Monday , November 27 2017
Home / FNews / ရင်သားကင်ဆာကို ဘယ်လို ခွဲစိပ်နည်းနဲ့ ကုသတာ အကောင်းဆုံးလဲ

ရင်သားကင်ဆာကို ဘယ်လို ခွဲစိပ်နည်းနဲ့ ကုသတာ အကောင်းဆုံးလဲ

 

အမျိုးသမီးတွေကြားထဲမှာ အဖြစ်များလာတဲ့ ရင်သားကင်ဆာကို ခွဲစိပ်ကုသရတော့မယ့်ဆိုရင်တော့ ကုသဖို့ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ ပထမနည်းလမ်းကတော့ ကင်ဆာဖြစ်နေတဲ့ ရင်သားတစ်ခုလုံးကို ခွဲစိပ်ဖယ်ရှားလိုက်ခြင်း (mastectomy) နဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကင်ဆာပျံ့ပွားနေတဲ့ နေရာလေးကိုပဲ ကွက်ပြီး ခွဲစိပ်လိုက်ခြင်း( lumpectomy) တို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်မျိုးထဲက နည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်ရမှာပါ။

ဒီရွေးချယ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ဒီနည်းလမ်းနှစ်မျိုးရဲ့ သေးစိပ်အကြောင်းအရာတွေကို အောက်မှာ ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ရင်သားတစ်ခုလုံးဖယ်ရှားခြင်းနည်းလမ်း(mastectomy) ကို ရွေးချယ်မယ်ဆို။

ဒီနည်းလမ်းကိုရွေးချယ်မယ်ဆိုရင်တော့ ရင်သားကို ပြန်လည်တည်ဆောက်မလားဆိုတဲ့ အချက်ကို စဉ်းစားရပါမယ်။ တချို့အမျိုးသမီးတွေကလည်း ရင်သားကို ပြန်လည်ဖန်တီးတည်ဆောက်ကြပြီး တချို့အမျိုးသမီးတွေကလည်း ရင်သားကို ပြည်လည်တည်ဆောက်တဲ့ နည်းလမ်းကို မရွေးချယ်ကြပါဘူး။ ရင်သားပြန်လည်တည်ဆောက်ပြီး နဂိုရင်သားပုံစံအတိုင်း ပြန်လည်ရယူဖို့ ခွဲစိပ်ပညာရှင်က plastic surgery နည်းပညာကိုသုံးပြီး ရင်သားကို ပြန်လည်တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ခွဲစိပ်ပညာရှင်က ရင်သားရဲ့ အစိတ်အပိုင်းတချို့နဲ့ နို့သီးခေါင်းကို ချန်ထားခဲ့ပြီး ခွဲစိပ်တဲ့ နည်းလမ်းကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခွဲစိပ်ဆရာဝန်ဟာ တစ်ရှုးတွေပွားများလာစေတဲ့ ယာယီကိုယ်အင်္ဂါအစားထိုးကုသမှုဒါမှမဟုတ် လူနာရဲ့ ကိုယ်ပိုင်တစ်ရှုးနဲ့ အစားထိုးကုသမှုကို ပြုလုပ်ပြီး ရင်သားပုံစံကို ပြန်လည် တည်ဆောက်ယူမှာ ဖြစ်ပါတယ်။

ကင်ဆာဖြစ်တဲ့နေရာကိုပဲ ခွဲစိပ်ခြင်းနည်းလမ်း (lumpectomy) ကို ရွေးချယ်မယ်ဆို။

ဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ ဆရာဝန်ဟာ ကင်ဆာဖြစ်နေတဲ့ နေရာနဲ့ သူ့ရဲ့ အနီးနားမှာရှိတဲ့ တစ်ရှုးတွေကိုပဲ ဖယ်ထုတ်မှာ ဖြစ်ပါတယ်။ ဒီခွဲစိပ်ကုသနည်းနဲ့ ကုသမယ်ဆိုရင်တော့ မူလရင်သားကိုဖယ်ထုတ်စရာမလိုဘဲ ဆက်လက်ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ ရင်သားကို ကင်ဆာထပ်ပြီး မဖြစ်စေဖို့အတွက် ဓါတ်ရောင်ခြည် ကုထုံးနဲ့ပါ ကုသရမှာ ဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်နဲ့ ကုသတဲ့နေရာမှာလည်း နည်းလမ်းအမျိုးမျိုး ရှိပါသေးတယ်။

တချို့အမျိုးသမီးတွေကတော့ သုံးပတ်လောက် ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို ခံယူဖို့ လိုအပ်ပြီး တချို့အမျိုးသမီးတွေကတော့ ခွဲစိပ်နေစဉ်အတွင်းမှာ တစ်ကြိမ်သာ ဓါတ်ရောင်ခြည်နဲ့ ကုသမှုကို ခံယူဖို့ လိုအပ်ပါတယ်။ ဘယ်နည်းလမ်းကို အသုံးပြုရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ အသေးစိပ် ဆွေးနွေးရမှာပါ။

ဘယ်ခွဲစိပ်မှုနည်းလမ်းက အကောင်းဆုံးလဲ။

အမျိုးသမီးတွေဟာ ရင်သားကင်ဆာလို့ ကြားလိုက်တာနဲ့ အပြင်းထန်ဆုံးခွဲစိပ်ကုသမှုကို အထိရောက်ဆုံးလို့ ထင်နေတတ်ကြပါတယ်။ mastectomy ခွဲစိပ်နည်းဟာ ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားနိုင်ခြေ ၅ ရာခိုင်နှုန်းရှိပြီး lumpectomy ခွဲစိပ်ကုသနည်းကတော့ ကင်ဆာ ပြန်လည်ဖြစ်ပွားနိုင်ခြေ ၁၂ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့် ကင်ဆာပြန်လည်ဖြစ်ပွာနိုင်ခြေကို အမြဲတမ်းတော့ ပုံသေသတ်မှတ်လို့ မရပါဘူး။

ရင်သားသေးပြီး ကင်ဆာပျံ့ပွားမှုများနေတဲ့ အမျိုးသမီးတွေဟာ lumpectomy နည်းနဲ့ ခွဲစိပ်မယ်ဆိုရင် ရင်သားတစ်ခုလုံးနီးပါး ခွဲစိပ်ရမှာ ဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ mastectomy ခွဲစိပ်နည်းလမ်းကိုသာ အသုံးပြုရမှာပါ။ ဓါတ်ရောင်ခြည်နဲ့ ကုသမှုခံယူဖို့ မဖြစ်နိုင်တဲ့ အမျိုးသမီးတွေဟာလည်း mastectomy ခွဲစိပ်နည်းကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ကင်ဆာပျံ့ပွားမှုအနည်းငယ်သာရှိနေတဲ့ အမျိုးသမီးတွေအတွက်ကတော့ lumpectomy ခွဲစိပ်နည်းလမ်းဟာ အကောင်းဆုံးဖြစ်မှာပါ။

REF

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …