Friday , December 1 2017
Home / FNews / ရန်ကုန်တိုင်းဒေသကြီး၌ စတုတ္ထတန်းနှင့် အဌမတန်း အောင်ချက်ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်းကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး၌ စတုတ္ထတန်းနှင့် အဌမတန်း အောင်ချက်ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်းကျော်ရှိ

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ ဧပြီ ၂၃ ရက်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဌမတန်းတို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေမှူး(ပညာ) ဒေါ်ဆွေဆွေလဲ့၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အဌမတန်းတွင် စာမေးပွဲဖြေဆိုသူ (၈၉၇၀၄) ဦးအနက် အခြေခံပညာ အဌမတန်းစာမေးပွဲအောင်မြင်သူဦးရေ (၈၉၅၄၂) ဦးရှိသည့်သည့်အတွက် အောင်မြင်သည့်ရာခိုင်နှုန်း ၉၉.၈၂ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

စတုတ္တတန်းတွင် စာမေးပွဲဖြေဆိုသူ (၁၀၅၇၁၄) ဦးအနက် စတုတ္ထတန်းစာမေးပွဲ အောင်မြင်သူဦးရေ (၁၀၅၆၆၃) ဦးရှိခဲ့သည့်အတွက် အောင်မြင်သည့်ရာခိုင်နှုန်း ၉၉.၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

“အခုလိုသားသမီးတွေ စာမေးပွဲအောင်မြင်တဲ့အတွက် ဝမ်းသာတာပေါ့၊ သားသမီးတွေ စာမေးပွဲကျပြီးဆိုရင် မိဘတွေအတွက် ပိုက်ဆံတွေပိုကုန်ရတယ်၊စိတ်လဲဆင်းရဲရတယ်၊ အခုဆိုရင် ရလဒ်တွေကို Grade တွေနဲ့ခွဲပေးလိုက်တော့ ပိုကောင်းပါတယ် ”ဟု ကမာရွတ်မြို့နေ အဌမတန်းကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်မင်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းအသီးသီးမှ ၂၀၁၆-၂၀၁၇ ဒဿမတန်းမှအပ  KG တန်းမှ နဝမတန်းအထိ အောင်စာရင်းများကို ဧပြီလ ၂၃ ရက်နေ့ မနက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရာတွင် ပထမတန်းမှ တတိယတန်း ၊ ပဉ္စမတန်းမှ သတ္တမတန်းနှင့် နဝမတန်းတို့ကို အတန်းကူးပြောင်းပညာသင်ကြားခွင့်ရသူများ စာရင်းအဖြစ်လည်းကောင်း၊ စတုတ္ထတန်းနှင့် အဌမတန်းကို အခြေခံပညာစာမေးပွဲအောင်မြင်မှုစာရင်းအဖြစ်လည်းကောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆-၂၀၁၇ အခြေခံပညာအဆင့် သူငယ်တန်းမှ နမတန်းအတွက် နှစ်ဆုံးစာမေးပွဲများကို ဖေဖေါ်ဝါရီလ ကုန်ပိုင်းတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Check Also

စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ လက်ရှိဝန်ထမ်းများအား အလုပ်မှ ရပ်စဲမည်

မျိုးမြတ် (မြစ်မခ) သိမ်ဇရပ်၊ နိုဝင်ဘာ ၃၀ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့လွှဲပြောင်းကာ ယင်းစက်ရုံကို နိုဝင်ဘာ(၃၀)ရက်တွင် ပိတ်သိမ်းကာ …