Saturday , December 2 2017
Home / သတင်း / နိုင်ငံတကာသတင်း / မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေး တည်ဆောက်ရန် လန်ဒန်မြို့တော်ဝန် မြန်မာနိုင်ငံသို့လာမည်

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေး တည်ဆောက်ရန် လန်ဒန်မြို့တော်ဝန် မြန်မာနိုင်ငံသို့လာမည်

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေးတည်ဆောက်ရန်၊ ဒေသဆိုင်ရာမိတ်ဖက်နှင့် လန်ဒန်မြို့တော်တို့ကြား ဆက်ဆံရေးခိုင်မာလာစေရန် ဖေဖော်ဝါရီ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဂုဏ်ထူးဆောင် လန်ဒန်မြို့တော်ဝန် အယ်လဒါမယ်(န်) အယ်လယ်(န်) ယဲရိုးမှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

လန်ဒန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာနိုင်ငံကို သွားရောက်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်းနှင့်စိတ်လှုပ်ရှားစရာကောင်းလှတဲ့ နိုင်ငံမှာ ဗြိတိသျှ ကုမ္ပဏီတွေအတွက်ရှိနေတဲ့ အခွင့်အလမ်းတွေကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ရတော့မယ်လို့ မျှော်လင့်မိပါတယ်။ ဟု လန်ဒန် မြို့တော်ဝန် အယ်လဒါမယ်(န်) အယ်လယ်(န်) ယဲရိုးမှ မြန်မာနိုင်ငံသို့ မလာရောက်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်စေရန် လန်ဒန်မှ ၀န်ဆောင်မှုများ၊ ကမ္ဘာအဆင့် ကျွမ်းကျင်မှုများအား မြန်မာနိုင်ငံသို့ မိတ်ဆက်ပေးသွားမည်ဖြစ်သည့်အပြင်ဘဏ္ဍာရေးအပါအ၀င် ပညာရေး၊ကျန်းမာရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံလုပ်ငန်းများတွင် ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်းလည်း ဆက်ပြောသည်။

လန်ဒန် မြို့တော်ဝန် လာရောက်ရာတွင် မြန်မာနိုင်ငံနှင့်ထိတွေ့ချိတ်ဆက်လိုသော ဗြိတိသျှ စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည်လည်း မြို့တော်ဝန်နှင့်အတူ လိုက်ပါလာမည် ဖြစ်ကြောင်း သိရသည်။

လန်ဒန်မြို့တော်ဝန်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဗဟိုဘဏ်မှ တာဝန်ရှိသူများကိုပါ တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင်  မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ် ကိုလည်း တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Check Also

တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ (၁)ကုဗမီတာလျှင် တစ်ယွမ်အရှုံးပေါ်ဟုဆို

တရုတ်-အမျိုးသားရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာတို့ အကျိုးတူပူပေါင်းဆောင်ရွက်ပြီး စီးပွားရေး အကျိုး အမြတ်ရှိသော တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ အမေရိကန်ဒေါ်လာ သန်း(၂၈၀) အရှုံး ပေါ်နေ ကြောင်း …