Tuesday , November 28 2017
Home / သတင်း / ကျန်းမာရေးသတင်း / တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သို့ တိုက်ရိုက်လျှောက်ထားနိုင်

တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သို့ တိုက်ရိုက်လျှောက်ထားနိုင်

ဝေဖြိုး (မြစ်မခ)

နေပြည်တော်၊ သြဂုတ် ၈ ရက်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇)ပါ စည်းကမ်းချက်များ အား ပြန်လည်ရုတ်သိမ်းကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာနမှ ပြည်​​ထောင်​စုဝန်​ကြီး ဒေါက်တာမြင့်ထွေးကပြောဆိုလိုက်သည်။

ယင်းသို့ဖျက်သိမ်းလိုက်ခြင်းကြောင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်းကို မြို့နယ်၊ ခရိုင်တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီများသို့ အဆင့်ဆင့်တင်ပြရန် မလိုအပ်ဘဲ တိုင်းဒေသကြီး၊ ပြည် နယ်တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

“စည်းကမ်းချက်များအား ပြန်လည်ရုတ်သိမ်းကြောင်း အကြောင်းကြားစာကို တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနမှူးများအားလုံးသို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ယခင်က တိုင်းရင်းဆေးဝါးမှတ်ပုံတင် အ သစ်ခွင့်ပြုပြီး သုံးလအတွင်း လိုင်စင်များဖြည့်စွက်ရသော်လည်း ယခုအချိန်ထိ သက်တမ်းရှိသည့်‌ကာလတ လျှောက် လိုင်စင်တွင်ဖြည့်စွက်၍ ရပြီဖြစ်ပါတယ်။ မှတ်ပုံတင်သက်တမ်းတိုးလျှောက်ရာတွင် သက်တမ်းပြည့်ပြီး သည့်(၂)နှစ်အထိ နောက်ကျခွင့်ပေးထားပါတယ်။”ဟု ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်​​ထွေးကပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး(၄၀)ရက်မြောက်နေ့ သြဂုတ် ၇ ရက်တွင် ကျင်းပရာ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကမေးမြန်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ဖြေ ဆိုခြင်းဖြစ်သည်။

“တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရာတွင် မလိုလားအပ်သော အဆင့်များ ကို ဖြေလျှော့ပေးရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏(၃/၂၀၁၇)အမိန့် ညွှန်ကြားချက်နှင့် ဆက်စပ်ပတ်သက် သောအမိန့်ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြန်လည်ရုတ်သိမ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းအပ်ပါတယ်။”ဟု သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးမြင့်ဦးကပြောသည်။

အဆိုပါထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုးလျှောက်ထားရာတွင် သက်တမ်းပြည့်ပြီးနောက် (၂)နှစ်အထိ နောက်ကျကြေးပေးဆောင်စေရန် အချိန်ပိုပေးထားပြီး တိုင်းရင်းဆေးထုတ်လုပ်မှုမှတ်ပုံတင်ခြင်း၊ လိုင်စင်သက် တမ်းတိုးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း နှုန်းထားများကိုလည်း လျှော့ချထားကြောင်း သိရသည်။

Check Also

အသက်ပိုရှည်စေဖို့ တစ်နေ့နာရီဝက်လမ်းလျှောက်စို့

  အားကစာခန်းမကို သွားပြီး အားကစားတွေလုပ်တာကိုမှ ကျန်းမာရေးလိုက်စားတယ်လို့ခေါ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို နာရီဝက်လောက်လမ်းလျှောက်တာဟာလည်း ကျန်းမာရေးကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ခုအရတော့ နေစဉ်ပုံမှန် နာရီဝက်ခန့် လမ်းလျှောက်ခြင်းဟာ …