Sunday , September 24 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / ကျွန်​မတစ်​ခု​တော့ ​ပြောချင်​ပါသည်

ကျွန်​မတစ်​ခု​တော့ ​ပြောချင်​ပါသည်

သီဟလွင်​ (မြစ်​မခ)

HIV မပြန့်ပွားအောင် ထိန်းချုပ်တဲ့ ART ဆေးသောက်နေစဉ်အတောအတွင်း မနှင်းဖြူဟာ ရန်ကုန်မြို့ကနေ သူမန္တလေးသို့ရောက်ရှိခဲ့သည်။ တစ်ညမှာ ကားမှတ်တိုင်တစ်ခုတွင် ဖုန်းအဆက်အသွယ်အရ Customer အလာကိုစောင့်မျှော်နေသည်။ ထိုညသူ သူမသည် စကတ်အတိုနှင့် အင်္ကျီချိုင်းပြတ်ကိုဝတ်ဆင်ထားသည်။ ထိုစဉ် ရဲဝန်းထမ်းအချို့ရောက်လာကာ  စီမံချက်အရဆိုကာ သူမကို ဖမ်းဆီးလိုက်ပါသည်။

“ငွေသက်သေလည်းမရှိဘူး ကွန်ဒုံးသက်သေလည်းမရှိဘူး လှပ်ပေါ်လော်လီလို့ဆိုပြီးဖမ်းတယ် ရဲတွေရဲ့မတရားဖမ်းဆီးခံရပြီးဆိုရင် ကျမဆို့ sex worker တွေကဖြေရှင်းပိုင်ခွင့် ငြင်းပိုင်ခွင့်မရှိဘူး ဘာသက်သေမှမရှိပဲနဲ့ မတရားဖမ်းဆီးတယ်  အဲဒါတာအပြင် အထဲရောက်တော့လည်း သူတို့တွေရဲ့အပြောဆို အပူအမူ ရုတ်ရင်းကြမ်းတန်းစကားတွေနဲ့ကြုံရတယ် စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတယ်” မနှင်းဖြူကပြောသည်။

မနှင်းဖြူဟာ လင်ယောက်ကျားနဲ့ကွဲသွားတော့ သူမမှာ သမီးလေးနှစ်ယောက် ကျန်ခဲ့သည်။အိမ်ထောင်နှင့်ကွဲသွားသည့်အချိန်တွင် သူမအသက် (၃၄)နှစ်ရှိနေပြီဖြစ်သည်။

သူမရဲ့ ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးနဲ့ ပညာရေးအတွက် KTV ဆိုင်တစ်ခုရဲ့ ကောင်တာမှ ငွေကိုင်အဖြစ်ဝင်လုပ်ရင်းနှင့် လိင်လုပ်သား အလုပ်ဘက်သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။

် သူမတွင် လိင်ဆက်ဆံဘက်အများအပြားရှိခဲ့ပြီး အန္တရယ်ရှိတဲ့အပြုအမူတွေများလည်းပြုလုပ်ခဲ့ကာ သူမလုပ်သက် (၇)ခန့်အကြာ ၂၀၀၆ခုနှစ်တွင် သွေးစစ်ဖြစ်သည်။

ဘယ်သူ့ဆီကရလိုက်မှန်းမသိသော HIV သည် သူမခနာကိုယ်တွင်း ရောက်ရှိနေပြီဆိုသည့် အဖြေသည် သူမကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။

သွေးစစ်ပြီး တစ်နှစ်အကြာတွင် သူမသည်  HIV ပိုးကိုခနာကိုယ်တွင်း ထပ်မံပြန်ပွားမှုကို ထိန်းချုပ်ပေးသည့်  ARV ဆေးကိုစသောက်ခဲ့သည်။ ပြီးတော့ ကမ္ကာ့ဆရာဝန်များအဖွဲ့(MDM)နှင့်အတူ စနစ်တကျဆေးကုသမှုကိုခံယူခဲ့ပြီး သူမ၏ အသက်မွေးဝမ်းကြောင်းဖြစ်သော လိင်ဖျော်ဖြေရေးလုပ်ငန်းကိုလည်း တပါးသူတွေကို ကူးစက်မှုမရှိအောင် စနစ်တကျ ဆက်လက်လုပ်ကိုင်ခဲ့ ပြန်သည်။
အဆိုပါ လျှပ်ပေါ်လော်လီစွာ ၀တ်ဆင်မှုနဲ့ မန်းလေးမှာ အဖမ်းခံရပြီး သူမထောင်ဒဏ်တစ်နှစ်ကျခံလိုက်ရသည်။ ထောင်ကျနေစဉ်အတောအတွင်း သူမ ARV ဆေးတစ်လခွဲခန့်ပြတ်သွားသည့် နောက်ပိုင်းတွင် ARVဆေးယဉ်ပါးမှုနှင့်ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေးလည်းချူခြာခဲ့သည်။ ဆေးမတိုးတော့ပဲ ဆေးယဉ်ပါးမှုကြောင့် နောက်ပိုင်းတွင် ဒုတိအဆင့် ARV ဆေးဝါးကို ပြောင်လည်းသောက်သုံးခဲ့ရသည်။

မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်းထားများမှာ ၂၀၁၄ခုနှစ်တွင် မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူများမှ (၂၃.၁)ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူများနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလJနေထိုင်သူများမှ (၆.၆)ရာခိုင်နှုန်း၊ အမျိုသမီးလိင်လုပ်သားများမှ ကူးစက်မှုမှာ (၆.၃)ရာခိုင်နှုန်းဖြင့် တတိယနေရာမှ လိုက်နေခြင်း ဖြစ်ကြောင်း UNAIDSနှင့်အခြားသော INGO၊NGO အဖွဲ့အစည်းများ ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်သော စာရင်းဇယားများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အမျိုးသမီးလိင်လုပ်သားများ၏ ဈေးကွက်များသည် များစွာကွဲပြားခြားနား လျှက်ရှိသည်။ ရန်ကုန်၊ မန္တလေးကဲ့သို့မြို့ကြီးများတွင်မူ လမ်းဘေး ကာမှတ်တိုင်များ၊ လမ်းမီးတိုင်အောက်များတွင် မတ်တပ်ရပ်စောင့်ကာ Customer ရှာခြင်း၊ နိုက်ကလပ်များ၊ တည်းခိုရိပ်သာ၊ အလှပြင်ဆိုင်၊ အမည်ခံ ဇိမ်ခန်းများနှင့် KTV အနှိပ်ခန်များ အဖြစ် ပုံစံမျိုးစုံဖြင့် တည်ရှိနေကြသည်။

အချို့နယ်မြို့များတွင် အထက်ပါ ပုံစံများဖြင့် တွေ့မြင်နိုင်သကဲ့သို့ ရပ်ကွက်အတွင်း အုပ်စုဖွဲ့၍ အိမ်အလိုက်လုပ်ကိုင်ကြသည်များရှိနေသည်။ လမ်းဘေးရပ် လိင်လုပ်သားများနှင့် နိုက်ကလပ်များတွင် လုပ်ကြသော  လိင်လုပ်သားများမှာ မိမိစိတ်ကြိုက်ဈေးဖြင့် အလုပ်လုပ်နိုင်သော်လည်း။ ဇိမ်ခန်းများတွင်လုပ်ကိုင်သူများများမှာ တန်ရာတန်ကြေးမရပဲ အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုများရှိကြောင်းသိရသည်။

“တစ်ရှော့ (တစ်ခါဆက်ဆံအပြီး) ကို ငါးထောင်ယူရင် မိန်းကလေးခံစားခွင့်က တစ်ထောင်ပဲရတယ် တစ်ချို့က ရှစ်ထောင်ယူတယ်တယ် ခံစားခွင့်က သုံထောင်ပဲရတယ် ကလပ်တွေမှာကတော့ ကိုဆန္ဒနဲ့ကိုယ် ဈေးပြောတယ် ဈေးညှိတယ် ကြိုက်တယ် လိုက်သွားတယ် ဒါက အပြည့်အ၀ခံစားခွင့်ရတယ်”ဟု မနှင်းဖြူကပြောသည်။

သို့သော်လည်း လမ်းဘေးရပ်လိင်လုပ်သားများမှာ ရဲများ၏ ဖမ်းဆီးခံရနိုင်မှုအခြေအနေနှင့် များဆုံးကြုံတွေ့ရနိုင်ပြီး ဇိမ်ခန်းများတွင် လုပ်ကိုင်သော လိင်လုပ်သားများကိုမူ နေရာထိုင်ခင်းနှင့် အစားအသောက်ကျွေးထားခြင်းအပြင် လမ်းဘေးရပ်လိင်လုပ်သားများထက် ဖမ်းဆီးခံရနိုင်မူအခြေအနေ နည်းပါးကြောင်းသိရသည်။

HIVရှိသူများအား ကူညီစောင့်ရှောက်ပေးနေသော ဖီးနစ်အသင်းမှ  ကိုခင်ဝင်းက “တရားဝင်မဟုတ်လို့ လုပ်အားကို ခေါင်းပုံဖြတ်မှုတွေရှိနေတယ် ပြီးတော့ ဘယ်လောက်ပဲ ကွန်ဒုံးတွေများနေသော်လည်းပဲ Customer က မသုံးချင်းဘူးသူတို့ငြင်းဖို့ခက်ခဲတယ် ငွေးကြေးရှာနေရတာဖြစ်လို့ ပေါ့ သူတို့လည်းကူးဖို့ဖြစ်နိုင်ချေများတယ်”ဟု ပြောသည်။

ထိုဈေးကွက်များအတွင်းရှိ လိင်လုပ်သားများသည် မိမိ၏ လိင်ဆက်ဆံဘက်၏ နိုင်ထက်စီးနင်းပြုကျင့်ခြင်း၊ ကွန်းဒုံးသုံးပြုရန်ငြင်းဆန်ခြင်း၊ မိမိကိုယ်တိုင် အသိပညာနည်းခြင်းကြောင့် ကွန်ဒုံးအသုံးမပြုခြင်းနှင့် ဝေးလံခေါင်သီသော နယ်ဒေသများတွင် ကွန်းဒုံးမရရှိခြင်းတို့ကြောင့် လိင်လုပ်သားများမှတဆင့် HIV ကူးစက်ခံရမှုအနေနေများ တည်ရှိနေသေးကြောင်း သိရသည်။

“နယ်ဒေသတွေမှာ ကွန်းဒုံးကိုလက်လှမ်မမှီတဲ့ နေရာဒေသတွေအများရှိတယ် ကိုကိုးကျွန်းလိုနေရာမျိုး လက်ပန်းဆက်သွယ်တွေအရမ်းခက်ခဲတယ် သင်တန်းလာတက်တဲ့  မူဆယ်က တစ်ယောက်ဆို ကွန်းဒုံးရတွေမရဘူးလို့ပြောတယ် ကွန်ဒုံးတွေသူတို့ဆီရောက်ဖို့ ဘယ်လိုဖြေရှင်းမလဲဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေလည်း အရေးကြီးတယ်” ဟု အမျိုးသမီးလိင်လုပ်သားများအရေး ဆောင်ရွက်ပေးနေသော တော်ဝင်ခရေလူမှုကွန်ရက်မှ ပြန်ကြားဆက်ဆံရေး တာဝန်ယူထားသူ မသက်ကပြောသည်။

လိင်လုပ်သားများအတွက် အလုပ်မှာတရားဝင်မဖြစ်ခြင်းနှင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေးအက်ဥပဒေမှာလည်း  လိင်လုပ်သားမျာမှတဆင့် HIV ကူးစက်မှုတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဟန့်အတားဖြစ်စေကြောင်း အဆိုပါ HIV ကူးဆက်မှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများကပြောဆိုသည်။

လိင်လုပ်ငန်းလုပ်များတွင် ကွန်ဒုံးကို သက်သေအဖြစ်အသုံးပြုဖမ်းဆီးရန် ညွှန်ကြားထားချက်များကို ပြန်လည်ပြင်ဆင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနှင့် တရားခွင်တွင် ကွန်းဒုံးအား သက်သေအဖြစ် အသုံးမပြုသင့်သည့်အပြင် လိင်လုပ်သားများကိုဖမ်းဆီးရာတွင်လည်း ကွန်ဒုံးကိုမရှာဖွေရန် လိင်လုပ်သားများအား အနှောင့်အယှက်မပေးရန် ရဲဝန်ထမ်းမျအားညွှန်ကြားသင့်ကြောင်း UNAIDS မှထုတ်ပြန်ထားသော National HIV Legal Review Report 2014 တွင်ဖော်ပြထားသည်။

“ဗီယက်နမ်လိုနိုင်ငံမျိုးမှာဆိုရင် လိင်လုပ်ငန်း နဲ့ပတ်သက်ပြီး ဖမ်းဆီးတာထောင်ချတာမရှိတာ့ဘူးပေါ့ မြန်မာနိုင်ငံအနေနဲ့လည်း ဒါကိုကြည့်ပြီးတော့ အကောင်းဆုံးနည်းလမ်းကို ကြည့်ပြီးရွေးချယ်ရမယ် လာမယ့် ပါလီမန်မှာ ဒီထက်ကောင်းပြီး ဒီထက်ပြည့်စုံတဲဥပဒေပေါ့နော် လိင်လုပ်သားတွေရဲ့ ပြဿနာ အသေးစိတ်ကို သိပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေကို သေချာအချိန်ယူပြီဆွဲဖို့လိုအပ်ပါတယ်” ဟု UNAIDS မှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Eamonn Murphy ကပြောသည်

မြန်မာနိုင်ငံမှာတော့ ယခုအချိန်ထိ ပြည့်တန်ဆာအိမ်များနှင့် ဖျော်ဖြေရေးနေရာများ (ဥပမာ KTV) ပိုင်ရှင်များသည် လိင်လုပ်သားများများထံမှ ကွန်ဒုံးများကို သိမ်းယူလေ့ရှိကြောင်းနှင့် ရဲဝန်ထမ်းများကလည်း ကွန်းဒုံးလက်ဝယ်ရှိခြင်းကို သက်သေအထောက်အထားအဖြစ် ရယူနေကျဆဲ၊ တရားစွဲဆိုခံနေရဆဲဖြစ်ကြောင်း UNAIDS မှ ထုတ်ပြန်သော  Gender Assessment of the National HIV Pesponse in Myanmar 2014 အစီရင်ခံစာတွင် ဖော်ပြထားသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …