Monday , September 25 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) / “အတွေးဆိုးတွေကို လွှင့်ပစ်လိုက်ပါ“

“အတွေးဆိုးတွေကို လွှင့်ပစ်လိုက်ပါ“

ကျွန်မတို့ရဲ့ဘ၀မှာ အတိတ်ကို ပြန်စဉ်းစားတဲ့အခါတိုင်း မကောင်းတဲ့ အတိတ်ကိုပဲပြန်ပြန်ပြီး အမှတ်ရနေတတ်ပါတယ်။

ကိုယ်ဆင်းရဲခဲ့တာကို အမှတ်ရတယ်။ ဆင်းရလို့စားချင်တာ မစားရ၊ အ၀တ်အစားတွေ နွမ်းပါးတာတွေ စတဲ့မကောင်းတာတွေကိုပဲ ပြန်သတိရပြီး ပြန်တွေးမိတတ်တယ်။ အဲဒီလို အတိတ်က မကောင်းခဲ့တာ၊ အဆင်မပြေခဲ့တာတွေကို ပြန်သတိရတတ်တာကလည်း အတွေးဆိုးလို့ဆိုရမှာပါပဲ။

လူတိုင်းလူတိုင်းမှာ အတိတ်ဆိုးတွေရှိကြပါတယ်။ ကိုယ်တစ်ယောက်တည်း အတိတ်ဆိုးတယ် ဘ၀ဆိုးနေတယ်လို့ မထင်လိုက်ပါနဲ့။ ၁၀၀ မှာ ၉၉ ရောက်ရဲ့အတိတ်ဟာ ဆိုးပါတယ်။ ကျန်တစ်ဦးက အကောင်းမြင်တတ်တဲ့စိတ်နဲ့ အတိတ်ကို ကျေးဇူးတင်တတ်သူပါ။

တစ်ခုသတိပြုရမှာက လူတိုင်းလူတိုင်းမှာ အဆိုးချည်းပဲရှိတာ မဟုတ်ပါဘူး။ အကောင်းတွေလည်း တစ်ပုံကြီး ရှိပါတယ်။ ဒါကို မြင်အောင်ကြည့်ပါ၊ အဆိုးကိုချည်းပဲအာရုံစိုက်မိနေတဲ့ အတွက်ကောင်းတာကို မမြင်နို်င်တာမျိုး မဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။

မကောင်းတာတွေကိုပဲသတိရနေတတ်တဲ့အတွက် အတိတ်က ကောင်းခဲ့တာတွေကို ပြန်သတိမရတော့ဘူး၊ ဥပမာ ကိုယ်က ဆင်းရဲလို့ မစားနိုင်ပေမဲ့ စားနိုင်တဲ့သူငယ်ချင်းက ၀ယ်ကျွေးသွားလို့အရသာရှိရှိစားလိုက်နိုင်တာကို သတိရဖို့ထက် မစားရခင်မှာ ခံစားရတဲ့ ခံစားချက်ကိုပဲသတိရတတ်ပါတယ်။

ဆင်းရဲလို့ကျောင်းဝတ်စုံအသစ်မ၀ယ်နိုင်ချိန်မှာ အမေ့ရဲ့ညီမ က ၀ယ်ပေးလို်က်လို့အဆင်ပြေပြီး အဲဒီဝတ်စုံလေးနဲ့ဆုပေးပွဲတက်ခဲ့တာ ဆိုတာမျိုး၊
ကိုယ်အကူညီလိုနေချိန်မှာ ပတ်ဝန်းကျင်က ကူည်ီလို့ကိုယ်က အဆင်ပြေသွားတာ ဆိုတာမျိုးတွေလည်း ရှိမှာပါ။ ဒါတွေကိုတော့ကိုယ့်အတွေးထဲမှာ မရှိတော့ဘဲနဲ့ မကောင်းတာပဲရှိနေ ကျန်နေခဲ့တာ အမှန်တော့ အတွေးဆိုးတွေကို ကိုယ်က မွေးမြူလိုက်တာပါပဲ။

အတိတ်က အဆိုးတွေကို အာရုံစိုက်နေတာက အနာဂတ်မှာလည်း ဆိုးအောင် လုပ်နေတာနဲ့ အတူတူပဲဆိုတာကို ခုတော့ကျွန်မ ကောင်းကောင်းကြီး သိနေပါပြီ။ဒါကြောင့်ဆိုးတာတွေကို မေ့ပစ်ပြီး ကောင်းတာတွေပဲ တွေးပါတော့တယ်။

ဘာကိုပဲတွေးတွေး ကောင်းတာကိုပဲ တွေးဖို့ ပြောင်းလဲပစ်လိုက်ပါနော်၊ အရင်က ဘာတွေပဲ ဖြစ်ခဲ့ပါစေ၊ ကောင်းတာကိုပဲ ပြောင်းတွေးကြမယ်။

အချို့ကလည်း အတိတ်တုန်းကတော့ဘယ်သူက ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်လို ရက်စက်ခဲ့တာ၊ ငါ့ကိုတော့သူက ဘယ်လို ဆက်ဆံခဲ့တာဆိုတာမျိုးနဲ့ သတိရမိတိုင်း ရန်ငြိုးဖွဲ့ပြီး နာကြည်းနေတာ ကိုယ့်ကိုယ်ကို ပြန်ညင်းဆဲနေတာနဲ့အတူတူပါပဲ။

ကိုယ်ရထားတဲ့ဘ၀ကို ကောင်းသထက်ကောင်းအောင် လုပ်ရမဲ့အစား အတိတ်ကို မကျေမချမ်းနဲ့စမြုံပြန်နေတာက အကျိုးမရှိတဲ့အပြင်အကျိုးမဲ့စေပါတယ်။ ဒါတွေကို ပြန်သတိရစေခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ဒုက္ခဆင်းရဲပေးမိနေတာပါ။

စိတ်ပညာသဘောတရားအရလည်း အဆိုးတွေကိုချည်း တွေးနေတဲ့အတွက် အဆိုးတွေကပဲ ကိုယ့်ဆီကို ရောက်လာတာပါ၊ ကိုယ်ကလည်း တစ်ချိန်လုံး အဆိုးတွေကိုချည်း တမိနေတာကိုး။ အဆိုးတွေးတွေပဲ ရှိနေတဲ့အတွက် အကောင်းတွေးတွေက ဘယ်နှဲ့လုပ်ပြီး ၀ငလာနိုင်ပါ့မလား။

ဒါကြောင့် အတွေးဆိုးတွေရှိနေရင် လွှင့်ပစ်လိုက်ပါတော့။ တစ်ဦးတည်း ရှိနေချိန်မှာ ငါ ဘာတွေးမိလဲ ဆိုတာကို စဉ်းစားပါ၊ ပြီးရင် အတွေးဆိုးဆိုရင် ချက်ခြင်း ရပ်ပြီး ကောင်းတာကို ချက်ခြင်း ပြောင်းတွေးလိုက်ပါ။ အဲဒါကို သတိရမိတိုင်း ဆောင်ရွက်ပေးရင် အတွေးဆိုးတွေ နည်းသထက် နည်းသွားမှာပါ။ကျွန်မကတော့အတွေးအခေါ်က ဘ၀ကို ပြဌာန်းတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လက်ခံသူ ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ အတွေးဆိုးတွေ ခေါင်းထဲရောက်လာရင် ချက်ချင်းပဲ ရပ်ပစ်လိုက်တယ်။ပြောင်းတွေးတယ်၊ ပြီးတော့ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါတယ်။

အရင်တုန်းက အတွေးဆိုး များများ တွေးခဲ့ရင် အခုချိန်မှာ ကိုယ့်ရဲ့အတွေးတိုင်းက ဆိုးတာတွေပဲ ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်လည်း အားမငယ်ပါနဲ့အဲဒီအတွေးကို သိပြီဆိုရင်ပြောင်းလဲလိုက်လို့ရတာပါပဲ။

ဒါကြောင့် ခုချိန်ကစပြီး ပြောင်းပါလို့တိုက်တွန်းပါရစေနော်၊ နောက်တစ်ချက်ကတော့ အတွေးကောင်းဖို့စိတ်ထားကောင်းဖို့ လိုပါတယ်။ ဒါကြောင့်စိတ်ကောင်းကောင်းထားပါ၊ ဘယ်သူ့အပေါ်ကိုမဆို စိတ်ကောင်းထားပါနော်။

မေတ္တာစေတနာနဲ့အရာအားလုံးကို ဆက်ဆံပါ၊ ဒါကတော့အတွေးကောင်းဖြစ်စေဖို့အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ။

အတွေးကောင်းလာတာနဲ့ အကောင်းဘက်တွေ ရောက်လာတယ်ဆိုတာ ယုံကြည်ပါ။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

 

Check Also

စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

  (၂)မိုင်ကျော် တက်ရတဲ့ တောင်ပေါ်က ၀ါးတွေကို ခုတ်ရောင်းပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဒေါ်အောင်မစိန်တစ်ယောက် ငွေစုနေပါပြီ။ “၀ါးမခုတ်ရင် ငွေမစုနိုင်တော့ဘူးလေ”လို့ အသားမာတက်နေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ …