Thursday , November 30 2017
Home / FNews / ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများစိတ်ပါဝင်စားလာစေရန် ဆော်သြမည်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများစိတ်ပါဝင်စားလာစေရန် ဆော်သြမည်

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ မတ် (၂၃)ရက်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများစိတ်ပါဝင်စားလာစေရန် ရွေးကောက်ပွဲအသိပညာပေးနေသည့် အရပ်ဖက်အဖွဲ့အစည်း(၈)ခုက မတ် ၂၄ ရက်မှ မတ် ၃၀ ရက်အထိ ဆော်သြမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“မတ် ၂၄ ကစပြီး ၃၀ ရက်အထိ ညောင်လေးပင်နဲ့ ကျောက်တံတားမှာ နှိုးဆော်မယ်။ ပန်းဖလက်တွေ ကမ်း မယ်။ မဲတံဆိပ်တုံးထုနည်းကို လက်တွေ့ပြသသွားမယ်။ မဲလက်မှတ်နမူနာ (၁၀၀၀)ကျော် အသုံးပြုသွားမယ်။ မတ် ၂၄ မှာ ညောင်လေးပင်ဈေးနဲ့ လူစည်ကားတဲ့နေရာတွေမှာ ကားတွေနဲ့ လှည့်လည်နှိုးဆော်မယ်။ ရွာတွေထဲ လည်း ဆင်းဖှိ့ရှိပါတယ်။”ဟု ပဲခူးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ ကိုလေးနိုင်ဦးက ပြောသည်။

လေ့လာမှုများအရ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူများစိတ်ဝင်စားမှုနည်းနေသဖြင့် မဲပေးရန် လှုံ့ဆော်မှု များကို မတ် ၂၄ ရက်မှ ၃၀ ရက်အထိအချိန်ပေးကာ လှုပ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုအားနည်းလာတယ်။ ပညာပေးဖို့ အဓိကရည်ရွယ်ချက်ပေါ့။ တော် တော်လေးကို မဲစာရင်းမကြည့်ကြဘူး။ ပဲခူးမှာဆို ၂၀၁၅ ထက်စာရင် (၂၀)ရာခိုင်နှုန်းလောက်ပဲ လာကြည့်ကြ တယ်။ မဲပေးလာအောင်၊ စိတ်ပါဝင်စားလာအောင် အသိပညာပေးတာတွေလုပ်တာ။ ကိုယ့်ဒေသကို အမှန်တ ကယ်လုပ်ပေးမယ့်သူကိုရွေးချယ်ဖို့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးရှိတယ်ဆိုတာသိရှိအောင် လူစည်ကား တဲ့နေရာတွေမှာ ကားတွေနဲ့လှည့်လည်အသိပေးမယ်။ ပန်းဖလက်တွေဖြန့်ဝေသွားမယ်။”ဟု ကိုလေးနိုင်ဦးက ဆက်ပြောသည်။

ပဲခူးလေ့လာစောင့်ကြည့်ရေးအဖွဲ့၊ အောက်ချင်းလူမှုအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောရွေး ကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်၊ ကြည့်မြင်တိုင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ ကမ္ဘောဇလူငယ်စာကြည့်တိုက်၊ Generation Tree၊ Rakhine Youth Development Intiative၊ Rainmaker တို့သည် မဲပေးပုံအဆင့်ဆင့်နှင့် ခိုင်လုံမဲများ၊ ပယ်မဲများနှင့် နိုင်ငံသားတစ်ဦး၏ရပိုင်ခွင့် အခွင့်အရေးအကြောင်းကို လှုံ့ဆော်ခြင်း၊ အသိပညာပေး ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

“မုံရွာမှာက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းတယ်။ ၂၀၁၅ မှာမဲပေးပြီးပြီပဲ၊ ဘာလို့မဲပေးရမှာလဲလို့ လူထုက ဖြေကြတယ်။ ထန်တလန်မှာက ဒုသမ္မတနေရာလစ်လပ်ထားတော့ လူထုက စိတ်ဝင်စားမှုတော့ရှိပါတယ်။ ၂၄၊ ၂၅ က မုံရွာမှာလုပ်မယ်။ လမ်းဆုံလမ်းခွမှာသီချင်းတိုက်ပြီး နမူနာမဲလက်မှတ်တွေနဲ့ ဆော်သြမယ်။ မတ် ၂၈၊ ၂၉ မှာ ရန်ကုန်၊ အရှေ့ဒဂုံမှာလုပ်မယ်။ ထန်ထလန်မှာ ကျေးရွာတွေအထိသွားပြီးတော့ ရွေးကောက်ပွဲစောင့် ကြည့်ရေးတွေလွှတ်ထားတယ်”ဟု အောက်ချင်းလူမှုအဖွဲ့အစည်းမှ အလုပ်အမှုဆောင် ဦးချန်လျန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် ကျောက်တံခါး၊ ညောင်လေးပင်၊ ချင်းပြည်နယ်တွင် ထန်ထလန်၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် မုံရွာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်၊ လမ်းမတော်၊ လသာ၊ လှိုင်သာယာ၊ ဒဂုံ မြို့သစ်ဆိပ်ကမ်း၊ ကမာရွတ်၊ ရခိုင်ပြည်နယ်တွင် အမ်း၊ ကယားပြည်နယ်တွင် ဖရှုဆို၊ ရှမ်းပြည်နယ်တွင် ကျိုင်း တုံ၊ ညောင်ရွှေ၊ ကျေးသီး၊ မိုင်းရှုးမြို့နယ်တို့တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် အသိပညာပေးခြင်း၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားလာစေရန် ဆော်သြခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …