Friday , December 1 2017
Home / သတင်း / နိုင်ငံတကာသတင်း / တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ (၁)ကုဗမီတာလျှင် တစ်ယွမ်အရှုံးပေါ်ဟုဆို

တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ (၁)ကုဗမီတာလျှင် တစ်ယွမ်အရှုံးပေါ်ဟုဆို

တရုတ်-အမျိုးသားရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာတို့ အကျိုးတူပူပေါင်းဆောင်ရွက်ပြီး စီးပွားရေး အကျိုး အမြတ်ရှိသော တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ အမေရိကန်ဒေါ်လာ သန်း(၂၈၀) အရှုံး ပေါ်နေ ကြောင်း CNPC ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၇၉၃ ကီလိုမီတာ အရှည်ရှိသည့်  သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်ပို့လွှတ်နိုင်ခဲ့သော်လည်း ပမာဏအပြည့်အ၀ အသုံးမချနိုင်သေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

CNPC ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ ၁ ဒသမ ၈၇ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့ပြီး သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်း (၆၀)ကို မြန်မာပြည်တွင်း၌ အသုံးပြုခဲ့ကြောင်း သိရသည်။

လက်ရှိ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ CNPC သည် ၂၀၁၃ ခုနှစ်တွင် လုပ်ငန်းဆောင်ရွက်မှု ကုန်ကျ စရိတ် အမေရိကန်ဒေါ်လာ (၁)ဘီလီယံကုန်ကျခဲ့သည်။

တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ ကုဗမီတာ (၁၂)ဘီလီယံ ပို့လွှတ် နိုင်ရန် တည်ဆောက်ခဲ့သော်လည်း ၂ ဒသမ ၄၇ ဘီလီယံ ကုဗမီတာသာ ပို့လွှတ်နိုင်သောကြောင့် ၂၀ ရာခိုင် နှုန်းသာ အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

CNPC လက်အောက်ခံ Petro Chin ကုမ္ပဏီ၏ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာမှ တင်သွင်း သော သဘာဝဓါတ်ငွေ့ ကုဗမီတာ (၄၀၉)သန်း ရောင်းချခဲ့ပြီး ယွမ်ငွေသန်းပေါင်း (၄၂၀) အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် နှစ်ဝက်အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၃ ဘီလီယံ တင်သွင်း ခဲ့ပြီး ယွမ်ငွေ  ၁ ဒသမ ၃ ဘီလီယံအရှုံးပေါ်ကြောင်း ဖော်ပြထားသည်။

Ref; Yansun

Check Also

အရှေ့တောင်အာရှ porn ၀ဘ်ဆိုဒ် ၀င်ကြည့်နှုန်း၌ မြန်မာဒုတိယလိုက်

  မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၌ ညစ်ညမ်းဝဘ်ဆိုဒ် ၀င်ရောက်ကြည့်ရှုမှု အများဆုံးနိုင်ငံဖြစ်ကြောင်း အွန်လိုင်းဗွီဒီယိုကုမ္ပဏီ၏ ၂၀၁၄ခုနှစ် သုတေသန မှတ်တမ်းများအရ သိရှိရကြောင်း ဒီဇင်ဘာ (၁၈)ရက်နေ့ ထုတ်  The …