Thursday , August 2 2018
Home / FNews / နာတာရှည် အူရောင်ရောဂါရဲ့ လက္ခဏာတွေ

နာတာရှည် အူရောင်ရောဂါရဲ့ လက္ခဏာတွေ

 

နာတာရှည်အူရောင်ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အူတွေဟာ ပြသနာတစ်ခုခု ချို့ယွင်းမှု တစ်ခုခုကြောင့် ကာလကြာရှည်ရောင်ရမ်းနာကျင်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ခုခံအားစနစ်က ခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်တာကြောင့် ဖြစ်ရတယ်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးလေ့လာမှုတွေအရတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ခုခံအားစနစ်ဟာ ခန္ဓာကိုယ်ထဲက အကျိုးပြု ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ အစားအစာတွေကို တိုက်ထုတ်တာကြောင့် ရောင်ရမ်းမှုကို ဖြစ်စေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နာတာရှည်အူရောင်ရောဂါမှာ အမျိုးအစား နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ Ulcerative colitis လို့ခေါ်ပြီး ကျန်တဲ့ တစ်မျိုးကိုတော့ Crohn’s disease လို့ ခေါ်ပါတယ်။ Ulcerative colitis ကတော့ အူမနဲ့ အူမကြီးမှာသာ ဖြစ်နိုင်ပြီး Crohn’s disease ရောဂါကတော့ အစာခြေအူလမ်းကြောင်းတစ်လျှောက် ပါးစပ်ကနေ စအိုဝအထိ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီရောဂါဟာ အူသိမ်ရဲ့ နောက်ဆုံးအပိုင်းနဲ့ အူမ တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေ

ရောဂါရဲ့ ပြင်းထန်မှုနဲ့ ဖြစ်ပွားတဲ့ နေရာကိုလိုက်ပြီး နာတာရှည်အူရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ ကွဲပြားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ၀မ်းပျက်ဝမ်းလျောခြင်း၊ ဖျားနာပြီး အားအင်ကုန်ခမ်းခြင်း၊ ၀မ်းဗိုက်နာကျင်ခြင်းနဲ့ ဗိုက်အောင့်ခြင်း၊ ၀မ်းသွားတဲ့အခါ သွေးပါခြင်း၊ အစာစားချင်စိတ် လျော့နည်းသွားခြင်း၊ ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ

အူလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ အမူအကျင့်တွေ ပြောင်းလဲသွားရင်၊ နာတာရှည်အူရောင်ရောဂါလက္ခဏာတွေကို ခံစားရရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့သင့်ပါတယ်။ ဒီရောဂါဟာ အရမ်းပြင်းထန်တဲ့ ရောဂါတစ်ခုမဟုတ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မယ့် အခြေအနေတွေအထိ ဖြစ်လာနိုင်ပါတယ်။

ရောဂါဖြစ်ရခြင်းအကြောင်းအရင်း

ဒီရောဂါဖြစ်ရခြင်းရဲ့ တိကျတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှ မသိပါဘူး။ အရင်ကတော့ အစာစားတဲ့ ပုံစံနဲ့ စိတ်ဖိစီးမှုတွေဟာ ဒီရောဂါကို ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ကြပေမယ့်လည်း နောက်ပိုင်းလေ့လာမှုတွေအရတော့ ဒီအရာတွေဟာ ရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းမဟုတ်ဘဲ ရောဂါကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းအရင်းတွေသာ ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ခုခံအားစနစ် ပုံမမှန်ခြင်းကြောင့် ဒီရောဂါကို ဖြစ်စေတာ ဖြစ်နိုင်ပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …