Thursday , October 18 2018
Home / FNews / ကမ္ဘာ့ အ၀ဆုံးနံပါတ်တစ် နိုင်ငံနေမှာမှာ အမေရိကန်နိုင်ငံ ရပ်တည်

ကမ္ဘာ့ အ၀ဆုံးနံပါတ်တစ် နိုင်ငံနေမှာမှာ အမေရိကန်နိုင်ငံ ရပ်တည်

 

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာတော့ ၀တဲ့လူတွေအများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ လေ့လာသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ နိုင်ငံ ၁၀ နိုင်ငံရဲ့ တရားဝင်ထုတ်ပြန်တဲ့ အချက်အလတ်တွေအရ သာမန်အမေရိကန်လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် ၁၉၆ ပေါင် ရှိကြတယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံသားတွေကတော့ ပျမ်းမျှခန္ဓာကိုယ်အလေးချိန် ၁၈၉ ပေါင်နဲ့ ဒုတိယအ၀ဆုံး နေရာမှာ ရှိနေကာ အင်္ဂလန်နိုင်ငံသားတွေကတော့ ၁၈၆ ပေါင်နဲ့ အ၀ဆုံး တတိယနေရာမှာ ရပ်တည်နေပါတယ်။

အ၀လွန်နိုင်ငံတွေရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတတ်မှု အဖွဲ့အစည်းက နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲက အချက်အလတ်တွေဟာ လက်ရှိလေ့လာဖော်ထုတ်မှုမှာ ထင်ဟပ်နေပါတယ်။ ဒီလေ့လာမှုအသစ်ထဲမှာ နိုင်ငံတွေက လူတွေရဲ့ ပျမ်းမျှသက်တမ်းနဲ့ ပျမ်းမျှအရပ်အမြင့်တို့ကိုပါ ထည့်တွက်ထားပါတယ်။ အချက်အလတ်တွေအရ အမေရိကန်နိုင်ငံသားတွေဟာ ဂျပန်နိုင်ငံသား၊ သြစတြေးလျနိုင်ငံသားတွေထက် လေးနှစ်စောပြီး သေဆုံးတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

အမေရိကန်နိုင်ငံသားတွေဟာ ပျမ်းမျှအားဖြင့် သက်တမ်း ၇၆.၉ နှစ်အထိ အသက်ရှည်ကြပြီး ပညာရှင်တွေဟာ နိုင်ငံထဲက လူတွေရဲ့ အ၀လွန်ခြင်းအပေါ်အမြဲတမ်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် သြစတြေးလျနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာတော့ လူတစ်ဦးရဲ့ ပျမ်းမျှသက်တမ်းဟာ ၈၀.၉ နှစ် ဖြစ်ပါတယ်။ လေ့လာမှုရဲ့ အချက်အလတ်တွေအရ ဗြိတိန်နိုင်ငံကလူတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ အနှစ် ၈၀ ရှိတယ်လို့ ဆိုပါတယ်။ မြေထဲပင်လယ် အစားအစာတွေနဲ့ နာမည်ကြီးတဲ့ အီတလီနိုင်ငံသားတွေကတော့ ပျမ်းမျှသက်တမ်း ၈၀.၅ နှစ်နဲ့ ဥရောပရဲ့ အသက်အရှည်းဆုံးလူမျိုးတွေအဖြစ် ရပ်တည်နေပါတယ်။

အရပ်အမြင့်မှာတော့ ဒက်ခ်ျလူမျိုးတွေဟာ ပျမ်းမျှ အရပ်အမြင့် ၆ ပေနဲ့ အရပ်အရှည်ဆုံးနေရာမှာရှိနေပြီး ဂျပန်ပန်လူမျိုးတွေကတော့ ပျမ်းမျှအရပ် ၅ ပေ ၇ လက်မရှိလို့ အရပ်အနိမ့်ဆုံးပဲ ဖြစ်ပါတယ်။ အချက်အလတ်တွေအရ ဗြိတိန်နိုင်ငံသားတွေရဲ့ အရပ်ဟာ ပျမ်းမျှ ၅ ပေ ၁၀ လက်မရှိတာကြောင့် ပျမ်းမျှအရပ် ၅ ပေ ၉.၅ လက်မရှိတဲ့ အမေရိကန်လူမျိုး၊ ပျမ်မျှအရပ် ၅ ပေး ၉ လက်မရှိတဲ့ သြစတြေးလျလူမျိုးတွေထက် အရပ်နည်းနည်းပိုမြင့်ပါတယ်။

အမေရိကန်နိုငံဟာ ကမ္ဘာအချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေပေမယ့်လည်း နိုင်ငံသားတွေဟာ အ၀လွန်နေတာကြောင့် ဘ၀သက်တမ်းတိုနေရတာဖြစ်တယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ Froza Supplements ရဲ့ မန်နေးဂျင်းဒါရိုက်တာ Lee Smith က ပြောခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ ကောက်ယူခဲ့တဲ့ အချက်အလတ်တွေအရ အမေရိကန်နိုင်ငံသားတွေရဲ့ ၃၈.၂ ရာခိုင်နှုန်းဟာ အ၀လွန်နေကြတယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အီတလီနိုင်ငံမှာ အ၀လွန်သူ ၁၀ ရာခိုင်နှုန်း၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ အ၀လွန်သူ ၁၇ ရာခိုင်နှုန်းနဲ့ ဂျာမနီနိုင်ငံမှာ အ၀လွန်သူ ၂၄ ရာခိုင်နှုန်းရှိပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …