Friday , October 19 2018
Home / FNews / ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

 
မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် အမျိုးသမီးတွေ ဘယ်လို ဓမ္မတာလာခြင်းဟာ ဘယ်လိုကျန်းမာရေးပြသနာရှိစေတယ်ဆိုတာကိုတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။
မအင်္ဂါက ထွက်တဲ့ အရည်ဟာ တခါတရံမှာ ကြည်လင်ပြီး ရိုးရိုးရေနဲ့ ဆင်တူပါတယ်။ ၀ါစိမ်းရောင်လည်းရှိနိုင်ပြီး နို့လိုမျိုးအဖြူရောင်လည်းဖြစ်နိုင်ကာ ဒိန်ချဉ်နဲ့လည်း တူနိုင်ပါတယ်။ ဒီအရောင်တွေဟာ ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်ခြင်းအားဖြင့် ပြသနာတစ်ခုခုရှိ မရှိကို သိနိုင်ပြီး ပြသနာရှိခဲ့ရင်လည်း အကောင်းဆုံးကုသနိုင်မှာပါ။
အဖြူရောင်
မအင်္ဂါက ပုံမှန်ထွက်တဲ့ အရည်ဟာ အကြည်ရောင်ဖြစ်နိုင်သလို နိုနှစ်ရောင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြူရောင်စစ်စစ် ထွက်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ ဒီနှစ်ခုကတော့-
မမျိုးဥထွက်ခြင်း- အမျိုးသမီး အင်္ဂါက ထွက်တဲ့ အရည်ဟာ ရာသီလာနေစဉ်အတွင်းမှာ အရောင်ရော အပျစ်အကျဲပါ ပုံမှန်နဲ့ ကွာခြားသွားပါတယ်။ မျိုးဥကြွေတဲ့ အချိန်အတွင်းမှာတော့ ပိုပြီး ပျစ်တဲ့ အဖြူရောင်အရည်တွေ ထွက်တတ်ပါတယ်။


အဖြူဆင်းခြင်း- Candida albicans မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းကြောင့် ပျစ်ခဲတဲ့ ဒိန်ခဲနဲ့ ပုံစံတူတဲ့ အဖြူရောင်အရည်တွေထွက်ပါတယ်။ ဒီအချိန်မှာ အင်္ဂါယားယံခြင်းနဲ့ အရေပြားပွန်းပဲ့ခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။
မီးခိုးရောင်
မအင်္ဂါကနေ မီးခိုးရောင် အရည်ထွက်ခြင်းဟာ Bacterial vaginosis (BV) လို့ခေါ်တဲ့ ရောဂါပိုးကူးစက်မှုကြောင့်ဖြစ်ပြီး အသက် ၃၅ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ် အမျိုးသမီးတွေမှာ  ဒီရောဂါဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးကူစက်မှုဟာ ပုံမှန်ဖြစ်တတ်ပြီး အပုပ်နံ့ထွက်တဲ့ မီးခိုးရောင် အဖြူရည်ကျဲကျဲတွေ ထွက်တတ်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့နောက်မှာ အနံ့ထွက်ခြင်းနဲ့ အရည်ထွက်ခြင်းဟာ ပိုမိုသိသာပြီး ရာသီစက်ဝန်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဒီလိုဖြစ်ပြီဆိုရင်တော့ မအင်္ဂါလိမ်းဆေးဆီနှစ်မျိုးဖြစ်တဲ့ metronidazole ဂျယ်လ် နဲ့ clindamycin ခရင်မ် တွေကို လိမ်းနိုင်ပြီး သောက်ဆေးသောက်ခြင်းဖြင့်လည်း ထိထိရောက်ရောက် ကုသနိုင်ပါတယ်။
အ၀ါစိမ်းရောင်
Desquamative inflammatory vaginitis (DIV) ရောဂါပိုးကြောင့်ဖြစ်တဲ့ ၀ါစိမ်းရောင် အရည်ထွက်ခြင်းကတော့ သွေးဆုံးပြီးလို့ ခန္ဓာကိုယ်တွင်းမှာ အီစထရိုဂျင်ဓါတ် လျော့နည်းနေတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါပိုးကူးစက်ခံရတဲ့အခါမှာ မအင်္ဂါရဲ့ အရေပြားနံရံတွေဟာ ပါးလာပြီး ရောင်ရမ်းလာကာ သူ့ရဲ့လုပ်ဆောင်မှုတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ပါဘူး။

ဝါစိမ်းရောင်အရည်ထွက်ခြင်းလည်းဖြစ်ပေါ်ပြီး လိင်ဆက်ဆံတဲ့အခါမှာလည်း တခါတရံ နာကျင်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ လိမ်းဆေးလိမ်းရပါမယ်။

ယားယံခြင်း ပူစပ်ခြင်းနဲ့ နာကျင်ခြင်းတွေကို ပျောက်ကင်းစေဖို့ အီစထရိုဂျင်လိမ်းဆေးကိုလည်း လိမ်းပေးနိုင်ပါတယ်။
အပေါ်မှာဖော်ပြခဲ့သလို တစ်မျိုးမျိုးဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အရည်ရဲ့ အရောင် အပျစ်အကျဲနဲ့ အနံ့တွေကိုလည်း ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောပြသင့်ပြီး ယားယံခြင်း၊ လိင်ဆက်ဆံခြင်း၊ ရာသီစက်ဝန်းတို့နဲ့ ဆက်နွယ်ခြင်းရှိမရှိ ကိုပါ ဆရာဝန်ကိုပြောပြရပါမယ်။
REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …