Saturday , December 2 2017
Home / သတင်း / နိုင်ငံတကာသတင်း / အရှေ့တောင်အာရှ porn ၀ဘ်ဆိုဒ် ၀င်ကြည့်နှုန်း၌ မြန်မာဒုတိယလိုက်

အရှေ့တောင်အာရှ porn ၀ဘ်ဆိုဒ် ၀င်ကြည့်နှုန်း၌ မြန်မာဒုတိယလိုက်

 

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၌ ညစ်ညမ်းဝဘ်ဆိုဒ် ၀င်ရောက်ကြည့်ရှုမှု အများဆုံးနိုင်ငံဖြစ်ကြောင်း အွန်လိုင်းဗွီဒီယိုကုမ္ပဏီ၏ ၂၀၁၄ခုနှစ် သုတေသန မှတ်တမ်းများအရ သိရှိရကြောင်း ဒီဇင်ဘာ (၁၈)ရက်နေ့ ထုတ်  The Starသတင်းစာ၌ ဖော်ပြပါရှိသည်။

Porn hub အွန်လိုင်းဗီဒီယိုကုမ္ပဏီက ထုတ်ပြန်သော စစ်တမ်းတွင် အဆိုပါ ညစ်ညမ်းဝဘ်ဆိုဒ်များ ၀င်ရောက် ကြည့်ရှုရန် ပျမ်းမျှကြာချိန်ကို တွက်ချက်၍ အဆင့်ခွဲခြားသတ်မှတ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဌ Corey Price ကမလေးရှားသတင်းဌာန  The Starသို့ ပြောကြားထားသည်။

အဆိုပါစစ်တမ်းအရ မလေးရှားနိုင်ငံသည် ညစ်ညမ်းဝဘ်ဆိုဒ်သို့ဝင်ရောက်ကြည့်သော ပျှမ်းမျှကြာချိန် ၁၂မိနစ်နှင့် ၀၅ စက္ကန့်ရှိသည်။

မလေးရှားနိုင်ငံပြီးလျှင် မြန်မာသည် ၁၀မိနစ် ၅၄စက္ကန့်၊ အင်ဒိုနီးရှားသည် ၁၀မိနစ်၁၁စက္ကန့်၊ စင်္ကာပူသည် ၁၀မိနစ် ၅၄စက္ကန့်၊ ဘရူနိုင်းသည် ၉မိနစ်နှင့် ၄၅စက္ကန့်၊ လာအိုသည် ၈မိနစ်နှင့် ၂၈စက္ကန့်၊ ဗီယက်နမ်သည် ၈မိနစ်နှင့် ၂၄စက္ကန့်၊ ထိုင်းသည် ၈မိနစ်နှင့် ၁၅စက္ကန့်နှင့် ကမ္ဘောဒီယားသည် ၈မိနစ်နှင့် ၀၇စက္ကန့်အသီးသီး ရှိခဲ့ကြောင်း စစိတမ်းများအရ သိရှိရသည်။

ဒီကြာချိန်တွေက ကျွန်တော်တို့ဝဘ်ဆိုဒ်အပြင် ချိတ်ဆက်ထားတဲ့ အပြာဝဘ်ဆိုဒ်တွေ ၀င်ကြည့်တဲ့ ကြာချိန် ကိုပါ ထည့်တွက်ထားတာပါ ဟု Corey Price က ပြောသည်။

အထက်ပါအချိန်များသည် အပြာဝဘ်ဆိုဒ်သို့ ၀င်ရောက်ကြည့်ရှုသူများ၏ ကြာချိန်ကို တွက်ချက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

နည်းပညာအဆင့်မြင့်လာသလို ညစ်ညမ်းဝဘ်ဆိုဒ်တွေ ၀င်ရောက်ကြည့်ရှုဖို့ အရမ်းလွယ်ကူ သွားတယ်။ ကလေးတွေနဲ့ အရွယ်မရောက်သေးတဲ့သူတွေက စမတ်ဖုန်းတွေကတဆင့် အပြာဝဘ်ဆိုဒ်တွေကို အလွယ် တကူရှာဖွေကြည့်နိုင်ပြီး လမ်းမှားကို ရောက်သွားစေနိင်ပါတယ် ဟု Perdana တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ Dr.Andrew Mohanraj က ဆိုသည်။

တချို့နိုင်ငံများ၌ အဆိုပါညစ်ညမ်းဝဘ်ဆိုဒ်များအား လွတ်လွတ်လပ်လပ်ကြည့်ရှုခွင့်ရှိကြောင်း၊ အရှေ့တောင် အာရှနိုင်ငံအများစုမှာမူ အဆိုပါဝက်ဆိုဒ်များကို တားမြစ်ထားကြောင်း သိရှိရသည်။

Check Also

တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ (၁)ကုဗမီတာလျှင် တစ်ယွမ်အရှုံးပေါ်ဟုဆို

တရုတ်-အမျိုးသားရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာတို့ အကျိုးတူပူပေါင်းဆောင်ရွက်ပြီး စီးပွားရေး အကျိုး အမြတ်ရှိသော တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ အမေရိကန်ဒေါ်လာ သန်း(၂၈၀) အရှုံး ပေါ်နေ ကြောင်း …