန်ဖြစ်ကြောင်း သိရသည်။

အခွန်အယူခံခုံအဖွဲ့ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှစတင်ကာ ၂၀၁၆ ခုနှစ် ဇူလိုင် ၇ ရက်အထိ ပထမမူကြမ်းမှ ပဉ္စမမူကြမ်းအထိ အဆင့်ဆင့်ရေးဆွဲပြုစုခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ကာ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်သူများ၊ အကောက်အခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ထံ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များရယူခဲ့ကြောင်း ဒုတိယဝန်ကြီးကပြောသည်။

အခွန်အယူခံဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ စီမံကိန်နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့က တာ ဝန်ယူဆောင်ရွက်နေပြီး လက်ရှိအခွန်အယူခံခုံအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏အမိန့်အမှတ် ၅၄/၂၀၁၇ ဖြင့် အခွန်အယူခံခုံအဖွဲ့ရုံး ညွန်ကြားရေးမှူးချုပ်က ဥက္ကဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွန်ကြားရေးမှူး တစ်ဦးက အဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ခံရသည့် ညွန်ကြားရေးမှူးတစ်ဦးက အ ဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်စည်းကြပ်ကောက်ခံမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမှုများ၊ ဒဏ်ငွေတပ်ရိုက်ခြင်းများအပေါ် ကျေနပ်မှုမရှိ သည့်အခွန်ထမ်းပြည်သူများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများ၊ ကုန်ပစ္စည်းပိုင်ရှင်များနှင့် ယာဉ်ပိုင်ရှင်များ စသည့် တစ်ဦးချင်းပုဂ္ဂိုလ်တို့က အခွန်အကောက်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်အယူခံမှုအဖြစ် လျှောက်ထား တင်သွင်းလာသော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို တည်ဆဲအခွန်အကောက်ဥပ ဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စစ်ဆေးကြားနာဆုံးဖြတ်ပေးရသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ၂၀၁၆ ခုနှစ်အတွင်း အခွန်အယူခံခုံအဖွဲ့ထံတင်သွင်းလာသည့်အမှုပေါင်း (၁၂၃)မှုဖြစ်သည့် အကောက်ခွန်အယူခံမှု(၁၀၄)မှု၊ အကောက်ခွန်ပြန်လည်သုံးသပ်မှု(၁၉)မှုတို့ကို ကြားနာစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

Check Also

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၉ ရက်။ ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း …