Tuesday , September 26 2017
Home / FNews / ရေပူဂိတ်၌ဖမ်းဆီးရမိသော ကျပ် ၈၈ သိန်းတန်ဖိုးရှိ တရုတ်နိုင်ငံထုတ်စားသောက်ကုန်များ မီးရှို့ဖျက်ဆီး

ရေပူဂိတ်၌ဖမ်းဆီးရမိသော ကျပ် ၈၈ သိန်းတန်ဖိုးရှိ တရုတ်နိုင်ငံထုတ်စားသောက်ကုန်များ မီးရှို့ဖျက်ဆီး

 

နောင် (မြစ်မခ)

လားရှိုး၊ မေ ၁၉ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းပြီး  ဖမ်းဆီးရမိထား သော စားသုံးရန်မသင့်သည့်အစားအစာ ကာလတန်ဖိုးကျပ်(၈၈)သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံဘက်မှ ယာဉ်ကြီးယာဉ်ငယ်များဖြင့်သယ်ဆောင်လာသော စားသုံးရန်မသင့်သည့်အစားအစာများ အား မေ ၁၆ ရက်တွင်ဖမ်းဆီးရမိခဲ့ပြီး မေ ၁၈ ရက်တွင် အဆိုပါရေပူစခန်းအနီး၌ပင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အရင်ရက်တွေက ဖမ်းမိထားတဲ့အေးခဲသားတွေ၊ စားသုံးရန်မသင့်တဲ့ အစပ်ချောင်းတွေများပါတယ်။ မီးရှို့ဖျက် ဆီးလိုက်တာပါ။ အမှန်ကတော့ လားရှိုးအကောက်ခွန်ရုံးကိုပို့ရမှာပါ။ အခုကျတော့ ပစ္စည်းတွေကပုပ်သိုးနေလို့ ဒီမှာပဲဖျက်ဆီးလိုက်တာပါ။”ဟု ရေပူစစ်ဆေးရေးစခန်းတာဝန်ခံ ဦးတက်ထွန်းအောင်ကပြောသည်။

ရေပူစခန်းတွင် ဖမ်းဆီးမှုများ နေ့စဉ်ရှိနေကာ ဖမ်းဆီးရမိသောပစ္စည်းများအား သက်ဆိုင်ရာဌာနများထံ ပို့ဆောင်၍ အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အမှန်ပြောရရင်တော့ တရုတ်ဝင်ပေါက်ကိုပိတ်ရမှာလို့မြင်တယ်။ ဒီအထိရောက်ပြီးမှတော့ ဒီစခန်းနဲ့ သယ်လာ တဲ့နေရာကြားမှာရှိတဲ့ ပြည်သူလူထုတွေက စားမိမှာပေါ့။”ဟု လားရှိုးမြို့ဒေသခံ ဦးစိုင်းကြူကပြောသည်။

မီးရှို့ဖျက်ဆီးလိုက်သောအစားအစာများမှာ ပင်လယ်စာ(၄၂၅)ဖာ၊ ကြက်အူချောင်း(၅၀)ဖာ၊ တရုတ်မုန့် အစပ် ချောင်း(၁၅)ဖာဖြစ်ကြောင်း သိရသည်။

ရေပူစစ်ဆေးရေးစခန်း စတင်ဖွင့်လှစ်သည်အချိန်မှစတင်ကာ ဧပြီလကုန်ထိ အမှုပေါင်း(၂၂၉)မှုဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၄)သောင်းကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Check Also

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုး (၃၈၀၀)ကျော်ရှိ

အောင်မျိုးခိုင် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၆ ရက်။ ပုဂံဒေသအတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှင့် စေတီ၊ ပုထိုးစုစုပေါင်း(၃၈၂၂)ခုရှိကြောင်း မြန်မာနိုင်ငံဗိသုကာအသင်းက စက်တင်ဘာ ၅ ရက်တွင်ထုတ်ပြန်ချက်အရ …