Friday , June 2 2017
Home / FNews / ပုဂံ-ညောင်ဦး ဒေသရှိယွန်းလုပ်ငန်းများတွင် ရိုးရာဒီဇိုင်းပြုလုပ်သူ နည်းပါးလာ

ပုဂံ-ညောင်ဦး ဒေသရှိယွန်းလုပ်ငန်းများတွင် ရိုးရာဒီဇိုင်းပြုလုပ်သူ နည်းပါးလာ

ကျော်မျိုးထွဋ် (မြစ်မခ)

ညောင်ဦး၊ ဇန်နဝါရီ (၂၅) ရက်။

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးဒေသရှိ မြင်းကပါရပ်တွင် မိရိုးဖလာ လက်မှုပညာအမွေအနှစ်ဖြစ်သော ယွန်းလုပ်ငန်းခွင်များတွင် ရိုးရာဒီဇိုင်းပြုလုပ်သူနည်းပါးလာကြောင်း အဆိုပါဒေသရှိ ယွန်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။  

လွန်ခဲ့သည့်နှစ်(၅၀)ကျော်မှစတင်ကာ ပုဂံဘုရားများရှိ နံရံဆေးရေးပန်းချီ ပုံစံတူများကို ယွန်းထည်ပေါ်တွင် ရိုး ရာဒီဇိုင်းများဖြင့်သာ ရေးဆွဲခဲ့ကြပြီး ယခုအခါတွင် ခေတ်ပေါ် ကာလာစုံပန်းပွင့်စသည့် ဒီဇိုင်းများကို အများဆုံးပြု လုပ်လာကြသဖြင့် အချိန်ယူလုပ်ကိုင်ရသည့် ရိုးရာဒီဇိုင်းရေးဆွဲသူမှာ နည်းပါးလာကြောင်း သိရသည်။

ရိုးရာဒီဇိုင်းဖြင့်ရေးဆွဲထားသည့် ယွန်းပစ္စည်းများ၏အရည်အသွေးသည် လုပ်ငန်းတစ်ခုနှင့်တစ်ခု မတူညီကြဘဲ အသင့်သုံးအချောထည်အဖြစ်ရောက်ရှိရန် အဆင့်(၂၀)ကျော်ပြုလုပ်ရပြီး ပစ္စည်းအသေးဖြစ်သော ရေခွက်၊ ရေ နွေးကရား၊ သစ်သီးထည့်ဗန်း၊ လက်ဖက်အုပ်စသည့်တို့ပြုလုပ်ချိန်မှာ (၆)လကျော်ကြာမြင့်ကာ ပစ္စည်းကြီးလျှင် (၃)နှစ်ဝန်းကျင်အထိပြုလုပ်ယူရကြောင်း ယွန်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“အခုခေတ် ရိုးရာဒီဇီုင်းလုပ်တဲ့သူ မရှိသလောက်ရှားသွားပြီ။ ရိုးရာဒီဇိုင်းဆိုတာ ရှင်ဘုရင်တို့၊ ဝန်မင်းတို့ နန်း တော်ပုံသဏ္ဍာန်တို့ဖြစ်တယ်။ ရိုးရာမှာ အခြေခံအရောင်လေးရောင်ရှိတယ်။ အနီ၊ အစိမ်း၊ အဝါ၊ မရမ်း အဲဒီမှာ မရမ်းရောင်ကို ယွန်းလုပ်ငန်းအခေါ် လိမ္မော်ရောင်လို့လည်းခေါ်တယ်။ များသောအားဖြင့် ပေါ်ပင်ဖြစ်တဲ့ ခေတ် ပေါ်ဒီဇိုင်းတွေ လုပ်ကြတာများတယ်။ ယွန်းလုပ်ငန်းလုပ်တဲ့သူ ပေါတယ်။ ဒါပေမယ့် ရိုးရာဒီဇိုင်းလုပ်တဲ့သူ ရှား သွားပြီ။”ဟု ရွှေလရောင် ယွန်းလုပ်ငန်းပိုင်ရှင် ဦးသိန်းထွန်းက ပြောသည်။

ယွန်းလုပ်ငန်းတွင် ရေနွေးအိုး၊ ကွမ်းအစ်၊ သစ်သီးထည့်သည့်ဗန်း၊ ဆွမ်းအုပ်၊ စားပွဲခုံအသေး၊ အိမ်သုံးပစ္စည်းများ၊ ပြည်တွင်းပြည်ပမှစိတ်ကြိုက်မှာယူသည့် ပုံစံများ၊ ရေခွက်ပုံစံမျိုးစုံစသည်ဖြင့် အမျိုးအစားပေါင်းရာနှင့်ချီရှိပြီး ယခင်က ပြည်ပဧည့်သည်များသာ အဝယ်များသော်လည်း ၂၀၁၆ ခုနှစ်အတွင်းမှ စတင်ကာ ပြည်တွင်းခရီးသွား များလည်း ဝယ်ယူမှုများရှိလာကြောင်း သိရသည်။

“မိဘလုပ်ငန်းအမွေ လက်ဆင့်ကမ်းဖို့ကလည်း သားသမီးက စိတ်ဝင်စားမူရှိဖို့လည်းလိုအပ်ပါတယ်။ ယွန်းလုပ် ငန်းကို လွှဲပြောင်းလုပ်ကိုင်နိုင်အောင် အနှစ်(၃၀)ကျော်မိဘနဲ့လုပ်ရင်း တွဲသင်လာရတာ။ ရိုးရာဒီဇိုင်း မပျောက် ကွယ်အောင် မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ ရိုးရာဒီဇိုင်းပဲလုပ်တယ်။ ခေတ်ပေါ် အရောင်းသွက်တဲ့ပန်းပွင့်တွေ အရောင်စုံတွေ မလုပ်ပါဘူး။”ဟု ဦးသိန်းထွန်းက ပြောသည်။

လက်ရှိတွင် ယွန်းပညာရပ်များကို ယွန်းကောလိပ်မှ တာဝန်ရှိသူများနှင့် ပြင်ပတွင်လက်တွေ့လုပ်ကိုင်နေသော ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းနှင့် ယွန်း၏အရည်အသွေးပြည့်မီသော ရိုးရာဒီဇိုင်းများကို မျိုးဆက်သစ်များအနေဖြင့် ထိန်းသိမ်းရန်လိုအပ်ကြောင်း သိရသည်။

Check Also

ပေါင်မြို့နယ်ရှိ အလှပ်ရေငံတားတမံပြန်လည်ပြင်ဆင်ရန် ကုန်ကျစရိတ်ကို မွန်ပြည်နယ်အစိုးရ ထုတ်ပေး မည်မဟုတ်

  ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ ဇွန် ၁ ရက်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်မြို့နယ်ရှိ အလှပ်ရေငံတားတမံ ပြန်လည်ပြုပြင်ရန်အတွက် ကုန်ကျစရိတ်ကို ထုတ်ပေးမည် မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ …