Saturday , May 27 2017
Home / FNews / ပုသိမ်အဝေးသင်တက္ကသိုလ် ကျောင်းအပ်လက်ခံမည့် ရက်ကို မေလ(၁၂)ရက်အထိ တိုးမြှင့်ထား

ပုသိမ်အဝေးသင်တက္ကသိုလ် ကျောင်းအပ်လက်ခံမည့် ရက်ကို မေလ(၁၂)ရက်အထိ တိုးမြှင့်ထား

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ မေလ (၄)ရက်၊

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်မှ အဝေးသင်ကျောင်းသားများ ကျောင်းအပ်လက်ခံမယ့်ရက်ကို မေလ(၁၂)ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေထံမှ သိရှိရသည်။

အဝေးသင်ကျောင်းသားများ ကျောင်းအပ်လက်ခံမည့်ရက်ကို မူလကဧပြီလ(၂၄)ရက်မှ ဧပြီလ(၂၈)ရက် အထိ သတ်မှတ်ပေးခဲ့သော်လည်း အဝေးသင်မေဂျာအချို့အောင်စာရင်းထုတ်ပြန်နိင်ခြင်းမရှိသေးခြင်း၊ ကျောင်းအပ် လက်ခံမည့် ရက်နည်းပါးလွန်းခြင်းတို့ကြောင့် နယ်ဝေးမှလာရောက်ကျောင်းအပ်နှံရသည့် ကျောင်းသားဦးရေ များပြားပြီး အခက်အခဲများစွာတွေ့ကြုံခဲ့ရသဖြင့် ကျောင်းအပ်လက်ခံမည့်ရက်ကို ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ကျောင်းအပ်လက်ခံရမယ့် ကာလလည်း တိုတောင်းတာကြောင့် ခုလို ကျောင်းတွေမှာ မထင်မှတ်ဘဲ အခက်  အခဲဖြစ်ခဲ့ရတာပါ။ ဒါ့ကြောင့် အထက်ကညွှန်ကြားချက် မရောက်လာသေးပေမယ့် ကိုယ်တိုင်တာဝန်ယူပြီး ကျောင်းသားတွေအဆင်ပြေဖို့ ကျောင်းအပ်လက်ခံမယ့်ရက်ကို မေလ(၁၂)ရက်ထိတိုးမြှင့်သတ်မှတ်ပေးထား တာပါ။”ဟု ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာညွန့်ဖေက ပြောသည်။

ထိုသို့ တိုးမြှင့်ခဲ့သော်လည်း ပညာရေးဌာန၀န်ထမ်းများ အလုပ်ချိန်အပြင် ည(၉)နာရီခွဲမှ ပြန်ရသည်အထိ လုပ် ကိုင်နေရပြီး သတင်းမှားများ ထွက်ပေါ်ခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဧပြီလ(၂၆)ရက်တွင် ဖောင်တင်ထားခဲ့သော်လည်း ပြန်ကျမလာသေးသဖြင့် စောင့်ဆိုင်းနေရသည့် ကျောင်းသား များရှိနေပြီး ငွေကြေးမတတ်နိင်သူများသာ အဝေးသင်လျှောက်ထားကြသည်က များသဖြင့် သက်ဆိုင်ရာ ပညာ ရေးဌာနအနေဖြင့်  အဝေးသင်ကျောင်းသားများ အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း ဝါးခယ်မမြို့မှ ကျောင်းသားမိဘ ဒေါ်အေးချိုက ပြောသည်။      

“မနက်မိုးလင်းထဲက ဖောင်တင်ထားခဲ့ပေမယ့် မနေ့ကတင်ထားတာတွေ စီစစ်နေရလို့ ဌာနကပြောတယ်။ ခုလို  ကျောင်းအပ်ရတာကြာမြင့်တဲ့အပေါ်မှာတော့ အလုပ်တွေရပ်နားထားရတာတွေရှိတော့ စိတ်မကောင်းပါဘူး။ ကျောင်းသားတွေအပေါ်ငဲ့ညာပြီး အဆင်ပြေအောင်ပြုလုပ်ပေးစေချင်ပါတယ်။”ဟု မော်လမြိုင်ကျွန်းမြို့မှ အဝေးသင် ပထမနှစ် ကျောင်းသား မောင်သက်ဖြိုးဝေက ပြောသည်။

ပုသိမ်တက္ကသိုလ်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်က ကိုယ်တိုင်ကျောင်းလာမအပ်ဘဲ ကျောင်းစာရေးမမှ တဆင့် ကျောင်းအပ်၍  နှစ်ဝက်စာမေးပွဲများဖြေဆိုခဲ့သည့် ကျောင်းသား(၂၀၀)ခန့် စာရေးမ ထွက်ပြေးမှုကြောင့် အတန်း  တင်စာမေးပွဲနီးမှ ကျောင်းမအပ်ရသေးသဖြင့် စာမေးပွဲဖြေဆိုခွင့် မရရှိခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …