Friday , September 22 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ / ယခုနှစ်မိုးရာသီတွင် မုန်တိုင်း(၄)လုံးခန့် ဝင်ရောက်နိုင်ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ခန့်မှန်း

ယခုနှစ်မိုးရာသီတွင် မုန်တိုင်း(၄)လုံးခန့် ဝင်ရောက်နိုင်ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ခန့်မှန်း

ထွယ်ဆန် (မြစ်မခ)

ရန်ကုန်၊ မတ်လ(၂၇)ရက်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မိုးရာသီအတွင်း  မုန်တိုင်းနည်းဆုံး မုန်တိုင်း(၄)လုံးခန့် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ထံမှ သိရှိရသည်။

“ဒီနှစ်က မိုးအရမ်းခေါင်တဲ့နှစ် မဖြစ်နိုင်ဘူး။ မေလမှာ မုန်တိုင်းဖြစ်ရင် သတိထားစေချင်ပါတယ်။ ဖြတ်မိုးတွေ လာနိုင်တဲ့အတွက် တောင်သူတွေ၊ လယ်သမားတွေ ဂရုစိုက်ဖို့လိုတယ်။” ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

မတ်လ(၂၅)ရက်( မြေကမ္ဘာနေ့) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ရွေတိဂုံဘုရားတွင် ပြုလုပ်သည့် ဆီမီးတစ်သောင်းထွန်းပွဲတွင် ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခုနှစ် နွေရာသီတွင် စံချိန်တင်ရမည့် အပူချိန် မဟုတ်သော်လည်း ပူပြင်းသည့်အချိန်မှာ ကြာမြင့်နိုင်ကြောင်း သိရသည်။

“စိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် မနှစ်ကထက်စာရင် မဆိုးလှပေမဲ့ အကောင်းကြီး မဟုတ်ဖြစ်နိုင်ဘူး။  မြေကြီးထဲမှာ အဆိုဓာတ်နည်းနေပြီ။”ဟု ဒေါက်တာ ထွန်းလွင်က ဆက်ပြောသည်။

အဆိုပါ ပွဲတွင် မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ် သဘာဝပျက်ဆီးမူကြောင့် ဆိုဝါးသည့် ရာသီဥတုဒဏ်ကို ခံစားနေရသည့်  သရုပ်ဖော်ပန်းချီကားကို ပန်ချီဆရာဦးလှမြင့်ဦးဆောင်၍ ပန်ချီဆရာသုံးဦး ပူးပေါင်းရေးဆွဲ ပြသခဲ့ကြောင်း သိရသည်။

Check Also

တိုင်းဧရာ ညောင်တုန်းမြို့ရှိ ရေကာတာမှာ တစ်နေ့လျှင် ၃ ပေခန့်ဖြင့် တအိအိပြိုကျလာမှုကြောင့် ဒေသခံများ စိုးရိမ်နေ

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊မတ်လ ၂၁ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ ရေကာတာမှာ မတ်လ ၁၈ ရက်မှစတင်ပြီး  နေ့စဉ်ပြိုကျမှုဖြစ်ပေါ် နေသဖြင့် ညောင်တုန်းမြို့ခံများ စိုးရိမ်မှုဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။