Friday , September 22 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ / ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် အပူချိန် မြင့်တက်လာ၍ ပန်ကာများ အရောင်းသွက်လာ

ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် အပူချိန် မြင့်တက်လာ၍ ပန်ကာများ အရောင်းသွက်လာ

မြတ်မိုးကျော် (မြစ်မခ)

ဟားခါး၊ ဧပြီ (၄)ရက်။

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် အပူချိန် မြင့်တက်လာ၍ လေအေးပေးစက် (အဲကွန်း)များထက်  ပန်ကာများ အရောင်းသွက်လာကြောင်း ထန်တလန်မြို့ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ သိရှိရသည်။

လက်ရှိ ထန်တလန်မြို့တွင် ဖေဖော်ဝါရီလကုန်မှ စတင်ကာ အပူချိန် မြင့်တက်လာခြင်းဖြစ်ပြီး ထန်တလန်မြို့ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များတွင် ပန်ကာအမျိုးစားအစုံ အရောင်းသွက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ထန်တလန်က ဟားခါးနဲ့ယှဉ်ရင် နိမ့်တော့ ဒီအချိန်ဆို ရာသီဥတုက တော်တော်လေးကို ပူလာပြီ။ အဲဒီတော့ ပန်ကာတွေ ရောင်းရတယ်။ အဲကွန်းကတော့ ချင်းပြည်နယ်အတွက် ထပ်ထားပြီးရင် အပိုဖြစ်မယ်။ အချိန်တန်ရင် အေးလာတာ။ မနှစ်ကထက်တော့ ပိုပူလာသလိုပဲ။”ဟု ထန်တလန်မြို့ရှိ ထိုက်တန် လျှပ်စစ်  ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ကိုလင်းဦးက ပြောသည်။

ပန်ကာဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ကျပ်တစ်သောင်းခွဲ ၀န်းကျင်မှ အများဆုံး ကျပ်လေးသောင်း ၀န်းကျင် အထိ ဈေးနှုန်းများရှိကြောင်း သိရသည်။

“ထန်တလန်က ဆောင်းတွင်းဆိုရင်တော့ ဟားခါးနဲ့ ယှဉ်ရင်နေလို့ အရမ်းကောင်းတယ်။ ဒါပေမဲ့ နွေကျတော့  ပူတဲ့အထဲ ပါတယ်။ အခုဆို နေ့လည် နေ့ခင်း တော်တော်လေးကို ပူတယ်။”ဟု ထန်တလန်မြို့ ဒေသခံ ဆလိုင်းဘွေကျင့်လျန်က ပြောသည်။

လက်ရှိ ထန်တလန်မြို့ နေ့အပူချိန်မှာ ပျမ်းမျှ 30̇ C မှ 16̇ C အထိ ရှိပြီး ၂၀၁၆ ခုနှစ်တွင် အပူချိန် 27̇C ၀န်းကျင်အထိသာ အပူချိန် မြင့်တက်ခဲ့ပြီး ဧပြီလသည် အပူဆုံး ဖြစ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

 

Check Also

တိုင်းဧရာ ညောင်တုန်းမြို့ရှိ ရေကာတာမှာ တစ်နေ့လျှင် ၃ ပေခန့်ဖြင့် တအိအိပြိုကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊မတ်လ ၂၁ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ ရေကာတာမှာ မတ်လ ၁၈ ရက်မှစတင်ပြီး  နေ့စဉ်ပြိုကျမှုဖြစ်ပေါ် နေသဖြင့် ညောင်တုန်းမြို့ခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။