Friday , September 22 2017
Home / FNews / လားရှိုးမြို့တွင် ဗုံးဖောက်မည်ဆိုသည့် ဖောက်ခွဲရေးသမား(၂)ဦး ဓါတ်ပုံကို ထုတ်ပြန်ကြေညာ

လားရှိုးမြို့တွင် ဗုံးဖောက်မည်ဆိုသည့် ဖောက်ခွဲရေးသမား(၂)ဦး ဓါတ်ပုံကို ထုတ်ပြန်ကြေညာ

နောင် (မြစ်မခ)

လားရှိုး၊ ဇူလိုင် ၁၁ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လူစည်ကားရာနေရာများတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖောက်ခွဲရေးသမားများ စေလွှတ်ထားသည်ဆိုသည့် သတင်းအရ ဖောက်ခွဲ ရေးသမားနှစ်ဦး၏ ဓာတ်ပုံများနှင့် သတိပေးလက်ကမ်းစာစောင်များကို ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။

ဖောက်ခွဲရေးသမားများ၏သတင်းအချက်အလက်ကို စုံစမ်းမှုများ ပြုလုပ်နေခြင်းဖြစ်ကာ ဝိုင်းဝန်းစုံစမ်းဖော်ထုတ် နိုင်ရန်အတွက် ဖောက်ခွဲရေးသမား(၂)ဦး၏ ဓာတ်ပုံများနှင့် ၎င်းတို့ကိုတွေ့ရှိပါက သက်ဆိုင်ရာ ဒေသဌာနများသို့ အကြောင်းကြားပေးခြင်းဖြင့် ကူညီပေးကြရန် လက်ကမ်းစာစောင်များကို ဇူလိုင် ၁၀ ရက်မှစတင်၍ လိုက်လံကပ် ထားကြောင်း လားရှိုးမြို့မ ရဲတပ်ဖွဲ့မှ သိရသည်။

“သတင်းရထားတဲ့ ဖောက်ခွဲရေးသမားတွေရဲ့ဓာတ်ပုံတွေကို ပြည်သူတွေ တွေ့ပြီး ပူးပေါင်းပါဝင်ကူညီပေးနိုင် အောင်ဆိုတဲ့သဘောနဲ့ ရပ်ကွက်ရုံးတွေ၊ ဂိတ်တွေ၊ ရဲကင်းတွေ၊ လူအများ သွားလာနိုင်တဲ့နေရာတွေမှာ သတိ ပေးလက်ကမ်းစာစောင်တွေ လိုက်ကပ်တာပါ။”ဟု လားရှိုးမြို့မ ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါလက်ကမ်းစာစောင်များတွင် လားရှိုးမြို့အတွင်း ဖောက်ခွဲရေးသမားအမျိုးသား(၆)ဦး၊ အမျိုးသမီး(၄)ဦး နှင့် ဗုံးခွဲကျွမ်းကျင်သူ(၂၀)ဦးခန့်မှာ ကြိုတင်လေ့လာလျှက်ရှိခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရောက်ရှိနေသော ဖောက်ခွဲရေးသမားနှစ်ဦး၏ ဓါတ်ပုံများနှင့်အတူ သက်ဆိုင်ရာမြို့မှ ရဲဌာနတာဝန်ရှိသူများ၏ ဖုန်းနံပါတ်များထည့်သွင်းရေးသားကာ သတိပေးထားကြောင်း သိရသည်။

ထို့အပြင် မိမိပတ်ဝန်းကျင်တွင် မသင်္ကာစရာများတွေ့ရှိပါက ချက်ချင်းအကြောင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေး စေလိုပြီး လက်ကမ်းစာစောင်များကို မန္တလေး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ တိုးလ်ဂိတ် များ၊ ရပ်ကွက်ရုံးများ၊ အဝေးပြေးကားဝန်းများ၊ ဈေးများတွင် ကြေညာချက်စာစောင်များ ကပ်ပေးထားကြောင်း သိရသည်။

 

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …