Friday , September 22 2017
Home / FNews / ပုဂံဘုရားများ ငလျင်ဒဏ် ကြံ့ခိုင်မှုရှိ၊ မရှိ ၂၀၁၇ ခုနှစ်အတွင်း စစ်ဆေးသွားမည်

ပုဂံဘုရားများ ငလျင်ဒဏ် ကြံ့ခိုင်မှုရှိ၊ မရှိ ၂၀၁၇ ခုနှစ်အတွင်း စစ်ဆေးသွားမည်

မင်းခန့် (မြစ်မခ)

မန္တလေး၊ ဇန်နဝါရီ (၃)ရက်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယာဉ်ကျေးမှုဒေသရှိ ဘုရားများကို ငလျင်ဒဏ် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရှိရသည်။

“ပြီးခဲ့တဲ့နှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် ပျက်စီးသွားတဲ့ဘုရားတွေကို ယဉ်ကျေးမှုဝန်ကြီးဌာနတို့၊ UNESCO တို့က ပြန်ပြီး ပြုပြင်မယ်ဆိုတော့ ကျွန်တော်တို့က ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားတယ်။ ပုဂံဘုရား တွေ ငလျင်ဒဏ်ခံနိုင်မှု ရှိ၊ မရှိ စစ်ဆေးမယ်ဆိုတာ ပေါ်လာတယ်။ ဒါကြောင့် ဒီလိုစစ်ဆေးတာကို လုပ်ဆောင် သွားမှာဖြစ်တယ်။ ခုဟာက လုပ်မယ့်လုပ်ငန်းတွေကို တွက်ချက်နေတုန်းရှိပါသေးတယ်။”ဟု မြန်မာနိုင်ငံ ငလျင် ကော်မတီမှ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

ပုဂံဘုရားများအား ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးပြီး ထွက်ရှိလာသည့်အဖြေပေါ်မူတည်ကာ ပြုပြင်သင့်သည့်ဘုရားများ ကိုပြုပြင်ရန် သက်ဆိုင်ရာဌာနသို့ အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂံဒေသတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော (၆ ဒဿမ ၈) ရစ်ခ်ျစတာစကေး ပြင်းအားရှိသည့် ငလျင်ကြောင့် ဂူဘုရား(၂၅၈)ဆူ၊ စေတီ(၁၀၄)ဆူ၊ အုတ်ကျောင်း(၁၃)ကျောင်းတို့ ပျက်စီးခဲ့ပြီး စစ်ဆေးမှုပြုလုပ်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှလည်း ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …