Friday , September 22 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ / မသန်စွမ်းများ ကိုယ့်အားကိုယ်ကိုးစိတ်နှင့် ကြိုးစားဖို့လိုဟု အိမ်မဲတိုင်း(၂) ကိုယ်စားလှယ်ဆို

မသန်စွမ်းများ ကိုယ့်အားကိုယ်ကိုးစိတ်နှင့် ကြိုးစားဖို့လိုဟု အိမ်မဲတိုင်း(၂) ကိုယ်စားလှယ်ဆို

ခိုင်ခိုင်(မြစ်မခ)

ရန်ကုန်၊ ဒီဇင်ဘာ(၃၀)ရက်။

မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းခြင်းအား နိမ့်ချသည်ဟု စိတ်ထားစရာမလိုဘဲ မိမိ၏ ရှိပြီးသားအစွမ်းနှင့် လူသားချင်း အတူတူပင်ဖြစ်သည် ဟူသော စိတ်ဓါတ်ဖြင့် ကြိုးစားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် တိုင်းဒေသကြီး အမှတ်၂ မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ အနိုင်ရရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြောကြားလိုက်သည်။

” မသန်စွမ်းတွေအတွက်ကတော့ တချို့မသန်စွမ်းတွေကိုကနှိမ်တယ် လို့ခံစားကြတယ် လူရာမသွင်း ဘူး။အဲ့လိုမျိုးတွေရှိတယ်။ အဲလိုမျိုးမဖြစ်စေဘဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီးတော့ လူတိုင်း လူသားခြင်း အတူတူ ဘဲဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားဖို့လိုအပ်တယ်။ နောက်ပြီးတော့ မသန်စွမ်းတိုင်းဟာ စွမ်းတာ တစ်ခုမဟုတ်တစ်ခုတော့ရှိပြီးသားဘဲ။ အဲလိုအစွမ်းတွေကိုအသုံးချတက်အောင် ဝိုင်းဝန်းပြီးအတက်နိုင်ဆုံးကူညီမယ်။ ကျွန်တော် တို့အနေနဲ့လည်းအတက်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမယ်” ဟု ဦးအောင်ကျော်မြိုင်က ပြောသည်။

မြန်မာနိုင်ငံမျက်မမြင်များ မိတ်သဟာယ(ခဝဲခြံ)ကျောင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့၌ ပြုလုပ်သည့် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့်  မြန်မာနိုင်ငံမသန်စွမ်း ကောင်စီမှ ဖိတ်ခေါ် သောကာတွန်းကဗျာပြိုင်ပွဲ ဆုချီးမြင့်ခြင်း နှင့်မသန်စွမ်း သူများအခွင့်အရေး ဆိုင်ရာ စာပေဟောပြောပွဲ အခမ်းအနားအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမသန်စွမ်းကောင်စီ အနေဖြင့် မသန်စွမ်းမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မသန်စွမ်းသူများ ဥပဒေအား ရေးဆွဲအကြံပြုကာ ယခုနှစ်ဇွန်လ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ အတည်ပြု လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့၍ နည်းဥပဒေထွက်ရှိရန်အတွက်ဆက်လက် ညှိနိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Check Also

မျက်မမြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရန် မမသ ရုံးခွဲ မုံရွာမြို့၌ ဖွင့်လှစ်

နန္ဒ- စစ်ကိုင်းတိုင်း(မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်မမြင်သူများ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Myanmar National Association of the Blind(MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ)ရုံးခွဲကို …