Wednesday , March 7 2018
Home / သတင်း / လွှတ်တော်သတင်း / ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင် ရွက်ပေးစေလိုကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင် ရွက်ပေးစေလိုကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ မေ (၁၈) ရက်။

ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင် ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေ  လိုကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရှိရသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ ပထမနေ့ကို မေ ၁၈ ရက်တွင် ကျင်းပခဲ့ရာ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်းက ယင်း အဆိုကို တင်သွင်းလိုက်ခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံဟာ နိုင်ငံကြီးသားပီသအောင်သင်ပေးတဲ့ ပညာရေးစနစ်မရှိတာ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒါကြောင့် ခေါင်းစဉ် (၃)ခုကို သင်ရိုးညွှန်းတန်းအထွေထွေဘာသာရပ်ထဲမှာ ထည့်သွင်းသင်ကြားပေးစေလိုပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ပြောသည်။

ယနေ့ခေတ်လိုအပ်ချက်များအရ ပိုမိုနားလည်ကျွမ်းကျင်တတ်အောင် သင်ကြားပေးရန်၊ မျိုးဆက်ပွား ကျန်းမာ ရေး၊ ဒီမိုကရေစီ၊ ကိုယ်ကျင့်တရားကျောင်းပညာတို့ သင်ကြားပေးရန်လိုအပ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ပြောသည်။

“အဆိုဟာ ယခုမျက်မှောက်ကာလနဲ့ အလွန်ဆီလျော်နေတဲ့အတွက် နိုင်ငံတော်အတွက်လိုအပ်နေတဲ့ အချက် တွေလည်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အနာဂတ်ကောင်းဖို့အတွက် ကျောင်းသားဘဝထဲက လေ့ကျင့်သင်ကြား ပေးရမယ့် ဘာသာရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်တုန်းက သင်ကြားခဲ့ရပါတယ်။ နောက်ပိုင်း သင်ကြားပေးမှု မရှိပါဘူး။ မျိုးဆက်ပွားကျန်းမာရေးဟာ သင်ကြားသင့်တဲ့ဘာသာရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုကို ထောက်ခံပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြသောင်းကပြောသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း တင် သွင်းသည့် ထောင်စုနှစ်ရည်မှန်းချက်(၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော Quality  Education အတွက် မြန်မာ နိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင် အထွေထွေ ဘာသာရပ်အခန်း၌ ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့် သုံးရန် စီမံဆောင်ရွက်ပေးစေကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကိုဆွေးနွေးရန် ကန့် ကွက်သူမရှိခဲ့ကြောင်း သိရသည်။

Check Also

စီမံကိန်းဘဏ္ဍာငွေများကို လွှတ်တော်က အချိန်ယူစစ်ဆေးခွင့် မရလိုက်သဖြင့် ဘဏ္ဍာငွေများ လေလွှင့်ဆုံးရှုံး ရဟုဆို

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် ဘဏ္ဍာငွေများကို လွှတ်တော် က အချိန်ယူစစ်ဆေးခွင့်မရလိုက်ဘဲ အတည်ပြုလိုက်ရသဖြင့် …