Tuesday , September 26 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း / လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်


သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ရန်“မြင့်မြင့်ခင်” ဖောင်ဒေး ရှင်း တည်ထောင်ခဲ့သူ ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်မှာ အသက်(၉၁)နှစ်အရွယ်တွင်ကွယ်လွန် ပြီး
ဈာပနအခမ်းအနားကို ဇွန်လ ၂၁ရက်နေ့တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်၍ကြွင်းကျန်ရစ်မည့် အရိုးပြာများကို ဂူသွင်းထားရှိပြီးဖြစ်သည်။

ဆရာမကြီးမှာ ဇွန်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက ရွှေဂုံတိုင်အထူးကုဆေးခန်း(SSC) တွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ)ဒေါ်ရွှေဇီးကွက်တို့မှ သွားရောက်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်
ကူညီခဲ့သည်ဟု နာရေးကူညီမှုအသင်းမှ သိရှိရသည်။

ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊(ခ) မာမီးကြီးဒေါ်မြင့်မြင့်ခင်ကို  ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွား၍ရန်ကုန်တက္ကသိုလ် စစ်တွင်း ကာလ (ဂျပန်ခေတ်)၌ ဆေးကျောင်း တက် ရောက်ကာ ၁၉၄၆
ခုနှစ်တွင် B.A ဘွဲ့ရရှိခဲ့သည်။

၁၉၅ဝ ခုနှစ်တွင် M.B.B.S ဘွဲ့ရယူခဲ့ပြီး USA နှင့် UKနိုင်ငံများတို့တွင် ဘွဲ့လွန်ပညာရပ်များအား ဆည်းပူး၍
ကျန်းမာရေးဌာနတို့တွင် ဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ဆေးတက္ကသိုလ် မန္တလေး၌ဆေးပညာ ပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း (၂ဝ)မျှ ဆောင်ရွက်ခဲ့သည်။ခင်ပွန်းဖြစ်သူ ဒေါက်တာ ဦးစံဘော်မှာလည်း ထင်ရှားသည့် အရိုးအထူးကုဆရာဝန်သုတေသီတစ်ဦးဖြစ်ပြီး ၄င်းမှာ ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM)ဆေးတက္ကသိုလ်၌ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၈၅ ခုနှစ်မှ ၁၉၉၁ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့ တောင်အာရှ တိုက်ဒေသ (နယူးဒေလီ)တွင်အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် သြစတြေးလျနိုင်ငံတွင်နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လည် ရောက်ရှိကာ ရန်ကုန်မြို့၌နေထိုင်ပြီး ဆေးပညာ၊ ပညာရေးနှင့် လောလောဆယ်တွင် ပြဿနာဖြစ် နေသော
အကြောင်းအရာများ၊ ဖြေရှင်းရန်လိုအပ်သည့် အကြောင်းအရာများကို ပြည်သူသို့မီးမောင်း ထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။

ပညာရေး၊ သိပံ္ပပညာအခြေခံ သိမြင်ရန် သက်ကြီးများ၏ကျန်းမာရေးအကျိုးဆောင်လုပ် ငန်းများ လုပ်ဆောင်ရန် “မြင့်မြင့်ခင်”ဖောင်ဒေးရှင်း တည်ထောင်ပြီး သားဖြစ်သူ ဒေါက်တာမြင့်ဇံ ပါမောက္ခ ဥပဒေပညာဌာ
Multimedia တက္ကသိုလ် မလေးရှားမှ ဆက်လက် ဆောင်ရွက်ရန် ရည်ရွယ်သည်ဟုသိရှိရသည်။

မြန်မာဆေးလောကအတွက် ၁၉၉၅ ခုနှစ်တွင် “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း”နှင့် “AIDS အကြောင်း” ၁၉၉၉ ခုနှစ်တွင် “ကင်ဆာ” ၂ဝဝ၃ ခုနှစ်တွင်“သက်ရှည်ကျန်းမာမြန်မာ့အစာ” ၊“ဆေးလိပ်အကြောင်းဖြစ်ကြောင်း ကုန်စင်” နှင့်“ဆီးချိုလူနာလမ်းညွှန်” ၂ဝဝ၇ ခုနှစ်တွင် “မိုက်ခရို ဝေဗ်နှင့်
ဟင်းချက်နည်းများ” ၊ “ရှေ့တန်းရောက် ကျန်း မာရေးပြဿနာများ” ၊“ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ” နှင့် “Myanmar Handbook of Health ResearchMethods Tomorrow`s Doctors” ၂ဝ၁၂ ခုနှစ်တွင် “အားလုံးအတွက်ပညာရေးနှင့်တိုင်းပြုပြည်ပြု ဆောင်းပါးများ” အစရှိသည့် စာအုပ်များကို
ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင် အသက် (၉၁)နှစ်၏ ဈာပနအခမ်းအနားသို့နာရေးကူညီမှု အသင်းသား/သူများ၊ ဆရာမကြီး၏ မိသားစုဝင်များ၊ သားတပည့်များ၊သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆရာမကြီး၏ နောက်ဆုံးခရီးကို စည်ကားသိုက်မြိုက်စွာဖြင့် ဂါရဝပြုပို့ဆောင်ခဲ့ကြသည်။

Check Also

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု …