Friday , September 22 2017
Home / သတင်း / ပညာရေးသတင်း / ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းငါးထောင်ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းငါးထောင်ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့

မင်းအောင်မြင် (မြစ်မခ)

ရန်ကုန်၊ ဇွန် ၁၆ ရက်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း(၅၀၉၉)ခုကို အဆင့်တိုးမြှင့် ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

“ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သတ်မှတ်ထားသည့်မူအရ အဆင့်တိုးမြှင့်ပေး နိုင်ခဲ့သည့်ကျောင်း (၄၁၂)ကျောင်းရှိပါတယ်။ သတ်မှတ်မူနှင့် ပြည့်မီမှုမရှိသော်လည်း ဒေသခံပြည်သူများ၏ ဆန္ဒပြင်းပြမှု၊ ခရီးအကွာအဝေး၊ သွားလာရခက်ခဲမှု စသဖြင့် အချက်အလက်များကိုဖြေလျော့ပြီး အဆင့်တိုးမြှင့် နိုင်ရန်ဆောင်ရွက်ပေးခဲ့သော အခြေခံပညာကျောင်းပေါင်း(၄၆၈၇)ကျောင်းရှိပါတယ်။”ဟု ပညာရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ (၁၅)ရက်မြောက်ကို ဇွန် ၁၅ ရက်တွင်ကျင်းပရာ အခြေခံပညာကျောင်းများကိစ္စနှင့်ပတ်သက်၍ ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုးက မေးမြန်းရာတွင် ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ဖြေဆိုခြင်းဖြစ်သည်။

“ယင်းမာပင်မြို့နယ်၊ ရိုးမတိမ်ရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။”ဟု ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်စိုးက လွှတ်တော်အတွင်းမေးမြန်းသည်။

ရိုးမတိမ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် ပင်မအထက်တန်းကျောင်းနှင့် ကုန်းလမ်းခရီး (၃) မိုင်အတွင်းသာရှိသောကြောင့် တိုးမြှင့်ပေးရန် ဦးစားပေးအဆင့်တွင်မပါဝင်သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးအစီအစဉ်ဖြင့် စိစစ်လျာထားဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောသည်။

Check Also

အဆိုတော် ပိုပို စီစဉ်သည့် ကိုယ်တိုင်လုပ်နိုင်ငံတော်ကဗျာစာအုပ် ထုတ်ဝေတော့မည်မဟုတ်

မဟာ (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၁ ရက်။ တေးသံရှင်ပိုပိုစီစဉ်သည့် ကိုယ်တိုင်လုပ်နိုင်ငံတော် ဟူသည့် ကဗျာစာအုပ်မှာ ကန့်ကွက်ချက်များကြောင့် ထုတ် ဝေဖြန့်ချိရန် ရပ်ဆိုင်းလိုက်ကြောင်း ပိုပိုထံမှ …