Friday , September 22 2017
Home / သတင်း / ကျန်းမာရေးသတင်း / ပဲခူးတိုင်းဒေသကြီးတွင် H1N1 ရောဂါပိုးတွေ့ရှိရသူ(၁၇)ဦးရှိနေပြီး (၃)ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီးတွင် H1N1 ရောဂါပိုးတွေ့ရှိရသူ(၁၇)ဦးရှိနေပြီး (၃)ဦးသေဆုံး

မျိုးမြတ်(မြစ်မခ)

ပဲခူး၊ သြဂုတ် ၇ ရက်။

ပဲခူးတိုင်းဒေသကြီးရှိမြို့နယ်များအနက် သြဂုတ်လ ပထမပါတ်အထိ H1N1  ရောဂါသံသယရှိသူ(၄၄)ဦးအနက် H1N1 ရောဂါပိုးတွေ့ရှိရသူ(၁၇)ဦးရှိနေပြီး (၃)ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း H1N1ရောဂါပိုးသံသယရှိသူများအဖြစ် ပဲခူးမြို့နယ်မှ(၂၅)ဦး၊ ဝေါမြို့နယ်မှ(၁)ဦး၊ ကဝမြို့နယ်မှ(၅)ဦး၊ သနပ်ပင်မြို့နယ်မှ(၃)ဦး၊ ဒိုက်ဦးမြို့နယ်မှ(၂)ဦး၊ ညောင်လေးပင်မြို့နယ်မှ(၃)ဦး၊ ကျောက် တံခါးမြို့နယ်မှ(၁)ဦး၊ တောင်ငူမြို့နယ်မှ(၁)ဦး၊ ဖြူးမြို့နယ်မှ(၁)ဦး၊ ပြည်မြို့နယ်မှ(၁)ဦး၊ ပန်းတောင်းမြို့နယ်မှ (၁)ဦးတို့အား ရန်ကုန်အမျိုးသားဓာတ်ခွဲစစ်ဆေးရေးဌာနတွင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ရောဂါဖြစ်ပွားတဲ့အိမ်တွေကို မိသားစုတွေ ဖျားနာမှုထပ်ပြီးရှိ၊ မရှိ၊ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်နေပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့အိမ်က အတူနေသူတွေရဲ့ကျန်းမာရေး အဓိကထားစောင့်ကြည့်ပါ တယ်။ ဒီရောဂါပိုးဟာ ချောင်းဆိုးရင် သလိပ်၊ တံတွေးတွေမှာ အနေများတဲ့အတွက် လူတိုင်း လက်ကိုင်ပဝါနဲ့ ပါးစပ်အုပ်ချောင်းဆိုးဖို့လိုပါတယ်။ အဓိကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ့။ လက်ကို အမြဲစင်ကြယ်အောင် ထားဖို့လိုပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟကပြောသည်။

H1N1 တုပ်ကွေးရောဂါ ကပ်အသွင်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန် လက်ကမ်းစာစောင်များအား မြို့နယ် တိုင်းတွင် ဖြန့်ဝေပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနများက H1N1ကျန်းမာရေးဟောပြောပွဲများကို ကျေးရွာများအထိ လိုက်လံဟောပြောပေးလျက်ရှိကြောင်း သိရသည်။

“လက်ရှိတော့ ကာကွယ်မှုအပိုင်းအနေနဲ့ ပဲခူးမှာပရဟိတအဖွဲ့တွေက ကာကွယ်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ကို လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများကို အခမဲ့ဝေငှပေးနေပါတယ်။ ပြည်သူတွေလည်း စိုးရိမ်မှုတော့ ရှိပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ ပညာပေးဟောပြောပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒီမှာတော့ ကြက် သား၊ ကြက်ဥကတော့ ရောင်းအားကျသွားတယ်။ စားသုံးမယ့်သူနည်းသွားတယ်”ဟု ပဲခူးမြို့နယ်မဲဆန္ဒနယ်အ မှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေကပြောသည်။

ရာသီတုပ်ကွေးရောဂါ(H1N1)နှင့်ပတ်သက်၍ ပဲခူးမြို့ရှိ ကုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးတွင် လူ နာများအတွက် သီးသန့်ကုသအထူးကြပ်မတ်ဆောင်အခန်းဖွင့်လှစ်ပြီး သီးသန့်အခန်းပြင်ဆင်ပေးထားကြောင်း သိရသည်။

 

Check Also

ကျောက်ဖြူမြို့နယ်တွင် ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့် တစ်ပါတ်အတွင်း ကလေး(၂)ဦးသေဆုံး

  အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ သြဂုတ် ၇ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်အမြှေးပါးရောင်ရောဂါကြောင့် တစ်ပါတ်အ တွင်း အသက်(၁၀)နှစ်အောက်ကလေး(၂)ဦး သေဆုံးခဲ့ရကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။