Saturday , September 30 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း / ဒါရိုက်တာ မောင်တင်ဦး အသည်းရောဂါဖြင့် ကွယ်လွန်

ဒါရိုက်တာ မောင်တင်ဦး အသည်းရောဂါဖြင့် ကွယ်လွန်

 

စုသက်နှင်း(မြစ်မခ)

အကယ်ဒမီ ၅ဆုရှင် ဒါရိုက်တာ မောင်တင်ဦးမှာ သြဂုတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ကမန္တလေးမြို့ရှိ ၄င်း၏ နေအိမ်၌ အသည်းရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနုပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ရဲဘော်ကွက်သစ်ရပ်၊ ကျွဲဆည်ကန် ၁၁ လမ်းလမ်းသွယ် ၂ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ( ၇၅ ) နှစ်ရှိပြီ ဖြစ်သည်။

“ အနုပညာလောကမှာ တကယ်တော်ပြီး တန်ဖိုးရှိတဲ့ လူတစ်ယောက် ဆုံးရှုံးသွားရတာ၊ နှမြော မိပါ တယ်၊ အသက်အရွယ် ရောဂါရှိတာ သိပေမယ့်၊ မှန်းထားတဲ့ အချိန်ထက်စောပြီး ကွယ်လွန်သွားတာ ၀မ်းနည်းဖို့ ကောင်းတယ်၊ “”ဟု ပါပါကြီး၏ အသုဘကိစ္စများဦးဆောင် လုပ်ကိုင်ပေးနေသူ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်က ပြောသည်။

မြန်မာပရိတ်သက်များ လူကြိုက်များခဲ့သည့် သင်္ကြန်မိုးဇာတ်ကား ဖန်တီးခဲ့သူ ဒါရိုက်တာ မောင်တင်ဦး ၏ ရုပ်ကလပ်ကို သြဂုတ်လ ၂၇ ရက်နေ့  ညနေ ၃ နာရီ အချိန်တွင် နေအိမ်မှ တောင်အင်း မြောက် အင်း သုဿာန်သို့ ပို့ဆောင်မီးသဂြိဟ်သွာမည်ဖြစ်ကြောင်းကိုလည်းကျန်ရစ်သူ မိသားစုအသိုင်း အ၀ိုင်းမှ သိရှိရသည်။

ဒါရိုက်တာမောင်တင်ဦး အကယ်ဒမီရရှိခဲ့သည့် ဇတ်ကားများမှာ  ၁၉၇၂ ခုနှစ်တွင်`နေထွက်သောည´၁၉၇၈ ခုနှစ် `တစ်ခါကတစ်ဘဝ´ဇာတ်ကား၊ ၁၉၈၅ ခုနှစ်တွင်`သင်္ကြန်မိုး´ဇာတ်ကား၊  ၁၉၉၅ ခုနှစ်တွင် `တိုက်ပွဲခေါ်သံ´နှင့်  ၂၀၀၀ ခုနှစ် `နှစ်လုံးလှလူမိုက်´တို့ဖြစ်ပြီး ပန်းမြိုင်လယ်က ဥယျာဉ်မှူး ၊ ငွေလည်းမွှေး ကြွေလည်းမွှေး ဇတ်ကားများမှာ ထင်ရှားပြီး နောက်ဆုံးရိုက်ခဲ့သည့် ဇာတ်ကားမှာ “နေကမွေးတဲ့လ” ဖြစ်သည်။

၎င်းကို အနုပညာလောကတွင် ပါပါကြီးဟု လူသိ များပြီး အနုပညာရှင်များ၏ ချစ်ခင်လေးစားမှုကို ခံရသူတစ်ဦးလည်းဖြစ်သည်။

Check Also

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု …