Monday , November 27 2017
Home / FNews / ကျန်းမာပြီးလှပတဲ့ အသားအရေရရှိဖို့ ရှောင်ကျဉ်ရမယ့် အစားအစာ ၅ မျိုး

ကျန်းမာပြီးလှပတဲ့ အသားအရေရရှိဖို့ ရှောင်ကျဉ်ရမယ့် အစားအစာ ၅ မျိုး

 

အသားအရေ တောက်ပကြည်လင်ဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။ အရေးပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အလှအပအတွက် အရေးပြာဟာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ အသားအရေခြောက်သွေ့တာ၊ အရေပြားစပ်တာ၊ မာကြောနေတာစတဲ့ အရေပြားဆိုင်ရာ ပြသနာတွေနဲ့ မကြုံတွေ့ရအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းအမျိုးရှိပါတယ်။

ဗီတာမင် A ,C ,D ၊ အိုမီဂါ ၃ ၊ သွပ်ဓါတ် စတဲ့ အရာတွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းအားဖြင့် အသားအရေလောင်ကျွမ်းခြင်းကို ကာကွယ်ပေးပြီး ၀က်ခြံထွက်ခြင်းကိုလည်း တားဆီးပေးကာ အသားအရည်ကို ကျန်းမာစေပါတယ်။ ဒါပေမယ့် နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အရေပြားကျန်းမာရေးကိုထိခိုက်စေပြီး မွှေးညှင်းပေါက်ကလေးတွေရဲ့ အောက်ခြေမှာရှိတဲ့ အဆီဂလင်းတွေပိတ်ဆိုစေပြီး ၀က်ခြံတွေကို ဖြစ်ပေါ်စေတဲ့ အစားအစာတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာပြီးလှပတဲ့ အရေပြားရရှိဖို့ဆိုရင်တော့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲကမှ အောက်မှာ ဖော်ပြပေးမယ့် အစားအစာတွေကို ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

၁။ သကြား

သကြားကိုလျော့စားခြင်းအားဖြင့် ချောမွေ့တဲ့ အရေပြားကိုရရှိစေမှာဖြစ်ပါတယ်။ သကြားကို များများစားသုံးခြင်းဟာ skin collagen crosslinking လို့ခေါ်တဲ့ အရေပြားအခြေအနေတစ်ခုကို ရောက်ရှိစေပါတယ်။ ခန္ဓာကိုယ်ထဲက collagen တွေဟာ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်မှုနဲ့ အရေပြားကျန်းမာရေးအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ သကြားအလွန်အကျွံစားသုံးခြင်းကြောင့် collagen အပါအ၀င် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတိန်း(protein) ပမာဏကို မညီမမျှဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီအရေပြားအခြေအနေကို ရောက်ရှိသွားတဲ့အခါမှာ ခန္ဓာကိုယ်အရေပြားရဲ့ ပျော့ပျောင်းမှုနဲ့ ကျုံ့နိုင်ဆန့်နိုင်မှုတို့ဟာ လျော့ကျသွားပြီး အရေပြားမာကြောတာ ကြမ်းတမ်းတာတွေဖြစ်စေပြီး အရေးအကြောင်းတွေကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။

၂။ Glycemic index အများအပြားပါဝင်တဲ့ အစားအစာတွေ

အာလူး၊ ခေါက်ဆွဲခြောက်၊ ပေါင်မုန့်အချော စတဲ့ အစားအစာတွေနဲ့ သကြားဓါတ်လွန်ကဲတဲ့ အချိုရည်နဲ့ မုန့်တွေမှာ Glycemic index အများအပြားပါဝင်ကြပါတယ်။ ဒါတွေကိုစားသုံးပေးခြင်းအားဖြင့် ၀က်ခြံဖြစ်ပေါ်မှုကို အားပေးပါတယ်လို့ စောပိုင်းသုတေသနတွေမှာ ဖော်ပြထားပါတယ်။ ၀က်ခြံဆိုတာကတော့ လူပျိုအပျိုတွေမှာသာကြုံတွေ့ရတဲ့ ပြသနာမဟုတ်ဘူးဆိုတာကို သိပြုဖို့လည်း လိုပါတယ်။ ဒီအစားအသောက်တွေကို စားလိုက်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်(insulin) ပမာဏအများအပြားကို ထုတ်လုပ်စေပါတယ်။ အင်ဆူလင်ပမာဏများပြားလာတာဟာ ၀က်ခြံဖြစ်ပေါ်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် အင်ဆူလင်လွန်ကဲခြင်းကြောင့် အရေပြားနဲ့ ခန္ဓာကိုယ်ကို ဖြူရော်ပြီး အားအင်ကုန်ခမ်းတဲ့ ပုံစံမျိုး ပေါက်စေပါတယ်။

၃။ ဆား

ဆားနဲ့ တခြား ဆိုဒီယမ် တွေကို အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ အရေပြားရဲ့ ကျန်းမာရေးအတွက် ပြသနာဖြစ်နိုင်ပါတယ်။ ဆားကိုအလွန်အကျွံစားလိုက်မယ်ဆိုရင်တော့ ပထမဆုံး ခန္ဓာကိုယ်ထဲက ရေဓါတ်တွေကို ခမ်းခြောက်စေမှာပါ။ ဒီလိုရေဓါတ်ခမ်းခြောက်လာတာကြောင့် အရေပြားရဲ့ စိုထိုင်းစလည်း လျော့ကျပြီး မွဲခြောက်တဲ့ အသားအရေတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ဆားဓါတ်အများအပြားစားသုံးခြင်းကြောင့် မျက်လုံးအောက်ခြေမှာ အရည်အိတ်ကလေးတွေဖြစ်ခြင်းနဲ့ တခြားအရေပြားတွဲကျခြင်းတွေကို ဖြစ်စေပါတယ်။

၎။ နို့ထွက်ပစ္စည်းတွေ

နို့ကို အဟာရရှိတဲ့ အစားအသောက်တစ်ခုအဖြစ် မှတ်ယူပြီး အဟာရပြည့်ဝဖို့နဲ့ အရိုးအဆစ်ခိုင်မာဖို့ သောက်သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းဟာ ၀က်ခြံထွက်ခြင်းကို အားပေးပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကို စားသုံးမယ့်အစား သဘာဝ နို့စစ်စစ်ကို သောက်သုံးပေးနိုင်ပါတယ်။

၅။ ပြည့်ဝဆီပါဝင်တဲ့ အစားအစာများ

အနီရောင်အသားတွေ၊ ချိစ့်၊ ထောပတ် တွေမှာ ပြည့်ဝဆီတွေပါဝင်ပါတယ်။ ဒီအစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက အင်ဆူလင်တွေကို ကြီးထွားစေတဲ့ ရောဂါတစ်မျိုးကို ဖြစ်စေပါတယ်။ ဒီလို အင်ဆူလင်တွေ ကြီးထွားလာတာဟာ sex ဟော်မုန်းတွေကို လှုံ့ဆော်ပေးတာကြောင့် ၀က်ခြံတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အသီးအရွက်စားခြင်း၊ အဆီနည်းတဲ့အစားအစာတွေကို စားခြင်း၊ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို စားခြင်းဖြင့် ဒီပြသနာကို ဖြေရှင်းနိုင်မှာပါ။

REF

Check Also

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် …