Monday , November 27 2017
Home / FNews / အသက်ပိုရှည်စေဖို့ တစ်နေ့နာရီဝက်လမ်းလျှောက်စို့

အသက်ပိုရှည်စေဖို့ တစ်နေ့နာရီဝက်လမ်းလျှောက်စို့

 

အားကစာခန်းမကို သွားပြီး အားကစားတွေလုပ်တာကိုမှ ကျန်းမာရေးလိုက်စားတယ်လို့ခေါ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို နာရီဝက်လောက်လမ်းလျှောက်တာဟာလည်း ကျန်းမာရေးကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

လေ့လာမှုအသစ်တစ်ခုအရတော့ နေစဉ်ပုံမှန် နာရီဝက်ခန့် လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအပေါ်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်။ တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တဲ့သူတွေဟာ လမ်းသိပ်မလျှောက်တဲ့ သူတွေထက်ကို ပိုပြီး အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၂၀ % အထိ လျော့ချပေးပါတယ်လို့ ဆိုပါတယ်။

လမ်းအနည်းငယ်လျှောက်သူတွေဟာ လမ်းလုံးဝမလျှောက်သူ၊ လေ့ကျင့်ခန်းမလုပ်သူတွေထက် ကျန်းမာရေးပိုကောင်းကြပါတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ ဒီသုတေသနမှာ အသက် ၁၃ နှစ်အရွယ် ကလေးပေါင်း ၁၄၀၀၀၀ ပါဝင်ပြီး လမ်းသိပ်မလျှောက်တဲ့ အရွယ်ရောက်ပြီးသူတွေ၊ လမ်းအနည်းငယ်သာလျှောက်သူတွေနဲ့ လမ်းလျှောက်တဲ့ အပြင် အပိုလေ့ကျင့်ခန်းတွေကို ပါပြုလုပ်တဲ့ သူတွေနဲ့ ကလေးတွေကို နှိုင်းယှဉ် ဖော်ပြထားပါတယ်။

ဒီသုတေသနအရတော့ လမ်းလုံးဝမလျှောက်သူတွေဟာ ပုံမှန်လမ်းလျှောက်သူတွေထက် ၂၆% ပိုမိုပြီး အချိန်မတန်ခင်သေဆုံးနိုင်ပါတယ်။ တစ်ပတ်ကို ၂.၅ နာရီနဲ့ ၅ နာရီကြား လေ့ကျင့်ခန်းလုပ်သူတွေ၊ လမ်းလျှောက်သူတွေဟာ အချိန်မတန်ခင်သေဆုံးနိုင်မှု ၂၀% ခန့် ပိုမို လျော့နည်းပါတယ်။

တစ်ပတ်ကို ၁၅၀ မိနစ် ပြည့်မှီအောင် လေ့ကျင့်ခန်းပဲ လုပ်လုပ် လမ်းပဲလျှောက်လျှောက် ရလာမယ့် ကျန်းမာရေးအကျိုးရလာဒ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ လမ်းလျှောက်များတဲ့ သူတွေဟာ လမ်းမလျှောက်တဲ့ သူတွေထက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ အဖြစ်နည်းပါတယ်။ အရင်ကတော့ လမ်းပုံမှန်လျှောက်သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ပွါးနိုင်ခြေကို လျော့ချပေးတယ်လို့သာသိရှိထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိသုတေသန ပြုလုပ်ချက်တွေအရတော့ လမ်းလျှောက်ခြင်းဟာ တခြားအားကစားတွေပြုလုပ်သလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

လမ်းလျှောက်ခြင်းဟာ အရိုးရှင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပြီး ပိုမိုပြင်ထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ရတာကို ပိုမိုနှစ်သက်တဲ့ သူတွေအနေနဲ့လည်း သူတို့လုပ်နေတဲ့ အလေ့အထတွေကို စွန့်လွှတ်လိုက်ဖို့ မလိုအပ်ပါဘူး။ ဒီလိုပိုမိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းဟာလည်း သူ့အကျိုးကျေးဇူးနဲ့သူ ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့ကျင့်ခန်းတွေမပြုလုပ်နိုင်သူတွေအနေနဲ့ လမ်းလျှောက်ခြင်းဟာ အကောင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ကိုယ်ကာယလေ့ကျင့်ခန်းမပြုလုပ်နိုင်သူတွေအနေနဲ့ အချိန်တစ်ခုပေးပြီး လမ်းလျှောက်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရရှိနိုင်မှာ ဖြစ်ပြီး အသက်ရှည်ရှည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

REF_

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …