Monday , November 27 2017
Home / FNews / အခြေခံပညာကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးလုပ် ဆောင်ရန်စီစဉ်

အခြေခံပညာကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးလုပ် ဆောင်ရန်စီစဉ်

 

ကျော်မျိုးထွဋ် (မြစ်မခ)

မန္တလေး၊ နိုဝင်ဘာ ၂၂ ရက်။

အခြေခံပညာစာသင်ကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပဒေအကြောင်း များကို ကလေးများအတွက် အသိပညာပေးဟောပြောခြင်းများလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးထံမှ သိရှိရသည်။

“စာသင်ကျောင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအားတဲ့ အချိန် ကလေးတွေလည်း စာမေးပွဲတွေမနီး သေးတဲ့အချိန်လောက်မှာ လွှတ်တော်နဲ့ပတ်သက်တဲ့အကြောင်း၊ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်း၊ အတွေ့
အကြုံလေးတွေကိုဖြန့်ဝေပေးပြီးတော့ လွှတ်တော်ခေါ်တဲ့ပုံစံကို လက်တွေ့လေ့လာခိုင်းမလို့ အစီအစဉ်တွေ တော့ ရှိပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

ကလေးများမှာ တစ်ချိန်ချိန်တွင် နိုင်ငံခေါင်းဆောင်တာဝန်ထမ်းဆောင်မည့်သူများ ဖြစ်လာမည့်အပြင် အသိပညာ၊ အတတ်ပညာသာမက ဘက်ပေါင်းစုံတွင် ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲရှိစေရန် ယင်းကဲ့သို့ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေကို ကျောင်းပညာတင်မကဘဲ လွှတ်တော်ရဲ့အကြောင်းတွေပါသိခွင့်ရမယ်။ နောက်ပြီး နိုင်ငံအကြီး အကဲတွေလုပ်ဆောင်နေရတာတွေ၊ ဥပဒေတွေသိလာမှာဆိုတော့ ကလေးတွေအတွက်အရမ်းကောင်းပါတယ်။ ကလေးတွေအနေနဲ့ နောင်တစ်ချိန်မှာ သူတို့တာဝန်ယူရမယ့်ကဏ္ဍလေးတွေအတွက် ကြိုးစားဖို့အသိတရားတွေ ရလာမယ်ထင်ပါတယ်။”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးတင်ဝင်းက ပြောသည်။

လွှတ်တော်အကြောင်းကို အခြေခံပညာစာသင်ကျောင်းများတွင် သီးသန့်ပညာပေးရန် လတ်တလောတွင် မစတင်နိုင်သေးသော်လည်း ကျောင်းတွင် ပြုလုပ်သည့်အခမ်းအနားများ၌ အသိပညာပေးအနေဖြင့် ထည့်သွင်း ပြောကြားပေးနေကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

 

Check Also

အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် “မုန်တိုင်းကို ရင် ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက်။ အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် ပြန်လည်အမှတ်ရစေရန် “မုန်တိုင်းကို ရင်ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်ရန် …