Friday , September 22 2017
Home / သတင်း / လွှတ်တော်သတင်း / ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်း ဆွေးနွေးမည်

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်း ဆွေးနွေးမည်

 

မင်းအောင်မြင်(မြစ်မခ)

ရန်ကုန်၊ ဇူလိုင်(၁၀)ရက်။

ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုဖြင့် လွှတ်တော်ဥက္ကဌမှ ဆွေးနွေးခွင့်ပြုလိုက်သော်လည်း ဆွးနွေး မည့်အကြောင်းအရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံ ကြိုတင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်(၁၀)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/ ၂၀၁၇) ပထမနေ့၌ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားခြင်းများကို ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ရှင်းလင်းတင်ပြ အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်မြို့သစ်စီမံကိန်းကို ဝန်ကြီးတင်ပြသွားတဲ့အပေါ်မှာ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၁၀) ဂ အရာလွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့်များအရ ၎င်းစီမံကိန်းရဲ့ သင့်တင့်လျှောက်ပတ်မှုရှိမရှိကို လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်များအနေဲ့ ပြန်လည်ဆွေးနွေးခွင့်ပြုပါရန် လွှတ်တော်ဥက္ကဌ ကြီးမှ တဆင့်တင်ပြပါတယ်။” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။

အဆိုပါစီမံကိန်းသည် ပြီးခဲ့သည့်အစိုးရလက်ထက်က ရန်ကုန်တိုင်းလွှတ်တော်တွင်အတည်ပြုခဲ့ခြင်းကြောင်း ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကပြောဆိုခဲ့သော်လည်း ယင်းစီမံ ကိန်းတွင် စီမံကိန်းအသစ်များထပ်မံထည့်သွင်းထားခြင်းကြောင့် ဆွေးနွေးရန် လိုအပ်ကြောင်း ဒေါ်စန္ဒမင်းက ထောက်ပြပြောဆိုလိုက်ခြင်းကြောင့် ဆွေးနွေးရန်လိုသည့်အကြောင်းအရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးထံကြိုတင်ပြကြပါရန် သဘောတူခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်များခင်မျာ ဆွေးနွေးလိုတဲ့ အကြောင်းအရာများကို မနက်ဖြန်(ဇူလိုင် ၁၁)ရက် နေ့လည် (၁၂)နာရီနောက်ဆုံးထားတင်ပြရမှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းကပြောသည်။

ယင်းကဲ့သို့အချိန်ပေးခြင်းသည် ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များအတွက် အချက်အလက်များကွင်း ဆင်းစစ်ဆေးခြင်းများလုပ်ဆောင်ရန် အချိန်မလုံလောက်ဖြစ်နေသော်လည်း ရအောင်နွေးသွားကြမည်ဖြစ် ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပြီးရင် ဘယ်လိုသွားမလဲ လက်ရှိ YCDC အောက်မှာပဲထား မလား။ နောက်ထပ်အသစ်တစ်ခုထပ်ဖွဲ့မလားဆိုတဲ့ အသေးစိတ်တွေလဲမပါဘူး။ အဲဒါတွေလဲ ထည့်ဆွေးနွေး ရမယ်။ ဝန်ကြီးကပြောသွားတယ် ဆွေးနွေးမယ့်အကြောင်းအရာတွေသူ့ကို တင်ပြရမယ်ဆိုတာ အဲဒါ သိပ်သဘောမကျဘူး။ ဒါပေမဲ့ မေးခွန်းတွေကို သူ့ဘက်က ပြည့်စုံအောင်ပြန်ဖြေချင်လို့ တောင်းတာဆိုရင်တော့ ပို့ပေးသွားမယ်။” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့အနောက်တောင်ဘက်ရှိ ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို့ မြို့ နယ်တို့တွင် မြေဧက (၃၀၀၀၀)ပေါ်၌ ဖော်ဆောင်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့် ကျူးကျော်ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ ရေပေးဝေမှုပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ လမ်းပိတ်ဆို့မှုပြဿနာ၊ မြေယာဈေးကြီးမှု ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Check Also

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၉ ရက်။ ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း …