Wednesday , January 11 2017
Home / FNews / လားရှိုးမြို့ရှောင်လမ်း တိုးလ်ဂိတ်အနီးတွင် ဆိုင်ကယ်တစ်စီး၏ ဒူးကာနှစ်ဘက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး (၁၄၀၀၀)ပြား သိမ်းဆည်းရမိ
photo for news no 7

လားရှိုးမြို့ရှောင်လမ်း တိုးလ်ဂိတ်အနီးတွင် ဆိုင်ကယ်တစ်စီး၏ ဒူးကာနှစ်ဘက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး (၁၄၀၀၀)ပြား သိမ်းဆည်းရမိ

နောင်(မြစ်မခ)

လားရှိုး၊ ဇန်နဝါရီ (၁၁) ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှောင်လမ်းတိုးလ်ဂိတ်အနီး ကွတ်ခိုင်မှ လားရှိုးမြို့သို့မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီး၏ဒူးကာနှစ်ဘက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၄၀၀၀)ကို ဇန်နဝါရီ ၁၀ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု(လားရှိုး)မှ သိရှိရသည်။

အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့တို့သည် လားရှိုးမြို့ရှောင်လမ်း အိုရီရမ်တယ် ဟိုင်း  ဝေးတိုးလ်ဂိတ်အနီးတွင် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးနေစဉ် ကွတ်ခိုင်မှ လားရှိုးမြို့သို့ ရွှေတား ဆိုသူ မောင်းနှင်လာသော 125-Kenbo ဆိုင်ကယ်အားစစ်ဆေးရှာဖွေရာမှ ဆိုင်ကယ်၏ ဘယ်၊ ညာနှစ်ဘက်အတွင်း သယ်ဆောင်လာသော တန်ဖိုးငွေကျပ်သိန်း(၂၈၀)တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး(၁၄၀၀၀)ပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကွတ်ခိုင်ကနေသယ်ပြီးတော့ မဘိမ်းမြို့ကသစ်ကွင်းမှာသွားရောင်းဖို့ သယ်လာတာလို့သိရပါတယ်။ သစ်ကွင်း မှာ ဈေးဆိုင်ဖွင့်ရင်းကနေ အဆက်သွယ်ရပြီးတော့ လုပ်ဖြစ်တာလို့သိရတယ်။”ဟု အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ စိတ်ကြွဆေးပြားများအား လက်ဝယ်တွေ့ရှိ သယ်ဆောင်လာသူ မန်တုံမြို့နယ်၊ ကောင်းဆုံကျေးရွာနေ မောင်ရွှေတား(၁၈)နှစ်ကို လားရှိုးမြို့မရဲစခန်းမှ မယ(ပ)၂၃/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အ ရေးယူထားပြီး စိတ်ကြွဆေးပြားများအားဝယ်ယူပေးသူအား အမြန်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံနှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

 

 

Check Also

15895341_385284651823625_1967794550027717118_n

မန္တလေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲပြုလုပ်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဇန်နဝါရီ (၁၀) ရက်။ မန္တလေးမြို့အတွင်း လူစည်ကားသည့်နေရာများနှင့် အထင်ကရနေရာများတွင် ဇန်နဝါရီ(၁၀) ရက်၊ နံနက်ပိုင်းက သွေးချင်းသစ္စာလူမှုကွန်ရက်နှင့် အွန်လိုင်းမှ ငြိမ်းချမ်းရေးကိစ္စရပ်များလုပ်နေသည့် …