Tuesday , November 28 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ / ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်အမည်စာရင်းများ စတင်ကြေညာ၊ ပြင်ဆင်ဖြည့်စွက်နိုင်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်အမည်စာရင်းများ စတင်ကြေညာ၊ ပြင်ဆင်ဖြည့်စွက်နိုင်

ဇော်မင်း (မြစ်မခ)

ရန်ကုန် ၊ ဖေဖော်ဝါရီ (၁) ရက်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် (၅)နေရာအတွက် မဲ ဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာရပ်ကွက် ကော်မရှင်ရုံးများတွင် ဖေဖော်ဝါရီ(၁) ရက်မှ စတင်၍ သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။   

“ဒီနေ့ပဲ မဲစာရင်းကပ်ပါပြီ။ မဲစာရင်းတွေကြည့်ဖို့အတွက် ပန်ဖလက်တွေ၊ ဗီနိုင်းတွေနဲ့ကြေညာထားဖို့ စီစဉ်ထား  ပါတယ်။ တိုင်းကော်မရှင်အနေနဲ့ကတော့ အသံချဲ့စက်တွေနဲ့ လိုက်အော်ဖို့ မြို့နယ်တွေကို ညွှန်ကြားမထားပါ ဘူး။ မဲစာရင်းတွေကို ပိုပြီးတိကျမှန်ကန်ဖို့အတွက် (၁၁)မြို့နယ်ကို အိမ်တိုင်ရာရောက် မဲစာရင်းတွေကောက်၊ ပြု စုထားတဲ့မဲစာရင်းတွေကို  ကြေညာပေးထားတာပါ။”ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးတင်ဝင်း ကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌  လစ်လပ်မဲဆန္ဒနယ်(၅)နေရာအတွက် မြို့နယ်(၁၁)ခုတွင် မဲပေးခွင့်ရှိသူ ဦးရေ (၁၀)သိန်းခန့်ရှိနေပြီး၊ မဲစာရင်းကြေညာချိန် (၁၄)ရက်အတွင်း ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု ကာ မဲစာရင်းများကို ပြန်လည်ပြင်ဆင်နိုင်ရန် ပုံစံစာရွက်များကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်ရုံးများတွင် ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

“မဲစာရင်းကြေညာထားတဲ့အချိန်မှာ သက်ဆိုင်ရာမြို့နယ်တွေမှာနေတဲ့ ပြည်သူတွေအနေနဲ့ သွားကြည့်ရမယ်။  အဲဒီကမှ မှားတာတို့၊ ကျန်တာတို့၊ မပါသင့်တဲ့လူတွေပါနေတာတို့ ဒီ(၁၄)ရက်မှာကြည့်ပြီး သက်ဆိုင်ရာပုံစံတွေနဲ့ ပြန်ပြီးပြင်ဆင်ရမှာပါ။ ပြင်ဆင်ဖို့အတွက်လည်း ပုံစံတွေကို ရပ်ကျေးကော်မရှင်တွေကို ပေးထားပါပြီ။”ဟု  ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ အရာရှိ ဦးတင်ဝင်းကပြောသည်။

မဲစာရင်းများ မှန်ကန်စေရန် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပြီး၊ ပြင်ဆင်ရန်အတွက် ကြေညာ ထားခြင်းဖြစ်ကာ ပြင်ဆင်ဖြည့်စွက်ချက်များပြုလုပ်ပြီးနောက် မတ်လအတွင်း အပြီးသတ်မဲစာရင်းကို ထပ်မံကြေ ညာမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်အတွင်းမှာတော့ မဲစာရင်းတွေကပ်ပြီလားဆိုတာ မသိသေးဘူး။ သွားမကြည့်ရသေးဘူး။ အရင်မဲစာရင်းကြေညာတာတွေလောက် စိတ်ဝင်စားမှုမရှိဘူးဖြစ်နေတယ်။ နေရာကလည်း နည်းတာကို၊ ကျွန် တော်တို့ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာတော့ မဲပေးရမယ့်မဲရုံ (၆)ရုံရှိတယ်လို့တော့ သိရပါတယ်။”ဟု ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်နေ ကိုမျိုးအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၄) နေရာမှာ ကော့မှူးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် များဖြစ်ပြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆) (၁)နေရာအတွက် ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့ နယ်၊ ဆိပ်ကမ်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်များပါဝင်ကြောင်း သိရသည်။

Check Also

ရခိုင့်နောက်ဆုံးဘုရင်ဖမ်းဆီးခံရသည့် နေရာတွင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဖေဖော်ဝါရီ(၉)ရက်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွန်းသာယာအရပ်ရှိ ရခိုင့်နောက်ဆုံးဘုရင်နှင့် မိဘုရား၊ သားတော်၊သမီးတော်များ ဖမ်းဆီးခြင်းခံရသည့်နေရာတွင် ပြည်သူအများလာရောက် ဂါရ၀ပြုနိုင်ရန်နှင့် မျိုးဆက်များအား ဖမ်းဆီးခြင်းခံရ …