Thursday , September 28 2017
Home / FNews / မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင် ဖော်ဆောင်ရေးလှုပ်ရှားမှုပြုလုပ်

မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင် ဖော်ဆောင်ရေးလှုပ်ရှားမှုပြုလုပ်

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ နိုဝင်ဘာ (၁၁) ရက်။

အများပြည်သူသွားလာသည့်နေရာများတွင် မသန်စွမ်းသူများသွားလာရန် အတားအဆီးဖြစ်စေသည့်အရာများ  တည်ဆောက်ထားခြင်းကို လျှော့ချပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးတောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းများက လှည်းတန်းနှင့် အင်းယားကန်ပေါင်၌ နိုဝင်ဘာ ၁၁ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ပိုလီယိုကြောင့်မသန်စွမ်းဖြစ်နေသူများ၊ ထိခိုက်ဒဏ်ရာကြောင့်မသန်စွမ်းသူဦးရေ(၂၀)ခန့် ပါဝင်ခဲ့ပြီး အများပြည်သူသွားလာသည့် နေရာများတွင် မသန်စွမ်းသူများအတွက် အတားအဆီးဖြစ်စေသည့် အရာများကြောင့် အခက်အခဲကြုံတွေ့နေရခြင်းကို အများပြည်သူသိရှိအောင်ဖော်ထုတ်သွားလိုသဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင်ဖော်ဆောင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“လှည်းတန်းခုံးကျော်တံတားက လုံးဝကူးဖို့အဆင်မပြေဘူး။ ကျွန်တော်တို့လှည်းတန်းရောက်ရင် ခုံးကျော်တံ တားက တက်ကူးဖို့အဆင်မပြေဘူး။ လမ်းဖြတ်ရှိတဲ့နေရာကို မရောက်ရောက်အောင်သွားရတယ်။ တက်ဖို့မှ အ ဆင်မပြေတာ။ မသန်စွမ်းသူတွေလည်း အများပြည်သူသွားတဲ့နေရာတွေမှာ မသန်စွမ်းသူတွေသွားလာလို့မရတဲ့ လှေကားထစ်တွေရှိနေတာမျိုး၊ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် အဆင်မပြေဖြစ်နေတာမျိုးရှိနေပါတယ်။ လက်ရှိအစိုးရအဖွဲ့ကိုပြောလိုတာက မသန်စွမ်းသူတွေလည်းအများနဲ့တန်းတူသွားချင်ပါတယ်။”ဟု မသန်စွမ်းသူ များ ရှေ့ဆောင်အဖွဲ့မှ မီဒီယာတာဝန်ခံ ကိုပြည့်ဖြိုးအောင်ကပြောသည်။

သယ်ယူပို့ဆောင်ရေးယာဉ်များတွင် မသန်စွမ်းသူများ လွယ်ကူစွာစီးနင်းလိုက်ပါနိုင်ရေးအတွက် ဘတ်စ်ကားလိုင်းများကို တာဝန်ရှိသူများက အသိပညာပေးရန်၊ လမ်းဆုံမီးပွိုင့်များ၊ လူကူးမျဉ်းကြားများနှင့် လမ်းအကွေ့၊ အတက်အဆင်းများတွင် မသန်စွမ်းသူများအတွက် အထောက်အကူဖြစ်စေသော အမှတ်အသား များ၊ သင်္ကေတများ၊ အသံပေး၍ အချက်ပြသည့် ကိရိယာများနှင့်အခြားလိုအပ်သည်များတပ်ဆင်ပေးရန် လိုအပ် ကြောင်း မသန်စွမ်းသူတို့က ဆိုသည်။

“ပလက်ဖောင်းတွေပြင်ထားပေးတာ တွေ့နေရတယ်။ ဝှီးချဲသမားတွေသွားလို့မရဘူး။ ပလက်ဖောင်းသာပြော တယ်။ လူတွေမလျှောက်ရဲတာရှိတယ်။ ပလက်ဖောင်းတွေကျဉ်းတာတို့၊ အထစ်တွေရှိနေတော့ သွားလို့မရဘူး။ ကျွန်တော်တို့လည်း လူသားပဲ။ အများပြည်သူသုံးယာဉ်တွေက ဘတ်စ်ကားမှတ်တိုင်မှာမရပ်ပေးဘူး။ ကျွန်တော် တို့မသန်စွမ်းသူတွေက ဟိုဘက်သွားလိုက်၊ ဒီဘက်ပြေးလိုက် အဆင်မပြေဘူး။ တားတယ်ဆိုရင် မတင်ချင် တော့ဘူး။ သူတို့ကြန့်ကြာမှာစိုးလို့ မရပ်ပေးဘူး။”ဟု မသန်စွမ်းတစ်ဦးဖြစ်သူ ကိုဆောင်းက ပြောသည်။

မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင်ဖော်ဆောင်ရေး လှုပ်ရှားမှုများကို ရန်ကုန်မြို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူသုံးအဆောက်အဦးနှင့် ပတ်ဝန်းကျင်တွင် မသန်စွမ်းသူများ အထောက်အကူပြု ပစ္စည်းကိရိယာ များဖြင့် အလွယ်တကူသွားလာနိုင်ရေးကို တိုင်းအစိုးရအဖွဲ့ကဆောင်ရွက်ပေးရန်၊ အများပြည်သူအသုံးပြုသည့် နေရာများတွင် အတားအဆီးများမရှိစေရေးအတွက် ပုံစံများရေးဆွဲတည်ဆောက်ပေးရန်လိုကြောင်း မသန်စွမ်း သူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင်ဖော်ဆောင်ရေးလှုပ်ရှားမှုတွင် လက်ကမ်းစာစောင်များ ဝေကာ တောင်းဆိုခဲ့သည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …