Thursday , September 28 2017
Home / FNews / ထိုင်းအရာရှိများ ရာထူးမှ ဖယ်ရှားခံရခြင်းသည် လူကုန်ကူးမှုနှင့် ပါဝင်ပတ်သက်နေခြင်းကြောင့် ဟုဆို

ထိုင်းအရာရှိများ ရာထူးမှ ဖယ်ရှားခံရခြင်းသည် လူကုန်ကူးမှုနှင့် ပါဝင်ပတ်သက်နေခြင်းကြောင့် ဟုဆို

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ ဇွန် (၃၀) ရက်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးအပြီး ထိုင်းအရာရှိ(၂၃)ဦးကို ရာထူးမှ ယာယီ ထုတ်ပယ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မဟုတ်ဘဲ လူကုန်ကူးမှုနှင့် ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ် ကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးချုပ် ပရာဝစ်(တ်)ဝုန်ဆူဝန်ကပြောဆိုလိုက်သည် ဟု သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ထိုင်းနိုင်ငံ ဒု တိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ရှင်းလင်းပြခဲ့ခြင်းဖြစ်သည်။

“လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ အရာရှိတွေဖြစ်ပါတယ်။ အဲဒါတွေကို သူတို့ထိုင်းနိုင်ငံ က ဥပဒေအရ စုံးစမ်းစစ်ဆေးနေတာတွေရှိပါတယ်။ အဲဒီစုံစမ်းစစ်ဆေးနေတာတွေ ပေါ်လာတဲ့အခါမှာ တည်ဆဲ ဥပဒေအရ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်စုဆန်းစုကြည်ခရီးစဉ်ကြောင့် ထုတ်တာမဟုတ်ပါဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ်ကရှင်းပြပါတယ်။”ဟု သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

အဆိုပါ အရာရှိများ ယာယီထုတ်ပယ်ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ စိတ်မကောင်းကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

“ထိုင်းနိုင်ငံသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပြီးမှာ  ထိုင်းဘက်အရာရှိတွေ ရာထူးကနေ ထုတ်လိုက်တယ်။ ဖြုတ်လိုက်တယ်ဆိုတဲ့ကိစ္စကို အဲဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်တိုင်ပင်ခံ ခရီးစဉ်ကြောင့် ဒီအရာရှိတွေ အလုပ်ဖြုတ်ခံရတာကို သူအနေနဲ့ သူသွားလို့ဒီရာရှိတွေ အလုပ်ပြုတ်တာကို ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မလိုလားဘူး။ သူကြောင့်ဒီလိုမျိုး ဖြစ်သွားတာကိုမလိုလားဘူး။ အဲဒါကြောင့် သူအနေနဲ့ စိတ် မကောင်းဖြစ်ရတာအကြောင်းပြောပါတယ်။ အဲဒါကို ထိုင်းနိုင်ငံဘက်က ရှင်းပါတယ်။” ဟု ဦးဇော်ဌေးက ဆက် ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ချုပ် ပရာဝစ်(တ်)ဝုန်ဆူဝန်တို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံမှ အလုပ်သမားဝန်ကြီး၊ ရဲချုပ်၊ အမျိုးသားလုံခြုံ ရေး ကောင်စီအတွင်းရေးမှူး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စီမံကိန်းဆိုင်ရာဥက္ကဌ၊ ထိုင်းနိုင်ငံသံအမတ်တို့ပါ ဝင် ကာ မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ အလုပ်သမား နှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ တက် ရောက်ကြကြောင်းသိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …