Friday , October 19 2018
Home / သတင်း / ကျန်းမာရေးသတင်း / ကင်ဆာရောဂါဆေးတွေကြောင့် လက်သည်းနဲ့ အရေပြားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ

ကင်ဆာရောဂါဆေးတွေကြောင့် လက်သည်းနဲ့ အရေပြားမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ

ကင်ဆာရောဂါဝေဒနာရှင်တွေဟာ ဆေးကုသခံယူနေရတဲ့အချိန်မှာ အရေပြားနဲ့ လက်သည်းတွေ ပျက်စီးမှုဖြစ်တတ်ပါတယ်။ ကင်ဆာရောဂါကုထုံးတချို့ဟာ အရေပြားကို ခြောက်သွေ့စေပြီး လက်သည်းခွံလေးတွေကို ကြွပ်ဆက်စေပါတယ်။

ဒါပေမယ့် နေထိုင်မှုပုံစံအနည်းငယ်ပြောင်းလိုက်ရုံနဲ့ ဒီလိုပျက်စီးမှုတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးမှာကတော့ ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ဝေဒနာရှင်တစ်ယောက်ဟာ လက်သည်းနဲ့ အရေပြားတွေကို မပျက်စီးအောင်ထိန်းသိမ်းဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်အလတ်လေးတွေပဲ ဖြစ်ပါတယ်။
အရေပြားထိန်းသိမ်းခြင်းအတွက် အကြံပြုချက် ၅ ချက်
ကင်ဆာရောဂါကို ဓါတုကုထုံးနဲ့ ကုသနေသူတွေမှာ အရေပြားခြောက်သွေ့တာဟာ မဖြစ်မနေကြုံတွေ့ရမယ့် ပြသနာဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးနဲ့ ကုသသူတွေမှာတော့ အရေပြားနီမြန်းခြင်း၊ အရေပြားအဖက်လှန်ပြီး အရေခွံကွာခြင်းနဲ့ အနာပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။

အရေပြားခြောက်သွေ့လာတဲ့အခါမှာ ပိုမိုယားယံလာတာကြောင့် ကုတ်လိုက်မိတဲ့အခါ အရေပြားပွန်းပဲ့ပြီး အရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ အောက်မှာဖော်ပြပေးမယ့် အချက်လေးတွေကို လိုက်နာခြင်းအားဖြင့် ဒီလိုအရေပြားပျက်စီးခြင်းကနေ ကာကွယ်နိုင်မှာပါ။
ရေဓါတ်ကို ထိန်းသိမ်းပါ- ဆရာဝန်က ရေများများသောက်ခွင့်ပြုထားတယ်ဆိုရင်တော့ ရေကို များများသောက်သင့်ပါတယ်။
နေရောင်ခြည်မှ ကာကွယ်ပါ- အရည်အသွေးကောင်းမွန်တဲ့ နေရောင်ကာလိမ်းဆေးကို နေရောင်ခြည်နဲ့ ထိတွေ့မှုရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လိမ်းပေးပါ။ နေရောင်ကာကွယ်နိုင်တဲ့ အ၀တ်အစားအသုံးအဆောင်တွေကို သုံးပေးပါ။
ခန္ဓာကိုယ်အစိုဓါတ်ကို ထိန်းသိမ်းပါ- အထူးသဖြင့် လက်ဆေးပြီးခါစအချိန်နဲ့ အိပ်ယာမ၀င်ခင်အချိန်တွေမှာ moisturizer ကို လိမ်းပေးပါ။
ရေချိုးတဲ့အခါမှာ အရေနွေးနဲ့ ချိုးပေးပါ- ရေချိုးပြီး သုံးမိနစ်ကနေ ငါးမိနစ်အချိန်ဟာ moisturizer ကို အရေပြားက စုပ်ယူမှုအားအကောင်းဆုံးအချိန်ဖြစ်လို့ ဒီအချိန်မှာ moisturizer ကို လိမ်းပေးသင့်ပါတယ်။
ကြေးတွန်းပေးပါ- အရေပြားကို ကြေးတွန်ပေးဖို့ နူးညံ့တဲ့ အ၀တ်စလေးကို သုံးပြီး ပွတ်ပေးပါ။ အရေပြားအပေါ်ယံက အညစ်အကြေးတွေကို ဖယ်ရှားလိုက်တာကြောင့် moisturizer လိမ်းတဲ့အခါ စုပ်ယူမှုအားပိုကောင်းမှာပါ။ ဓါတ်ရောင်ခြည်နဲ့ ကုသမှုခံယူနေတယ်ဆိုရင်တော့ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့တဲ့နေရာကို အ၀တ်နဲ့ ပွတ်တိုက်ခြင်းကို ရှောင်ကျဉ်ပါ။
လက်သည်းထိန်းသိမ်းဖို့ အကြံပြုချက် ၄ ချက်
ဓါတုကုထုံးနဲ့ ကုသမယ်ဆိုရင်တော့ တခါတလေမှာ ခြေသည်းနဲ့ လက်သည်းတွေမှာ အစင်းရာတွေ အထစ်တွေ ဖြစ်တတ်ပါတယ်။ ခြေသည်းလက်သည်းတွေရဲ့ အရောင်ဟာလည်း အညိုရောင် ဒါမှမဟုတ် အမဲရောင်ပြောင်းသွားနိုင်ပြီး တခါတရံ လက်သည်းခွံတွေ ကျွတ်ထွက်တတ်ပါတယ်။

ဒီလို ပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် နည်းလမ်းလေးတွေကတော့
လက်သည်းပုံမှန်ညှပ်ပေးပါ- လက်သည်းတွေကို အရှည်မခံဘဲ ပုံမှန်ညှပ်ပေးပြီး သန့်ရှင်းအောင်ထားရပါမယ်။ လက်သည်းထောင့်တွေ ချွန်နေတာ၊ လက်သည်းညှပ်တဲ့အခါ လက်သည်းပြတ်ကျန်နေတာမျိုးမဖြစ်အောင် ဂရုစိုက်ရပါမယ်။
လက်သည်းအလှပြင်ဆိုင်တွေဆီမသွားပါနဲ့- လက်သည်းပြင်ဆိုင်တွေမှ လက်သည်းပြုပြင်တာမျိုး သွားမလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေမှာ ရောဂါပိုးဝင်ရောက်နိုင်ခြေ အရမ်းများလို့ပါ။ ကိုယ်တိုင်လက်သည်းနီဆိုးတဲ့အခါမှာလည်း လက်သည်းနီအပြင်းစားတွေဆိုးခြင်းကို ရှောင်ကျဉ်ရပါမယ်။
လက်တွေကို ကာကွယ်ပါ- တောက်တိုမယ်ရအလုပ်တွေလုပ်တဲ့အခါမှာ ဒါမှမဟုတ် ဓါတုပစ္စည်းတွေနဲ့ လက်တွေကို ထိခိုက်နိုင်ခြေရှိတဲ့အခါမျိုးမှာ လက်အိတ်ကို စွပ်ထားရပါမယ်။
လိုအပ်ပါက အကူအညီတောင်းပါ- ကိုယ့်ရဲ့ လက်သည်းခွံ ကျွတ်ထွက်သွားတယ်ဆိုရင်တော့ ဆရာဝန်ဆီက အကူအညီတောင်းခံရမှာပါ။ ဒီအခါမှာ ဆရာဝန်က ရောဂါပိုးမ၀င်ရောက်နိုင်အောင် ပဋိဇီဝ ပိုသတ်ဆေးကို ပေးပါလိမ့်မယ်။
ကင်ဆာရောဂါကုသတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးဟာ တခါတလေမှာ တကယ်ကိုကြီးမားတဲ့ ပြသနာတစ်ခု ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ အကြံပြုချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ ဒီဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်လာတဲ့ လက်သည်းနဲ့ အရေပြားပျက်စီးမှုတွေကို သက်သာလျော့ပါးစေမှာပါ။
REF

Check Also

ကမ္ဘာ့ အ၀ဆုံးနံပါတ်တစ် နိုင်ငံနေမှာမှာ အမေရိကန်နိုင်ငံ ရပ်တည်

  အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာတော့ ၀တဲ့လူတွေအများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ လေ့လာသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။ နိုင်ငံ ၁၀ နိုင်ငံရဲ့ တရားဝင်ထုတ်ပြန်တဲ့ အချက်အလတ်တွေအရ သာမန်အမေရိကန်လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် ၁၉၆ …