Sunday , May 28 2017
Home / FNews / ကြားဖြတ်ရွေးကောက်ပွဲမှာ စနေနေ့ဖြစ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးအအတွင်းရှိမဲဆန္ဒရှင်များ မဲပေး ရန်အခက်အခဲဖြစ်နေဟုဆို

ကြားဖြတ်ရွေးကောက်ပွဲမှာ စနေနေ့ဖြစ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးအအတွင်းရှိမဲဆန္ဒရှင်များ မဲပေး ရန်အခက်အခဲဖြစ်နေဟုဆို

ကျော်ကျော်(မြစ်မခ)

ရန်ကုန်၊ မတ် ၂၉ ရက်။

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ စနေနေ့ဖြစ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်များမှာ မဲပေးရန်အခက်အခဲဖြစ်နေကြောင်း ရွေးကောက်ပွဲပညာပေးနှင့် စောင့်ကြည့်လေ့လာရေးမိတ် ဖက်များအဖွဲ့(EEOP)က မတ် ၂၉ ရက်တွင်ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲပညာပေးနှင့် စောင့်ကြည့်လေ့လာရေးမိတ်ဖက်များအဖွဲ့က ရွေးကောက်ပွဲကျင်းပမည့် (၂၂)မြို့ နယ်အနက် (၂၁)မြို့နယ်ကို မတ် ၂၅ ရက်မှ ၂၇ ရက်အထိ သွားရောက်စစ်တမ်းကောက်ယူထားသည့် ရွေး ကောက်ပွဲအကြိုကာလထုတ်ပြန်ချက်ကို ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ မတ် ၂၉ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ရန်ကုန်မှာက စနေ့နေပိတ်ရက်မဟုတ်တဲ့ရုံးတွေ ရှိနေတဲ့အတွက် မဲဆန္ဒရှင်တွေအတွက် အခက်အခဲတော့ ဖြစ် စေပါတယ်။ ချင်းပြည်နယ်လိုနေရာမျိုးကျ စနေနေ့ကိုသဘောကျတယ်။ ဒါကြောင့် ရွေးကောက်ပွဲနေ့မှာ အလုပ် ပိတ်ရက်မရှိတဲ့မဲဆန္ဒရှင်တွေအနေနဲ့ သက်ဆိုင်ရာအလုပ်ရှင်တွေနဲ့တိုင်ပင်ပြီး မဲဆန္ဒရှင်ကတ်ပြားကို အချိန်မီ ထုတ်ယူစေလိုပါတယ်။”ဟု EEOP အဖွဲ့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ မမြန္ဒာတင်ကပြောသည်။

EEOP အဖွဲ့သည် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်(၂၁)ခုသို့ စောင့်ကြည့်လေ့လာသူ(၁၉)ဦးဖြင့် သွားရောက် ကာ ဒေသခံ(၅၆၅)ဦးတို့၏အခက်အခဲများ၊ ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းများကို မေးမြန်းခဲ့ပြီး ထုတ်ပြန်ချက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အများအားဖြင့် မဲဆန္ဒနယ်တွေမှာ စည်းရုံးမှုအတွက် ငြိမ်းချမ်းမှုရှိခဲ့ပါတယ်။ အနည်းငယ်ရှုပ်ထွေးတဲ့ ညှိနှိုင်းလုပ် ဆောင်မှုတွေမှအပ လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ရှိတာကို တွေ့ရပါတယ်။ မဲဝယ်တဲ့အသွင်ဆောင်တဲ့ မဲဆွယ် စည်းရုံးမှုတွေကို ၂၀၁၅ ရွေးကောက်ပွဲနဲ့ယှဉ်ရင် မတွေ့ရသလောက်ပါပဲ။”ဟု EEOP အဖွဲ့မှ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူ ကိုရှင်းသန့်ကပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ထံ မတ် ၃၀ ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

EEOP အဖွဲ့သည် ပြည်တွင်း(NGO)အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၁၀ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်ပညာပေးသင်တန်းများ၊ မဲဆန္ဒရှင်စာရင်းသွင်းခြင်းနှင့် မဲဆွယ် စည်းရုံးခြင်းကာလများကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။

 

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …