Saturday , May 27 2017
Home / FNews / မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် လှည့်​ကင်း​ဆောင်​ရွက်​​နေသည့်​ ရဲတပ်​ဖွဲ့ဝင်​များအား ကားဖြင့်​ ​တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် လှည့်​ကင်း​ဆောင်​ရွက်​​နေသည့်​ ရဲတပ်​ဖွဲ့ဝင်​များအား ကားဖြင့်​ ​တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

မင်းခန့်​ (မြစ်​မခ)

မန္တလေး၊ ​မေ (၂၃) ရက်​။

မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ မြို့သစ်​ အမှတ်​(၃)ရပ်​ကွက်​၊ (၆၂)လမ်း၊ ဒေလီယာလမ်းနှင့်​ ဇလပ်​ဝါလမ်း ကြား၌ မေ ၂၃ ရက်​​၊ နံနက်(၁)နာရီက လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်​ဖွဲ့ဝင်​များကို ​အရက်သောက်သုံးသူ မောင်းနှင်လာသည့်​ ကားတစ်​စီးက အရှိန်​မထိန်းနိုင်​ဘဲ ဝင်​​ရောက်​တိုက်​မိမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ် သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အမှတ်​(၁၁)နယ်​​မြေရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​ ​ဇော်​မင်းထိုက်​ဦး​ဆောင်​ပြီး တပ်​ကြပ်​ ​ဇော်​​ဇော်​နိုင်၊ တပ်​ကြပ်​ ​ကျော်​မြင့်​ထွန်း၊ တပ်​ကြပ်​ ​မောင်​​မောင်​​ထွေး၊ ဒုတပ်​ကြပ်​ ရဲလင်း​အောင်​နှင့်​ မိတ်​ဖက်​အဖွဲ့အစည်းများ သည် ညဉ့်​နက်​လှည့်​ကင်းဆောင်​ရွက်​​နေစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့သည့် အခင်းဖြစ်ပွားသည့်နေရာ၌ ​ နံပါတ်​မပါဆိုင်​ကယ်​စီးနင်းလာသည့် အင်္ကျီမဝတ်ထားသော မသင်္ကာ ဖွယ်သုံးဦးအား စစ်​​ဆေး​နေစဉ်​  YGN 9F/8360 ဟွန်​ဒါဖစ်​ အဖြူရောင်​ကားသည်​ ​မြောက်​မှ​တောင်​သို့ ​အရှိန် ပြင်းစွာ​မောင်းနှင်​ပြီး ၎င်းတို့ကို ဝင်ရောက်တိုက်မိခဲ့ရာမှ သုံးဦးသေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ဝင်အချို့မှာ ထိခိုက်ဒဏ် ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ကားဖြင့် ဝင်ရောက်တိုက်မိမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ မူခင်းကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အစစ်ဆေးခံနေ ရသည့် ဆိုင်ကယ်စီးနင်းလာသူ အရပ်သားများ ဒဏ်​ရာများရရှိခဲ့​သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကု သမှုခံယူ​နေရသည်။

ဆေးကုသမှုခံယူနေစဉ် မှုခင်းကြိုတင်​ကာကွယ်​​ရေးအဖွဲ့မှ ကို​ဇော်​လင်း​အောင်​(၃၆)နှစ်​၊ ရဲတပ်​သားသစ်​ဟန်ဝင်း​အောင်​(၁၉)နှစ်​နှင့် အ​စစ်ဆေးခံနေသည့် ဆိုင်ကယ်စီးနင်းလာသူ နိုင်​ထွန်း(၂၄)နှစ်​တို့မှာ ထိခိုက်​ဒဏ်ရာများဖြင့် သေဆုံးခဲ့​ကြောင်း သိရသည်။

“အရက်မူးပြီးမောင်းနှင်တာကြောင့် ယာဉ်တိုက်မှုဖြစ်သွားတာပါ။ အခု​သေဆုံးသွားတဲ့ရဲတပ်​သားက အသစ်​ဆို​တော့ နိုင်​ငံ​တော်​ကထောက်​ပံ့တာမျိုး​တွေ မရနိုင်​ဘူး။ ဒါ​ပေမဲ့​ ကျွန်​​တော်​တို့တပ်​ဖွဲ့အ​နေနဲ့က​တော့ ဝိုင်းဝန်း ဆောင်​ရွက်​လုပ်​ကိုင်​ပြီး ​ထောက်​ပံ့​ပေးမှာပါ။ ဒဏ်​ရာ​တွေရထားတဲ့အရာရှိနဲ့ နယ်​ထိန်းအဖွဲ့က​တော့ အခုဆေးရုံ ကြီးမှာဆို​တော့ သူတို့အတွက်​ တိုင်း၊ ခရိုင်​က​နေ ​ထောက်ပံ့ပေးတာမျိုးရှိလာနိုင်​ပါတယ်​။ အခုဖြစ်​တာက တာဝန်​ထမ်း​ဆောင်​ချိန်​ဆို​တော့ ဌာနအ​နေနဲ့ ကရုဏာ​ကြေး​တွေ ​ထောက်ပံ့​ပေးလာနိုင်​ပါတယ်​။”ဟု အမှတ်​(၁၁)နယ်​​မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်​ ဝင်းဗိုလ်​က​ ပြောသည်။

ယာဉ်​မောင်းဖြစ်သူ ​ဇေယျာထွန်း(၃၈)နှစ်​၊ ​ကျောက်​ဆစ်​လုပ်​သားဆိုသူအား ​အခင်းဖြစ်ပွားသည့်နေရာတွင်​ပင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမှတ်​(၁၁)နယ်​​မြေရဲစခန်းမှ ယာဉ်​ (ပ)၁၀/၂၀၁၇၊ ပုဒ်​မ ၃၃၃ /၃၃၈ /၃၀၄ တို့ဖြင့်​ အမှု ဖွင့်​အ​ရေးယူထားကြောင်း သိရသည်။

Check Also

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဓနိဈေးများ ထက်ဝက်နီးပါးမြင့်တက်

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေ ၂၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးဦးကာလ အိမ်ပြုပြင်သူများလာသဖြင့် မေလတတိယ အပါတ်မှ စတင်၍ ဓနိဈေးများမှာ ယခင်နှစ်ဈေးနှုန်းထက် …