Friday , September 22 2017
Home / သတင်း / တရားရေးသတင်း / ဦးကိုနီ လုပ်ကြံမှုတွင် တရားခံပြေးအဖြစ် သတ်မှတ်ထားသော အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရန် အာဆီယံ ၁၀ နိုင်ငံကို အကြောင်းကြားထား

ဦးကိုနီ လုပ်ကြံမှုတွင် တရားခံပြေးအဖြစ် သတ်မှတ်ထားသော အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရန် အာဆီယံ ၁၀ နိုင်ငံကို အကြောင်းကြားထား

ဝေဖြိုး (မြစ်မခ)

နေပြည်တော် ဧပြီ(၁၁)ရက်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရာတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် သတ်မှတ်ထားသော အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရေးအတွက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံလုံးကို အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဇော်ဝင်းက ပြောဆိုလိုက်သည်။

“ဘယ်လိုမှ တိမ်းရှောင်လို့မရအောင် ဖမ်းဆီးနိုင်ဖို့အတွက် အာဆီယံအတွင်းမှာလည်း အာဆီယံ ၁၀ နိုင်ငံ အားလုံးကို ကျွန်တော်တို့က အကြောင်းကြားထားတယ်။ အာဆီယံ ပြင်ပ ရောက်သွားတယ်ဆိုရင် ဘယ်နိုင်ငံကိုပဲ ရောက်ရောက် အမြန်ဆုံးဖမ်းမိနိုင်အောင်ဖြန့်ပြီး အကြောင်းကြားထားပါတယ်။”ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။

အဆိုပါတရားခံပြေးအဖြစ် သတ်မှတ်ထားသော အောင်ဝင်းခိုင်သည်မှာ မိမိတို့နိုင်ငံတွင် ရှိမနေကြောင်း အာဆီယံနိုင်ငံ ထက်ဝက်ခန့်က အကြောင်းပြန်ကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

“သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကနေ အကြောင်းပြန်တာက တရားဝင် ဝင်ပေါက်တွေကနေ စစ်ဆေးမှုအရကတော့ အာဆီယံနိုင်ငံ တစ်ဝက်လောက်က သူတို့နိုင်ငံကို မရောက်ဘူးဆိုတာ ပြန်ကြားလာပါတယ်။”ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။

ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ်အားလုံးတွင်လည်း အောင်ဝင်းခိုင်၏ ဓာတ်ပုံမှတ်တမ်းများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့များထံ ပေးပို့ထားကြောင်း သိရသည်။

Check Also

Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ မတ်လ(၂၀)ရက်။ Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းနှင့် …