Friday , February 17 2017
Home / FNews / သီတဂူဆရာတော်ဘုရား သက်တော်(၈၀)ပြည့်အထိမ်းအမှတ်ခေါင်းလောင်းကြီး ကြေးသွန်းလောင်းမှု ပြီးစီး

သီတဂူဆရာတော်ဘုရား သက်တော်(၈၀)ပြည့်အထိမ်းအမှတ်ခေါင်းလောင်းကြီး ကြေးသွန်းလောင်းမှု ပြီးစီး

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ ဇန်နဝါရီ (၁၁) ရက်။

သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၀)ပြည့်အထိမ်းအမှတ် ကြေးချိန်ပိဿာ(၈၀၀၀)အလေးချိန်ရှိ သော သီတဂူမော်ကွန်းတင်ခေါင်းလောင်းတော်ကြီးကို ဇန်နဝါရီ ၁၁ ရက်၊ နံနက်(၅)နာရီကျော် တွင် ကြေးသွန်း လောင်းမှုပြီးစီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသီတဂူမော်ကွန်းတင်ခေါင်းလောင်းကြီး ကြေးသွန်းပြုလုပ်ခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်၊ ကျောက်မီးကျေးရွာအနီး တံတိုင်ရှည်သာစည်ရွာသစ်တွင် ဇန်နဝါရီ ၁၀ ရက်၊ ညနေ(၆)နာရီကျော်တွင် ပြင်ဆင်မူများပြုလုပ်ပြီး နံနက်(၂)နာရီခွဲတွင် စတင်သွန်းလောင်းရာ နံနက်(၅)နာရီကျော်တွင် ပြီးစီးခဲ့သည်။

“ကြေးသွန်းလောင်းရတာ ဆောင်းရာသီဖြစ်တဲ့အတွက်နဲ့ ကွင်းပြင်အကျယ်ကြီးမှာလုပ်ရတာမို့ ကြေးသွန်း လောင်းတဲ့သူတွေလည်း သက်သာတယ်။ အပူရှိန်က အရမ်းပြင်းတာမို့ နွေရာသီထက်စာရင် အခုလုပ်ရတာ ခရီး ပိုရောက်ပါတယ်။ တမ္မဝတီထဲက ကြေးသွန်းပညာရှင်တွေ စုပေါင်းပြီးလောင်းတာပါ။”ဟု ခေါင်းလောင်းကြီးအား ကြေးသွန်းလောင်းရာတွင်ပါဝင်သူ ကိုအောင်သန်းမော်ကပြောသည်။

အဆိုပါ သီတဂူမော်ကွန်းတင်ခေါင်းလောင်းကြီးကို တမ္မဝတီရပ်မှ ကြေးသွန်းပညာရှင်(၂၀၀)ဝန်းကျင်ဖြင့် သွန်း လောင်းခဲ့ပြီး ကြေးသွန်းလောင်းနိုင်ရန် ဖိုပေါင်း(၂၂)ဖိုဖြင့် ကြေးပိဿတစ်သောင်းကျော်အား အရည်ကြိုပြီး ယင်းခေါင်းလောင်းကြီးအား ကြေးပိဿာချိန်(၈၀၀၀)သွန်းလောင်းခဲ့ကြောင်း သိရသည်။

“ကြေးပိဿ တစ်သောင်း ကျိုတာက တကယ်လောင်းတဲ့အချိန်မှာ  အရည်သွေးမမီ၊ စိတ်ကြိုက်မဖြစ်တဲ့ ကြေး ရည်တွေကို ပယ်ပါတယ်။ အရည်သွေးအကောင်းဆုံးကို လောင်းတဲ့အတွက် ပိုပြီးကျိုရတာပါ။ ကြေးသွန်း လောင်း ရတာက တစ်ဆက်တည်း အားလုံးတစ်ပြိုင်တည်းလောင်းရတာဖြစ်တယ်။ ကြေးသွန်းလောင်းရတာ အန္တရာယ်အရမ်းများတဲ့အတွက် လုပ်နေကျပညာရှင်တွေပဲ အဆင်ပြေတာပါ။”ဟု ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ကိုအောင်က ပြောသည်။

သီတဂူဆရာတော်ဘုရားကြီး၏ တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့်မွေးနေ့အမီ ပြုလုပ်ခြင်း  ဖြစ်ပြီး ယင်းခေါင်းလောင်းကြီး ကြေးသွန်းလောင်းရာ ကျင်းအဝ အကျယ်မှာ (၁၂)ပေရှိပြီး မြေအောက်အနက်မှာ (၇)ပေရှိကာ ဖယောင်းဖြင့်ပုံဖော်ခြင်း၊ ကြေးအရည်ကျိုခြင်း၊ သွန်းလောင်းခြင်း၊ အချောပြုလုပ်ခြင်းစသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ကာ စစ်ကိုင်းမြို့ရှိ ဝိပဿနာရိပ်သာတွင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

Check Also

ဂျာမနီနိုင်ငံသားများ ပါဝင်သည့်အဖွဲ့ မြဝတီ-မဲဆောက်ဝင်ထွက်ဂိတ်မှ မြန်မာပြည်တွင်းသို့ လည်ပတ်ရန် ဝင်ရောက်လာ

ထိန်လင်းအောင် (မြစ်မခ) မြဝတီ၊ ဖေဖော်ဝါရီ  (၁၅) ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီ-မဲဆောက်ဝင်ထွက်ဂိတ်မှ ဂျာမနီနိုင်ငံသားများပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံအတွင်း လည်ပတ်ရန် ဖေဖော်ဝါရီ ၁၄ ရက်က …