Friday , June 2 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း / စာရေးဆရာ ဦးအောင်သင်း နေအိမ်၌ ကွယ်လွန်

စာရေးဆရာ ဦးအောင်သင်း နေအိမ်၌ ကွယ်လွန်


ကျန်းမာရေး ချို့ယွင်းနေခဲ့ပြီး ဆေးကုသမှု ခံယူနေရသည့်စာရေးဆရာဦးအောင်သင်းမှာ အောက်တို ဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်၌အမှတ် ၄၆၊ ဓမ္မိက၀တီလမ်း စမ်းချောင်း နေအိမ်၌ ကွယ်လွန် သွားပြီဖြစ်သည်။
ဆရာဦးအောင်သင်းသည် လူငယ်ပြုပြင်ရေးစာပေများကိုတစိုက်မတ်မတ်ရေးသားခဲ့ပြီး လူငယ် အကျိုး ပြုဟောပြောပွဲများကိုစဉ်ဆက်မပြတ် ဟောပြောခဲ့သူဖြစ်သည်။

“ဆရာ့လို လူငယ်တွေကို စေတနာထားပြီး လူငယ့်အကျိုးပြုစာပေတွေ ရေးသားခဲ့တဲ့စာရေးဆရာ တစ်ယောက် ဆုံးရှုံးရတာ အင်မတန်မှကို ၀မ်းနည်းစရာကောင်းပါတယ်။လူငယ်တွေအတွက်လည်း ဆုံးရှုံးမှုပါပဲ။ နောက်ပြီး ၀တ္ထုတိုရေးသားခြင်းကိုလည်းတစိုက်မတ်မတ်လေ့လာခဲ့သူတစ်ဦး ဆုံးရှုံးရတဲ့ အတွက်လည်း စာပေလောကအတွက်နစ်နာမှုကြီးပါပဲ” ဟု စာရေးဆရာ ကြည်မင်း(ခ) ကျော်စောမင်း က ပြောသည်။

စာပေလူကြမ်းမင်းသားကြီးဟု စာပေလောကအတွင်း နာမည်ကြီးသည့် ဆရာအောင်သင်းမှာတောင်တွင်းကြီး ဇာတိဖြစ်သည်။ ဆရာအောင်သင်းကို  ၁၉၂၇ ခုနှစ် တွင်မွေးဖွားခဲ့ပြီး စစ်ကြီးပြီးစလွတ်လပ်ရေးတိုက်ပွဲကာလ၌ ပြည်သူ့ရဲဘော် တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ပြည်တွင်း သောင်းကျန်မှုကာလအတွင်း  ရဲဘော်ဖြူတို့ဖမ်းဆီးခြင်းခံရပြီးနောက်နောက်ဆုံး သရက် ထောင်ဖောက်ပြေးခဲ့သည်ဟု `သရက်ထောင်ဖောက်ခဲ့ စဉ်က`ကိုယ်တွေ့ ဆောင်းပါးအရ သိရှိရသည်။
၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပြီး အလယ်တန်းပြဆရာအနေဖြင့် ၃နှစ်တာဝန် ထမ်းဆောင် ကာ  ၁၉၅၆ ခုနှစ်တွင် မကွေးကောလိပ်၊ ၁၉၅၈တွင်ရန်ကုန်တက္ကသိုလ် ၊ မဟာဝိဇ္ဇာ အရည်အချင်း စစ် စာမေးပွဲကို ၁၉၆၀ခုနှစ်၌အောင်မြင်ပြီး  မြန်မာစာဌာန၌  နည်းပြ ဖြစ်လာခဲ့သူတစ်ဦးဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်၊ ၁၉၆၅မှာပြင်ဦးလွင်စစ်တက္ကသိုလ်၊ ၁၉၇၀မှာ ရန်ကုန် တက္ကသိုလ်
မြန်မာစာဌာနမှာလက်ထောက်ကထိက အနေဖြင့် တာဝန်ထမ်းဆောင်ကာ ၁၉၇၁ ခုနှစ်တွင်မြန်မာသာသာစကားနှင့် ကာရန်မဲ့ကဗျာ`ဆိုတဲ့ဆောင်းပါးနှင့် စာပေလောကထဲကို
ဝင်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။

စာပေလောကအတွင်း စာပေလူကြမ်းမင်းသားကြီးဟု လူသိများပြီးစာပေဟောပြောပွဲများကို အသက် အရွယ်နှင့် နေရာဒေသမရှောင်လိုက်လံဟောပြောခဲ့သည့် စာပေ ၀န်ထမ်းတစ်ဦးဖြစ်သည်။

Check Also

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု …