Monday , November 27 2017
Home / သတင်း / လွှတ်တော်သတင်း / သစ်ခိုးထုတ်မှုကိစ္စများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအကြား သဘောထားကွဲလွဲနေဟုဆို

သစ်ခိုးထုတ်မှုကိစ္စများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအကြား သဘောထားကွဲလွဲနေဟုဆို

ဝေဖြိုး(မြစ်မခ)

နေပြည်တော်၊ ဇူလိုင် ၁၄ ရက်။

သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှုကိစ္စများတွင် ပါဝင်ပတ်သက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအကြား သဘောထားကွဲလွဲနေကြောင်း စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားလိုက်သည်။

စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဇူလိုင် ၁၃ ရက်တွင်ကျင်းပ သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး(၃၀)ရက်မြောက်နေ့တွင် သစ်ခိုးထုတ်မှု ကိစ္စများနှင့်ပတ်သက်၍ အဆိုတင်သွင်းချိန်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

“တရားမဝင်သစ် ခိုးထုတ်မှုအကြီးအကျယ်တွေဟာ ဆိတ်ကွယ်ရာမှာမဟုတ်ဘဲနဲ့ သစ်တောဂိတ်၊ ရဲဂိတ်၊ လမ်း တံတားဂိတ်တွေကို ဖြတ်ကျော်ဖြစ်ပွားနေတာပါ။ အောက်ခြေတာဝန်ရှိသူအဆင့်ဆင့်က ဖြစ်ပွားနေတာပါ။ ဒီမို ကရေစီအစိုးရလက်ထက်မှာလည်း ပွဲတော်ကြီးလို ပျော်ပျော်ကြီးခိုးထုတ်နေတာကိုလည်းတွေ့ရပါတယ်။ သစ်ခိုး ထုတ်မှုတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတာကိုတွေ့ရပါတယ်။ သစ်မှောင်ခိုသမားတွေကို ကာဗာပေးပြီး ရွာသုံး၊ အိမ်သုံးလေးတွေကို ဖမ်းတယ်။ ဒီလိုဖမ်းရတာကလည်း ငါတို့ က မဖမ်းချင်ဘူး။ မင်းတို့တင်တဲ့ကိုယ်စားလှယ်တွေက ဖမ်းခိုင်းလို့ဖမ်းရတာ။ မဲပေးချင်ဦးဆိုပြီး ပြည်သူနဲ့ ကိုယ်စားလှယ်ကြား ရန်တိုက်ပေးနေကြတာပါ။”ဟု စေတုတ္တရာမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောသည်။

၎င်းတင်သွင်းသည့် မြန်မာတစ်နိုင်ငံလုံးတွင် ကြီးမားစွာဖြစ်ပွားလျက်ရှိသည့် သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးရန် အတည်ပြုလိုက်သည်။

ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လမ်းတံတားဂိတ်၊ ရဲဂိတ် စသည့်တို့ကလည်း တာဝန်ကျေပွန် အောင်ထမ်းဆောင်မယ်ဆိုပါက သစ်ခိုးထုတ်မှုကို (၈၀)ရာခိုင်နှုန်းထိ တားဆီးနိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်ကဆက်ပြောသည်။

“သစ်တောများပြုန်းတီးမှုဖြစ်တဲ့ အဓိကိုသစ်ခိုးထုတ်မှုတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တားဆီး ကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)ပုဒ်မ(၄၅)တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရမည်လို့ ပါထားပါတယ်။”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်(ခ)ဦးစိုးလွှင်က ထောက်ခံဆွေးနွေးသည်။

မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမြင့်မားနေခြင်းကြောင့် အစိုးရက သစ်ထုတ်လုပ်ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအရ (၁)နှစ်နှင့် ပဲခူးရိုးမကို(၁၀)နှစ်ဖြင့် တရားဝင်ရပ်နားထားသော်လည်း တရားမဝင်သစ်ထုတ် လုပ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်

Check Also

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၉ ရက်။ ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း …